ရန်ကုန်မြို့ သာကေတမြို့နယ် စစ်ကောင်စီလက် အောက်ခံ အမှတ် (၁)နှင့် အမှတ်(၂)ရဲစခန်းများကို ယနေ့ည(ဇူလိုင် ၂၇)ပိုင်း ဗုံးပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
သာကေတမြို့နယ်ရဲစခန်းနှစ်ခုအား ဗုံးဖောက်ခွဲတိုက်ခိုက်ခြင်းကို ဒေါင်းစစ်သည် အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မှုအား ‘ဇေယျာသော်စစ်ဆင်ရေး’ဟု အမည်ပေးထားသည်။
အဆိုပါပေါက်ကွဲမှုများတွင် ယနေ့ည ၈ နာရီ ၅၀ ကျော်က သာကေတ မြင်တော်သာလမ်းမကြီးပေါ်ရှိအမှတ် (၁)ရဲစခန်းအနီးပေါက်ကွဲပြီး၊ ည ၉ နာရီကျော်ခန့်တွင် သာကေတ (၁၀)ရပ်ကွက်စျေးအနီး အမှတ် (၂)ရဲစခန်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
အမှတ် (၁)ရဲစခန်းအနီး ပေါက်ကွဲမှုတွင်စစ်ကောင်စီတပ်သားအချင်းချင်းအော်ဟစ်ဆဲဆိုမှုများရှိခဲ့ပြီးအပြန်အလှန်ပစ်ခံသံများလည်းကြားရကြောင်း ရပ်ကွက်နေပြည်သူအချို့ကပြောသည်။

Public Service Announcement
အလားတူ အမှတ် (၂)ရဲစခန်းအနီးပေါက်ကွဲမှုအပြီးတွင် စစ်ကောက်စီတပ်မှ စခန်းအနီးဝန်းကျင်၌ ဒရုန်းနှစ်စင်းဖြင့် ကင်းထောက်လျှက်ရှိကြောင်း ဒေသခံများက ပြောသည်။
ယခုကဲ့သို့ တိုက်ခိုက်ခြင်းမှာ မတရားကြိုးပေးခံရသော သူရဲကောင်းလေးဦးအတွက် သွေးကြွေးပြန်တောင်းခြင်းဖြစ်ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ပြန်လည်ပစ်ခတ်မှုများရှိခဲ့သော်လှန် ဒေါင်းစစ်သည်တပ်ဖွဲ့ဝင်များ ဘေးကင်းခဲ့ကြောင်းအသိပေးထုတ်ပြန်ထားသည်။
ဗုံးခွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီလက်အောက်ခံရဲများထိ့ခိုက်သေဆုံးမှုရှိသည်ဟုကြားသိရသော်လည်း တိကျစွာအတည်မပြုနိုင်ဟုအသိပေးထားသည်။
ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့်သက်ဆိုင်သောနေရာများအနီးသွားလာခြင်းကိုရှောင်းရှားရန် ၊စစ်ကောင်စီတပ်နှင့်သက်ဆိုင်သောနေရာများအားဖောက်ခွဲတိုက်ခိုက်သောသတင်းများကို သက်ဆိုင်ရာကထုတ်ပြန်မှတင်ကြရန်ဒေါင်းစစ်သည်အဖွဲ့မှ တာဝန်ရှိသူကပြောသည်။
ဒေါင်းစစ်သည်တပ်ဖွဲ့ဝင်များအားလုံးဘေးကင်းပြီး ဘေးကင်းမှသတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်းလည်း၎င်းကဆက်ပြောသည်။
ယနေ့ညပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ သာကေတမြို့နယ်အတွင်း ဧည့်စာရင်းစစ်မည်ဟု သတင်းများထွက်ပေါ်နေပြီး (၁)အနော်မာ၊ (၂)တောင်၊ (၂) မြောက် စသည့်ရပ်ကွက်များတွင် ကင်းပုန်းများချထားကြောင်း ဒေသခံများထံမှ သိရသည်။


















































