Connect with us

Hi, what are you looking for?

သတင်း

စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ကြီးနေရာတွေကို စစ်ကောင်စီအပြောင်းအလဲလုပ်

စီးကူးဝန်ကြီး ဒေါက်တာပွင့်ဆန်းကိုတော့ အလုပ်သမားဝန်ကြီးနေရာ ပြောင်းလိုက်ပြီး အလုပ်သမားဝန်ကြီး ဦးမြင့်ကြိုင်ကို လဝက ဝန်ကြီးနေရာ စစ်ကောင်စီက ပို့လိုက်ပါတယ်။

စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ကြီးနေရာတွေကို စစ်ကောင်စီအပြောင်းအလဲလုပ်
စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ကြီးနေရာတွေကို စစ်ကောင်စီအပြောင်းအလဲလုပ်

လဝက ဝန်ကြီး တာဝန်ယူသူ ပြည်ခိုင်ဖြိုး ဒုဥက္ကဋ္ဌ ဦးခင်ရီ ဝန်ကြီးအဖြစ် ပြန်ပါမလာ

အာဏာသိမ်းမှုကြောင့် တိုင်းပြည်ရဲ့စီးပွားရေး ကျဆင်းလာချိန်မှာ စစ်ကောင်စီဟာ ဝန်ကြီးနေရာအပြောင်းလဲတွေ လုပ်လာပါတယ်။

စစ်ကောင်စီရဲ့ စာရင်းစစ်ချုပ် ဒေါက်တာကံဇော် ကို ရင်းနှီးမြှုပ်နှံမှု နဲ့နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးအဖြစ် ပြောင်းခန့်လိုက်တာတွေ့ရပါတယ်။

အရင်က ရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးကို စီးကူးဝန်ကြီးအဖြစ်က စစ်ကောင်စီ နေရာရွှေ့လိုက်ပါတယ်။

စီးကူးဝန်ကြီး ဒေါက်တာပွင့်ဆန်းကိုတော့ အလုပ်သမားဝန်ကြီးနေရာ ပြောင်းလိုက်ပြီး အလုပ်သမားဝန်ကြီး ဦးမြင့်ကြိုင်ကို လဝက ဝန်ကြီးနေရာ စစ်ကောင်စီက ပို့လိုက်ပါတယ်။

Public Service Announcement

Public Service Announcement

အရင်က လဝက ဝန်ကြီးနေရာကို စစ်ကောင်စီဟာ ကြံခိုင်ရေးဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်သူ ဦးခင်ရီကို ခန့်ခဲ့တာပါ။

အခု စစ်ကောင်စီရဲ့ အသစ်ပြန်ဖွဲ့စည်းတဲ့ ဝန်ကြီးစာရင်းမှာ ဦးခင်ရီပြန်မပါလာတော့တာတွေ့ရပါတယ်။

ကြံခိုင်ရေးပါတီလှုပ်ရှားမှုတွေကိုအသားပေးဖော်ပြတဲ့ ဖေ့ဘွတ်ခ်ပေ့ချ်မှာတော့ ဦးခင်ရီဟာ ဝန်ကြီးတာဝန်ကနေအနားယူလိုက်ပြီး ပါတီတာဝန်တွေယူတော့မယ်လို့ ရေးသားနေကြပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

မြန်မာ့နိုင်ငံရေးနှင့် လူမှုစီးပွားဘဝတို့မှာ စစ်ဘက်စီးပွားရေးစနစ်ကြီးအောက်တွင် အောက်ခြေမှစ၍ ပြိုလဲပျက်စီးနေရပြီဖြစ်ပါသည်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

အတွေးအမြင်

အသက် ၆၀ ဝန်းကျင်ရှိသူတွေ “ဘဲဥတခြမ်း” ဆိုတဲ့စကား ကြားလိုက်ရင် အတိတ်ကာလတစ်ခုကို ချက်ချင်းပြန်မြင်မိကြလိမ့်မှာပါ။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook