Connect with us

Hi, what are you looking for?

သတင်း

ထောင်တွင်းဆန္ဒပြလို့ ရိုက်နှက်ပြီးတိုက်ပိတ်ခံထားရတဲ့ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ကို ဝှီးချဲနဲ့ရုံးထုတ်ပြီး ထောင်ချ

ထောင်တွင်းဆန္ဒပြပွဲမှာ ထောင်အာဏာပိုင်တွေရဲ့ ခွေယိုင်လဲကျတဲ့အထိရိုက်နှက်ခံခဲ့ရပြီး မနေ့က အမိန့်ချတဲ့ ရုံးချိန်မှာ ဝှီးချဲနဲ့ ရုံးထုတ်ခဲ့ရတယ်လို့သိရပါတယ်။

မန္တလေးမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြစစ်ကြောင်း ဖြိုခွဲခံရချိန် ဖမ်းဆီးခံလိုက်ရတဲ့ မန္တလေး ပညာရေး ဒီဂရီ ကောလိပ်ကျောင်းသားများသမဂ္ဂ( ဗကသများအဖွဲ့ချုပ်) က ကိုအောင်နိုင်သူ ကို စစ်ကောင်စီက စက်တင်ဘာလ ၁ ရက်မှာ ထောင် ၃ နှစ်ချလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် မေလအတွင်းက ဖမ်းခံရတာဖြစ်ပြီး မနေ့က အိုးဘိုထောင်တွင်း တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)နဲ့အမိန့်ချခဲ့တာပါ။

ကိုအောင်နိုင်သူဟာ ဖမ်းခံရပြီးနောက် အိုးဘိုထောင်တွင်း ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်လို့ဆိုကာ ပြီးခဲ့တဲ့ သြဂုတ်လကစတင်ပြီး ဒီနေ့ထိတိုင် တိုက်ပိတ်ခံထားရတယ်လို့ ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။

ထောင်တွင်းဆန္ဒပြပွဲမှာ ထောင်အာဏာပိုင်တွေရဲ့ ခွေယိုင်လဲကျတဲ့အထိရိုက်နှက်ခံခဲ့ရပြီး မနေ့က အမိန့်ချတဲ့ ရုံးချိန်မှာ ဝှီးချဲနဲ့ ရုံးထုတ်ခဲ့ရတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အစိုးရ အိမ်တော်နားမှာ စုဝေးခဲ့တဲ့ ဆန္ဒပြသူ ၁၀၀ လောက်က နေရာကနေ ဖယ်ရှားပေးဖို့ ဆက်လက် ငြင်းဆိုနေဆဲ ဖြစ်ပါတယ်။

သတင်း

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ထိုင်းနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး ထိုင်းတက္ကသိုလ် ၃ ခုရဲ့ကျောင်းသား သမဂ္ဂတွေ နဲ့ ကျောင်းသား အဖွဲ့အစည်းတွေက ပူးတွဲထုတ်ပြန်ချက်တစ်စောင်နဲ့ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

သတင်း

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုရဲ့ သမီးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ လူငယ်တာဝန်ခံ မမိုး ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၂(က)နဲ့ ထပ်မံတရားစွဲဆိုပြီး ထောင်ဒဏ်ငါးနှစ်ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောကြပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခတွေကို နိုင်ငံရေးနည်းနဲ့သာဖြေရှင်းဖို့ စစ်ရေးနည်းနဲ့ မဖြေရှင်းဖို့ ကျောင်းသားသမဂ္ဂ အင်အားစုတွေက ဒီကနေ့ ဇွန် ၂၇ရက်မှာ ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။