Connect with us

Hi, what are you looking for?

သတင်း

ဖမ်းဆီးခံနိုင်ငံရေးအကျဥ်းသားများ၏ အိုးဘိုထောင်တွင်းတိုက်ပွဲကို စစ်အုပ်စုက ပုံစံမျိုးစုံဖြင့် ဖိနှိပ်နေ

ထို့ကြောင့် နိုင်ငံရေးအကျဥ်းသားများအပေါ်စွဲဆိုထားသော ထပ်တိုးအမှုများအတွက် တရားရုံးထုတ်ရာတွင် ကိုအောင်နိုင်သူမှာ ဝှီးချဲဖြင့်ပင် ရုံးထုတ်ခံခဲ့ရသည်ဟုဆို သည်။

People's Spring
People's Spring

▪️အကျဥ်းသားများအား ခြေကျင်းခတ်ခြင်း၊ တိုက်ပိုက်ခြင်းများဖြင့် ဖိနှိပ်ထား

ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှုမရှိသော တရားစီရင်ရေးစနစ်ကို ဆန့်ကျင်သောအားဖြင့် မန္တလေးအိုးဘိုထောင်အတွင်း အစာငတ်ခံဆန္ဒဖော်ထုတ်လျှက်ရှိသော နိုင်ငံရေးအကျဥ်းသားများကို စစ်အုပ်စုက ပုံစံမျိုးစုံဖြင့် ထောင်တွင်းဖိနှိပ်မှုများရှိနေကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့က ထုတ်ပြန်သည်။

စစ်အုပ်စု၏ တရားစီရင်ရေးစနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်နေသော အိုးဘိုထောင်အတွင်းမှ နိုင်ငံရေးအကျဥ်းသားများ၏ ထောင်တွင်းတိုက်ပွဲနှင့်စပ်လျဥ်းသည့် စက်တင်ဘာ ၉ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာတွင် အထက်ပါအတိုင်း ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။

“ယခုအခါ တိုက်ပွဲဝင်ရဲဘော်များသည် ထောင်တွင်း၌ ဖိနှိပ်မှုမျိုးစုံကို ကြံ့ကြံ့ခံရင်ဆိုင်နေရသည်။ အရိုက်အနှက်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာများရခြင်း၊ ခြေကျင်းခတ်ကာ တိုက်ပိတ်ခံရခြင်း၊ ထောင်ဝင်စာအပိတ်ခံရခြင်းနှင့် ထပ်တိုးအမှုများ ချမှတ်ခြင်းများရှိခဲ့သည်။ ထို့အပြင် နိုင်ငံရေးအကျဥ်းသားများ၏ တရားသဖြင့်ဆင်နွှဲသော ထောင်တွင်း တိုက်ပွဲများကို ထောင်အာဏာပိုင်များက အကျဥ်းသားအချင်းချင်းရန်ဖြစ်လေဟန် ပုံဖျက် ခြင်းများလည်းရှိခဲ့သည်။ ရန်သူက ထောင်တွင်းတိုက်ပွဲများကို ဖိနှိပ်ရာတွင် အကြမ်းနည်းရော အနုနည်းပါ သုံးလေ့ရှိသည်”ဟု အစီရင်ခံစာက ဆိုသည်။

လက်ရှိထောင်တွင်းတိုက်ပွဲသည် နှစ်ဘက်စလုံးအတွက် အလျော်အစားကြီးပြီး ထောင်အာဏာပိုင်နှင့် နိုင်ငံရေးအကျဥ်းသားများကြားတိုက်ပွဲမဟုတ်တော့ဘဲ စစ်အုပ်စုနှင့် နိုင်ငံရေးအကျဥ်းသားများကြားတိုက်ပွဲဖြစ်သောကြောင့် ထောင်တွင်းတိုက်ပွဲအောင်မြင်စေရန် ပြင်ပနိုင်ငံရေးလှုပ် ရှားမှုများ ကျယ်ပြန့်ပြင်ထန်ဖို့လိုကြောင်း ဗကသ များအဖွဲ့ချုပ်က ထောက်ပြသည်။

Public Service Announcement

Public Service Announcement

အစာငတ်ခံတိုက်ပွဲဝင်နေသော နိုင်ငံရေးအကျဥ်းသားများကို ထောင်အာဏာပိုင်တို့က အခြားအကျဥ်းသားများနှင့် ရန်တိုက်ပေးလျှက်ရှိရာ သြဂုတ် ၉ရက်က နိုင်ငံရေးအကျဥ်းသားတစ်ဦး၏ထောင်ဝင်စာကို အခြားရာဇဝတ်အကျဥ်းသားတစ်ဦးက လွဲမှားရယူသည်ကို နိုင်ငံရေးအကျဥ်းသားများက ထိုင်သပိတ်ပြုလုပ် ဆန္ဒပြခဲ့ရာ အာဏာပိုင်များက လူရိုက်ပွဲဖန်တီးခဲ့သည်ဟု ဆိုသည်။

ထောင်အာဏာပိုင်များနှင့် ရာဇဝတ်အကျဥ်းသားများ ပူးပေါင်းရိုက်နှက်မှုကြောင့် ဗကသ ရဲဘော်များဖြစ်သည့် ကိုနိုင်ထက်အောင်၊ ကိုအောင်နိုင်သူတို့အပါအဝင် နိုင်ငံရေးအကျဥ်းသား (၁၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရခဲ့သည့်အပြင် နှစ်ယောက်တစ်တွဲခြေကျင်းခတ်ကာ ယနေ့အချိန်ထိ တိုက်ပိတ်ခံထားရကြောင်း ဗကသများအဖွဲ့ချုပ်၏ အစီရင်ခံစာတွင် ဖော်ပြသည်။

ထို့ကြောင့် နိုင်ငံရေးအကျဥ်းသားများအပေါ်စွဲဆိုထားသော ထပ်တိုးအမှုများအတွက် တရားရုံးထုတ်ရာတွင် ကိုအောင်နိုင်သူမှာ ဝှီးချဲဖြင့်ပင် ရုံးထုတ်ခံခဲ့ရသည်ဟုဆို သည်။

ယခုအစီရင်ခံစာတွင် အိုးဘိုထောင်တွင်းတိုက်ပွဲကိုသာ ရည်ညွှန်းဖော်ပြခဲ့သော်လည်း နိုင်ငံတစ်ဝှမ်းရှိ အကျဥ်းထောင်များတွင် အလားတူဖြစ်ရပ်များရှိနေခြင်းကြောင့် ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှုမရှိသော တရားစီရင်ရေးစနစ်ကို နှလုံးရည်သက်သက်ဖြင့် ကြံ့ကြံ့ခံသပိတ်မှောက် နေကြသော နိုင်ငံရေးအကျဥ်းသားများအား ထောက်ခံဝန်းရံပေးကြရန် တိုက်တွန်းထားသည်။

လက်ရှိအိုးဘိုထောင်တွင်းတိုက်ပွဲမှာ စစ်အုပ်စု ၏မတရားကွပ်မျက်ခြင်းကိုခံခဲ့ကြရသော ကိုဂျင်မီ၊ ကိုဖြိုးဇောယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့လေးဦးအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဇူလိုင် ၂၉ရက်တွင် အသံတိသပိတ်ပြုလုပ်ခဲ့ရာမှာ တဆင့်မြှင့်ကာ သြဂုတ် ၁ ရက်တွင် အစာငတ်ခံတိုက်ပွဲအဖြစ် စတင်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

Facebook