Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဝက်လက်နယ်ရှိ ဧရာဝတီမြစ်အတွင်း စစ်အုပ်စု၏စက်လှေသုံးစီးအား ရေမြုပ်မိုင်းဖြင့် မိုင်းခွဲတိုက်ခိုက်

ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ ဧရာဝတီမြစ်ကမ်းဘေး၌ စစ်ကောင်စီတပ်နှင့်ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။

(ရေထဲမျောလာသည့်လှေပေါ်တွေ့ရသော ကျည်နှင့်အသုံးအဆောင်အချို့၊ဓာတ်ပုံ-တောကြီးမြွေပွေး)
(ရေထဲမျောလာသည့်လှေပေါ်တွေ့ရသော ကျည်နှင့်အသုံးအဆောင်အချို့၊ဓာတ်ပုံ-တောကြီးမြွေပွေး)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း ဧရာဝတီမြစ်အတွင်း၌ ရဲနှင့်စစ်သားများလိုက်ပါလာသော စက်လှေသုံးစီးအား ရေမြုပ်မိုင်းဖြင့် မိုင်းခွဲတိုက်ခိုက်ရာ တစ်ပွင့်ဗိုလ်တစ်ဦးအပါအဝင် ငါးဦးသေဆုံးကြောင်း တောကြီးမြွေပွေးအဖွဲ့က ပြောသည်။

ယနေ့ (စက်တင်ဘာ ၂၆ ရက်) နံနက်၆နာရီခန့်က ဝက်လက်မြို့နယ်၊ ရှိမ်းမကားရဲစခန်းမှ ဧရာဝတီမြစ်အတွင်း သွားလာနေသော ပြည်သူများအား ခြိမ်းခြောက်ငွေညှစ်ပြီး ပြန်လာသည့် စစ်ကောင်စီတပ်နှင့်ရဲများအား တောကြီးမြွေပွေးတပ်ဖွဲ့နှင့် ရွှေဘိုခရိုင်တပ်ရင်း(၁၇) (ဒေါင်းစစ်သည်) တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တောကြီးမြွေပွေးအဖွဲ့က ပြောသည်။

ထိုသို့တိုက်ခိုက်ရာတွင် အေးဝင်းထွန်း (တစ်ပွင့်ဗိုလ်)၊ ကျော်ဝင်းထွန်း၊ စည်သူမောင်အပါအဝင် ရဲနှင့် စစ်သား စုစုပေါင်း ငါးဦးသေဆုံးပြီး ခြေပြတ်လက်ပြတ်နှင့် အပြင်းထန်ဒဏ်ရာရသူများရှိကြောင်း တောကြီးမြွေပွေးအဖွဲ့က အသိပေးသည်။

Public Service Announcement
Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ တောကြီးမြွေပွေးအဖွဲ့ခေါင်းဆောင်ဗိုလ်တီက “စက်လှေတွေနဲ့ရေကြောင်းထဲသွားလာနေတဲ့ ပြည်သူတွေကိုငွေကြေးအတင်းတောင်းလို့ပါ။ တစ်စီးမြုပ်သွားတယ်ဗျ။ တစ်စီးရေထဲမျောလာတယ်။ လှေပေါ်မှာ အရိုးတွေ အသားစတွေနဲ့ဗျ။ ကျည်တွေလည်းပါတယ်။လက်နက်တွေတော့မရလိုက်ဘူးပျက်စီးကုန်တယ်ထင်တယ်ဗျ။”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုအခြေအနေကို ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ ဧရာဝတီမြစ်ကမ်းဘေး၌ စစ်ကောင်စီတပ်နှင့်ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

စဥ့်ကူးမြို့နယ်နှင့် ဝက်လက်မြို့နယ်သည် ဧရာဝတီမြစ်တစ်ဖက်ကမ်းစီ၌ တည်ရှိပြီး စစ်ရေးအရ နယ်မြေထိဆက်မှုရှိနေသည်။

သတင်း

ဗုံးပစ်တိုက်ခိုက်ခံရပြီးနောက် အခင်းဖြစ်ရာသို့ တံတားဦးဘက်မှ စစ်ကားတစ်စီးရောက်လာကြောင်း၊ ယမန်နေ့က ကျောက်ဆည်တစ်မြို့လုံး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်း

True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့သည် မြင်းမူမြို့ပေါ်၌ စစ်ကောင်စီတပ်အား အလစ်ဝင်ရောက် ပစ်ခတ်တိုက်မှု အကြိမ်ရေ ၅၀ကျော် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ရွှေပန်းကုံးရွာရဲစခန်းကို ပြီးခဲသည့် ၂၀၂၁ စက်တင်ဘာနှင့် ၂၀၂၂ အောက်တိုဘာအတွင်းကလည်း PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ထိခိုက်သေဆုံးမှုရှိခဲ့သည်။