Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်နယ်ရှိ ဧရာဝတီမြစ်အတွင်း စစ်အုပ်စု၏စက်လှေသုံးစီးအား ရေမြုပ်မိုင်းဖြင့် မိုင်းခွဲတိုက်ခိုက်

ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ ဧရာဝတီမြစ်ကမ်းဘေး၌ စစ်ကောင်စီတပ်နှင့်ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။

(ရေထဲမျောလာသည့်လှေပေါ်တွေ့ရသော ကျည်နှင့်အသုံးအဆောင်အချို့၊ဓာတ်ပုံ-တောကြီးမြွေပွေး)
(ရေထဲမျောလာသည့်လှေပေါ်တွေ့ရသော ကျည်နှင့်အသုံးအဆောင်အချို့၊ဓာတ်ပုံ-တောကြီးမြွေပွေး)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း ဧရာဝတီမြစ်အတွင်း၌ ရဲနှင့်စစ်သားများလိုက်ပါလာသော စက်လှေသုံးစီးအား ရေမြုပ်မိုင်းဖြင့် မိုင်းခွဲတိုက်ခိုက်ရာ တစ်ပွင့်ဗိုလ်တစ်ဦးအပါအဝင် ငါးဦးသေဆုံးကြောင်း တောကြီးမြွေပွေးအဖွဲ့က ပြောသည်။

ယနေ့ (စက်တင်ဘာ ၂၆ ရက်) နံနက်၆နာရီခန့်က ဝက်လက်မြို့နယ်၊ ရှိမ်းမကားရဲစခန်းမှ ဧရာဝတီမြစ်အတွင်း သွားလာနေသော ပြည်သူများအား ခြိမ်းခြောက်ငွေညှစ်ပြီး ပြန်လာသည့် စစ်ကောင်စီတပ်နှင့်ရဲများအား တောကြီးမြွေပွေးတပ်ဖွဲ့နှင့် ရွှေဘိုခရိုင်တပ်ရင်း(၁၇) (ဒေါင်းစစ်သည်) တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တောကြီးမြွေပွေးအဖွဲ့က ပြောသည်။

ထိုသို့တိုက်ခိုက်ရာတွင် အေးဝင်းထွန်း (တစ်ပွင့်ဗိုလ်)၊ ကျော်ဝင်းထွန်း၊ စည်သူမောင်အပါအဝင် ရဲနှင့် စစ်သား စုစုပေါင်း ငါးဦးသေဆုံးပြီး ခြေပြတ်လက်ပြတ်နှင့် အပြင်းထန်ဒဏ်ရာရသူများရှိကြောင်း တောကြီးမြွေပွေးအဖွဲ့က အသိပေးသည်။

Public Service Announcement
Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ တောကြီးမြွေပွေးအဖွဲ့ခေါင်းဆောင်ဗိုလ်တီက “စက်လှေတွေနဲ့ရေကြောင်းထဲသွားလာနေတဲ့ ပြည်သူတွေကိုငွေကြေးအတင်းတောင်းလို့ပါ။ တစ်စီးမြုပ်သွားတယ်ဗျ။ တစ်စီးရေထဲမျောလာတယ်။ လှေပေါ်မှာ အရိုးတွေ အသားစတွေနဲ့ဗျ။ ကျည်တွေလည်းပါတယ်။လက်နက်တွေတော့မရလိုက်ဘူးပျက်စီးကုန်တယ်ထင်တယ်ဗျ။”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုအခြေအနေကို ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ ဧရာဝတီမြစ်ကမ်းဘေး၌ စစ်ကောင်စီတပ်နှင့်ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။