Connect with us

Hi, what are you looking for?

သတင်း

အစည်းအဝေးကပြန်လာသည့် စစ်အုပ်စုကို ပြည်ခရိုင် PDF ပစ်ခတ်တိုက်ခိုက်၊ ရဲတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရဟုဆို

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်အုပ်စုဘက်မှ ရဲတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရပြီး စစ်ကောင်စီတပ်နှင့်အတူပါလာသော ပျူစောထီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရသွားကြောင်း ထုတ်ပြန်သည်။

(ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၂)၊ တပ်ခွဲ (၁)မှ တော်လှန်ရေးရဲဘော်များအား တွေ့ရစဥ်)
(ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၂)၊ တပ်ခွဲ (၁)မှ တော်လှန်ရေးရဲဘော်များအား တွေ့ရစဥ်)

ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်တွင် အစည်းအဝေးတက်ပြီးပြန်လာသည့် စစ်အုပ်စုကို လမ်းတစ်နေရာမှပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၃၆၀၂)၊ တပ်ခွဲ (၁)က ပြောသည်။

ယနေ့(အောက်တိုဘာ ၅ ရက်) နေ့လယ် ၁ နာရီ ၄၅မိနစ်ခန့်က စစ်ကောင်စီအစည်းအဝေးတက်ပြီး စစ်ကောင်စီတပ်ကလုံခြုံရေးပေး ပြန်လာသည့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ကို ကုန်းအင်းရွာနှင့် မင်းလမ်းရွာကြားတွင် ပြည်ခရိုင် PDF တပ်ရင်းက လမ်းတစ်နေရာမှ ၂ နာရီကျော်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်အုပ်စုဘက်မှ ရဲတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရပြီး စစ်ကောင်စီတပ်နှင့်အတူပါလာသော ပျူစောထီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရသွားကြောင်း ထုတ်ပြန်သည်။

“တိုက်ခိုက်ချိန်၂ နာရီခွဲနဲ့ ၃ နာရီနီးပါးလောက်ရှိတယ်ဗျ။ ကျွန်တော်တို့ဘက်က လက်ဦးမူယူပြီး တိုက်တာပါ”ဟု ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၂)၊ တပ်ခွဲ (၁)မှ တော် လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရ၍ ဒဏ်ရာရရှိသွားသော စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးတစ်ဦးကို ပေါင်းတည်မြို့နယ်ဆေးရုံးသို့ သယ်ဆောင်သွားကြောင်း တပ်ရင်း (၃၆၀၂)၊ တပ်ခွဲ(၁)က ဆိုသည်။

အထက်ပါတိုက်ခိုက်မှုတွင် ပြည်ခရိုင်တပ်ရင်း (၃၆၀၂) တပ်ခွဲ(၁)မှ ရဲဘော်များ အထိအခိုက်မရှိ ဘေးအန္တရယ်ကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။