Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ်တွင် ကင်းပတ်ထွက်လာသည့် ပျူအုပ်စုတိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံး

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်မှုအားကောင်းရာ မြိုင်နယ်တွင် ဒေသကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီတ​ပ်၊ ပျူများ မကြာခဏ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည်။

(မြိုင်မြို့နယ်ကျေးရွာများ တော်လှန်ရေးတပ်ဦး MVRFအဖွဲ့ဝင်ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်၊ဓာတ်ပုံ-MVRF)
(မြိုင်မြို့နယ်ကျေးရွာများ တော်လှန်ရေးတပ်ဦး MVRFအဖွဲ့ဝင်ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်၊ဓာတ်ပုံ-MVRF)

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ပျူစောထီးအားကောင်းရာ ကန်နီကျေးရွာမှ ကင်းပတ်ထွက်လာသော ပျူအုပ်စုအား မိုင်းဆွဲတိုက်ခိုက်ရာ နှစ်ဦးသေဆုံးကြောင်း မြိုင်မြို့နယ်ကျေးရွာများ တော်လှန်ရေးတပ်ဦး MVRFအဖွဲ့ အတွင်းရေးမှူးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်က ပျူစောထီးအားကောင်းရာ ကန်နီရွာမှ ကင်းပတ်ထွက်လာသော ပျူ ၁၀ဦးခန့်အား ကန်နီရွာနှင့်မကျည်းလေးပင်ရွာအစပ်တွင် Myaing Villages Revolution Front( MVRF ) ရဲဘော်များက ရှေ့ထွက်မိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း သတင်းရရှိသည်ဟု MVRF အတွင်းရေးမှူး ကိုတင့်က ပြောသည်။

“ကန်နီနဲ့အနီးပတ်ချာလည်ရွာတွေကို မကြာမကြာထွက်တတ်တယ်ဗျ။ ထွက်တော့ ကန်နီနဲ့ မကျည် လေးပင်ရွာကြားမှာ ကင်းပုန်းတွေဝပ်ပြီးတော့ မိုင်းတွေဆင်ထားရတာပေါ့။ သူတို့ကင်းပတ်တဲ့အချိန်မှာ မိုင်းထိတာပေါ့။ ခြေလျင်ပဲပတ်ကြတယ်။ သူတို့ရွာနဲ့တစ်မိုင်ပဲဝေးတယ်။လက်နက်အပြည့်အစုံနဲ့ လေးငါး ဆယ်ယောက်လောက်ပတ်တယ်။”ဟု MVRFအဖွဲ့ အတွင်းရေးမှူးက ပြောသည်။

ကန်နီရွာမှပျူများသည် အိုးဘို၊ ကန်နက်၊ ကုန်းဘလူ အစရှိသည့်ကျေးရွာများအပါအဝင် မြိုင်နယ် အတွင်းရှိ ကျေးရွာများသို့ ဝင်ရောက်ကာ ပြည်သူများအား ဖမ်းဆီးနှိပ်စက်မှုများ မကြာခဏ ပြုလုပ်လေ့ရှိကြောင်း၊ ထို့အပြင် ရေနံတင်ကားများကိုလည်း ရွာအတွင်းသို့မောင်းခိုင်းပြီး ​ငွေတောင်းလေ့ရှိကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်မှုအားကောင်းရာ မြိုင်နယ်တွင် ဒေသကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီတ​ပ်၊ ပျူများ မကြာခဏ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည်။

အောက်တိုဘာ၂ ရက်ကလည်း မြိုင်နယ်ကပ်လျက်ရှိ ပေါက်မြို့နယ်ဇီးပြားရွာ၌ ပျူသင်တန်းလုပ်နေစဥ် ဒေသကာကွယ်ရေးအဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ပျူ ၅၃ ဦး အရှင်ဖမ်းမိခဲ့ပြီး စစ်သား၊ရဲနှင့်ပျူ ၁၇ ဦးထက်မနည်း ရှင်းလင်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။