Connect with us

Hi, what are you looking for?

သတင်း

လှတောရဲစခန်းမှ ထွက်လာသော စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်

“မိုင်းထိပြီးတော့ ရွာတွေကို ပစ်ခတ်တာတွေရှိတယ်”ဟု BLACK WOLF – PDF အဖွဲ့တာဝန်ခံက ပြောသည်။

လှတောရဲစခန်းမှ ထွက်လာသော စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်
လှတောရဲစခန်းမှ ထွက်လာသော စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောရဲစခန်းမှထွက်လာသော စစ်ကောင်စီတပ်သားနှင့်ပျူစောထီးများအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများကြောင်း BLACK WOLF – PDF အဖွဲ့တာဝန်ခံက ပြောသည်။

ယမန်နေ့(နိုဝင်ဘာ ၂၃ရက်) နံနက် ၁၀နာရီခွဲခန့်က ဝက်လက်မြို့နယ်၊ ရွှေဘို – မန္တလေးလမ်းမကြီးပေါ်ရှိ လှတောရဲစခန်းမှထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပျူ ၁၀ဦးခန့်အား ပြင်းအားမြင့်မိုင်း နှစ်လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သားနှင့်ပျူ နှစ်ဦးခန့်သေဆုံးသွားကြောင်း BLACK WOLF – PDF အဖွဲ့တာဝန်ခံက ပြောသည်။

“မိုင်းထိပြီးတော့ ရွာတွေကို ပစ်ခတ်တာတွေရှိတယ်”ဟု BLACK WOLF – PDF အဖွဲ့တာဝန်ခံက ပြောသည်။

အဆိုပါစစ်ဆင်ရေးကို BLACK WOLF – PDF၊ပျံလွှား – PDF၊ မုန်တိုင်း – PDFတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အောက်တိုဘာအတွင်းက ကျဆုံးခဲ့ရသော BLCK WOLF – PDF ၏ ရဲဘော် လေးဦးအတွက် တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်ကြောင်း အဖွဲ့တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook