Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လှတောရဲစခန်းမှ ထွက်လာသော စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်

“မိုင်းထိပြီးတော့ ရွာတွေကို ပစ်ခတ်တာတွေရှိတယ်”ဟု BLACK WOLF – PDF အဖွဲ့တာဝန်ခံက ပြောသည်။

လှတောရဲစခန်းမှ ထွက်လာသော စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်
လှတောရဲစခန်းမှ ထွက်လာသော စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောရဲစခန်းမှထွက်လာသော စစ်ကောင်စီတပ်သားနှင့်ပျူစောထီးများအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများကြောင်း BLACK WOLF – PDF အဖွဲ့တာဝန်ခံက ပြောသည်။

ယမန်နေ့(နိုဝင်ဘာ ၂၃ရက်) နံနက် ၁၀နာရီခွဲခန့်က ဝက်လက်မြို့နယ်၊ ရွှေဘို – မန္တလေးလမ်းမကြီးပေါ်ရှိ လှတောရဲစခန်းမှထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပျူ ၁၀ဦးခန့်အား ပြင်းအားမြင့်မိုင်း နှစ်လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သားနှင့်ပျူ နှစ်ဦးခန့်သေဆုံးသွားကြောင်း BLACK WOLF – PDF အဖွဲ့တာဝန်ခံက ပြောသည်။

“မိုင်းထိပြီးတော့ ရွာတွေကို ပစ်ခတ်တာတွေရှိတယ်”ဟု BLACK WOLF – PDF အဖွဲ့တာဝန်ခံက ပြောသည်။

အဆိုပါစစ်ဆင်ရေးကို BLACK WOLF – PDF၊ပျံလွှား – PDF၊ မုန်တိုင်း – PDFတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အောက်တိုဘာအတွင်းက ကျဆုံးခဲ့ရသော BLCK WOLF – PDF ၏ ရဲဘော် လေးဦးအတွက် တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်ကြောင်း အဖွဲ့တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

နိုဝင်ဘာ ၂၉ ရက်ကလည်း တောင်သာမြို့နယ်၊ တစ်မိုက်သာကျေးရွာရှိ ပျူစောထီးခေါင်းဆောင်နေအိမ်အား မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းနှင့် မဟာမိတ်အဖွဲ့များက ဝင်တိုက်ရာ ပျူတစ်ဦးသေဆုံးပြီး သေနတ်၅ လက်နှင့် ခဲယမ်းများရရှိခဲ့သေးသည်။

သတင်း

ဗုံးပစ်တိုက်ခိုက်ခံရပြီးနောက် အခင်းဖြစ်ရာသို့ တံတားဦးဘက်မှ စစ်ကားတစ်စီးရောက်လာကြောင်း၊ ယမန်နေ့က ကျောက်ဆည်တစ်မြို့လုံး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်း

နိုဝင်ဘာအတွင်းကလည်း မတ္တရာနယ်အရှေ့ခြမ်း၌ စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFအဖွဲ့များ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုထိခိုက်မှုများကာ ပြည်သူအချို့လည်း ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရသည်။

သတင်း

True Fighter မြို့ပြပြောက်ကျားတပ်ဖွဲ့သည် မြင်းမူမြို့ပေါ်၌ စစ်ကောင်စီတပ်အား အလစ်ဝင်ရောက် ပစ်ခတ်တိုက်မှု အကြိမ်ရေ ၅၀ကျော် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။