Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်မြို့ပေါ်သို့ စျေးဝယ်ရန်တက်လာသည့် စစ်အုပ်စုအား မြို့အနီးအရောက် မိုင်းဆွဲတိုက်ခိုက်

ဒီဇင်ဘာ ၁၇ ရက် နံနက်၇နာရီခွဲခန့်က မြိုင်မြို့တောင် ဘက် (၂)မိုင်ခန့်အကွာရှိ ပျူအားကောင်းရာ သရက်ကွကျေးရွာမှ ဖောကားအပြာရောင်တစ်စီးသည် စစ်ကောင်စီတပ်နှင့်ပျူ အင်အား ၂၅ဦးခန့်ဖြင့် မြိုင်မြို့ဘက်သို့ ဈေးဝယ်ထွက်လာခဲ့သည်။

အသုံးပြုခဲ့သောပေပါမိုင်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ-မြိုင်(ပကဖ)
အသုံးပြုခဲ့သောပေပါမိုင်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ-မြိုင်(ပကဖ)

မကွေးတိုင်း၊ မြိုင်မြို့အနီးတွင် မြို့ပေါ်စျေးဝယ် တက်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုအထိအခိုက်ရှိကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောကြားသည်။

ဒီဇင်ဘာ ၁၇ ရက် နံနက်၇နာရီခွဲခန့်က မြိုင်မြို့တောင် ဘက် (၂)မိုင်ခန့်အကွာရှိ ပျူအားကောင်းရာ သရက်ကွကျေးရွာမှ ဖောကားအပြာရောင်တစ်စီးသည် စစ်ကောင်စီတပ်နှင့်ပျူ အင်အား ၂၅ဦးခန့်ဖြင့် မြိုင်မြို့ဘက်သို့ ဈေးဝယ်ထွက်လာခဲ့သည်။

ထိုသို့ထွက်လာစဉ် မြိုင်မြို့တောင်ဘက် (၇) ဖာလုံခန့်အကွာ ဝတ်ကျုံးရွာ ဆယ်အနီးအရောက်၌ ရှေ့ထွက်ပြောင်း ၁၅လုံးခန့်ဖြင့် စတင်တိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖအဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောသည်။

ယာဉ်ပေါ်ပါ စစ်ကောင်စီတပ်နှင့်ပျူများက နာရီဝက်ခန့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ၎င်းတို့အားထပ်မံ၍ ပေပါမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်နှင့်ပျူများမှာ ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယာဉ်အား မောင်းနှင်နိုင်ခြင်းမရှိတော့ဘဲ မြိုင်မြို့ဘက်မှ စစ်ကူလာသော ယာဉ်ဖြင့် ဒဏ်ရာရရှိသူ စစ်သားနှင့်ပျူများအား သယ်ဆောင်ကာ မောင်းနှင်၍မရသည့် ယာဉ်အားဆွဲ၍ မြိုင်မြို့ဘက်သို့ ပြန်လည်မောင်းနှင်သွားကြောင်း ကိုလယျာ်က ပြောသည်။

“ဒဏ်ရာရတဲ့ စစ်သားနဲ့ပျူတွေကို မြိုင်ဆေးရုံနဲ့ ဖောကားကိုတော့ မြိုင် အထက(၁)ကျောင်းထဲမှာ ထားထားတယ်။ ကျေးရွာကာကွယ်ရေးအဖွဲ့တွေက အနီးကပ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းတွေ ရနိုင်ပေမယ့် ပူးပေါင်းအဖွဲ့တွေက မြိုင်မြို့နဲ့ ကျည်တစ်ထောက်လောက်ပဲ နီးကပ်နေလို့ ပြန်ဆုတ်ခဲ့တာပါ။”ဟု မြိုင်(ပကဖ)အဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီအုပ်စုနှင့်အနီးကပ် လိုက်ပါခြင်းမပြုရန် မြိုင်(ပကဖ)အဖွဲ့က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ယမန်နေ့ (ဖေဖော်ဝါရီ၁၃ ရက်) နံနက် ၇ နာရီခွဲခန့်က မြိုင်​မြို့နယ်၊ သရက်ကန်ပျုစောထီးကျေးရွာ၏တောင်ဘက် မီတာ ၁၀၀ခန့်သို့ ကင်းပတ်ထွက်လာသော အင်အား ၁၅ ဦးခန့်ပါ ပျုစောထီးများအား မဟာမိတ်အဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

နိုဝင်ဘာ ၂၉ ရက်ကလည်း တောင်သာမြို့နယ်၊ တစ်မိုက်သာကျေးရွာရှိ ပျူစောထီးခေါင်းဆောင်နေအိမ်အား မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းနှင့် မဟာမိတ်အဖွဲ့များက ဝင်တိုက်ရာ ပျူတစ်ဦးသေဆုံးပြီး သေနတ်၅ လက်နှင့် ခဲယမ်းများရရှိခဲ့သေးသည်။