Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့ပေါ်သို့ စျေးဝယ်ရန်တက်လာသည့် စစ်အုပ်စုအား မြို့အနီးအရောက် မိုင်းဆွဲတိုက်ခိုက်

ဒီဇင်ဘာ ၁၇ ရက် နံနက်၇နာရီခွဲခန့်က မြိုင်မြို့တောင် ဘက် (၂)မိုင်ခန့်အကွာရှိ ပျူအားကောင်းရာ သရက်ကွကျေးရွာမှ ဖောကားအပြာရောင်တစ်စီးသည် စစ်ကောင်စီတပ်နှင့်ပျူ အင်အား ၂၅ဦးခန့်ဖြင့် မြိုင်မြို့ဘက်သို့ ဈေးဝယ်ထွက်လာခဲ့သည်။

အသုံးပြုခဲ့သောပေပါမိုင်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ-မြိုင်(ပကဖ)
အသုံးပြုခဲ့သောပေပါမိုင်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ-မြိုင်(ပကဖ)

မကွေးတိုင်း၊ မြိုင်မြို့အနီးတွင် မြို့ပေါ်စျေးဝယ် တက်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုအထိအခိုက်ရှိကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောကြားသည်။

ဒီဇင်ဘာ ၁၇ ရက် နံနက်၇နာရီခွဲခန့်က မြိုင်မြို့တောင် ဘက် (၂)မိုင်ခန့်အကွာရှိ ပျူအားကောင်းရာ သရက်ကွကျေးရွာမှ ဖောကားအပြာရောင်တစ်စီးသည် စစ်ကောင်စီတပ်နှင့်ပျူ အင်အား ၂၅ဦးခန့်ဖြင့် မြိုင်မြို့ဘက်သို့ ဈေးဝယ်ထွက်လာခဲ့သည်။

ထိုသို့ထွက်လာစဉ် မြိုင်မြို့တောင်ဘက် (၇) ဖာလုံခန့်အကွာ ဝတ်ကျုံးရွာ ဆယ်အနီးအရောက်၌ ရှေ့ထွက်ပြောင်း ၁၅လုံးခန့်ဖြင့် စတင်တိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖအဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောသည်။

ယာဉ်ပေါ်ပါ စစ်ကောင်စီတပ်နှင့်ပျူများက နာရီဝက်ခန့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ၎င်းတို့အားထပ်မံ၍ ပေပါမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်နှင့်ပျူများမှာ ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယာဉ်အား မောင်းနှင်နိုင်ခြင်းမရှိတော့ဘဲ မြိုင်မြို့ဘက်မှ စစ်ကူလာသော ယာဉ်ဖြင့် ဒဏ်ရာရရှိသူ စစ်သားနှင့်ပျူများအား သယ်ဆောင်ကာ မောင်းနှင်၍မရသည့် ယာဉ်အားဆွဲ၍ မြိုင်မြို့ဘက်သို့ ပြန်လည်မောင်းနှင်သွားကြောင်း ကိုလယျာ်က ပြောသည်။

“ဒဏ်ရာရတဲ့ စစ်သားနဲ့ပျူတွေကို မြိုင်ဆေးရုံနဲ့ ဖောကားကိုတော့ မြိုင် အထက(၁)ကျောင်းထဲမှာ ထားထားတယ်။ ကျေးရွာကာကွယ်ရေးအဖွဲ့တွေက အနီးကပ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းတွေ ရနိုင်ပေမယ့် ပူးပေါင်းအဖွဲ့တွေက မြိုင်မြို့နဲ့ ကျည်တစ်ထောက်လောက်ပဲ နီးကပ်နေလို့ ပြန်ဆုတ်ခဲ့တာပါ။”ဟု မြိုင်(ပကဖ)အဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီအုပ်စုနှင့်အနီးကပ် လိုက်ပါခြင်းမပြုရန် မြိုင်(ပကဖ)အဖွဲ့က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။