Connect with us

Hi, what are you looking for?

သတင်း

မြန်မာပြည်သူများ၏ ခိုင်မာသည့် ဒီမိုကရေစီ မျှော်မှန်းချက်များကို ကနေဒါ ဆက်လက်အားပေးထောက်ခံမည်

ကနေဒါသည် စစ်တပ်အာဏာသိမ်းမှုကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချထားပြီး အာဏာသိမ်းစစ်ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့်ပတ်သက်ဆက်နွယ်သူများ၊ စီးပွါးရေးလုပ်ငန်းများကို ဒဏ်ခတ်အရေးယူမှုများ (၆)ကြိမ်လုပ်ဆောင်ထားသည်။

(ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ယနေ့(ဇန်နဝါရီ ၁)နံနက်ပိုင်းက သပိတ်အင်အားစုနှင့် ဒေသခံပြည်သူများပူးပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး မှော်လှည့်သပိတ်စစ်ကြောင်းအဖြစ် ချီတက်ဆန္ဒပြနေစဥ်၊ ဓာတ်ပုံ - CJ)
(ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ယနေ့(ဇန်နဝါရီ ၁)နံနက်ပိုင်းက သပိတ်အင်အားစုနှင့် ဒေသခံပြည်သူများပူးပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး မှော်လှည့်သပိတ်စစ်ကြောင်းအဖြစ် ချီတက်ဆန္ဒပြနေစဥ်၊ ဓာတ်ပုံ - CJ)

▪️အခက်အခဲ၊ ဖိနှိပ်မှုများကို ရဲရင့်စွာ ကြံ့ကြံ့ခံနိုင်စွမ်းပြသခဲ့သည့် မြန်မာပြည်သူများကို ချီးကျူး

၂၀၂၃ တွင် ကနေဒါနိုင်ငံက မြန်မာပြည်သူများ၏ ခိုင်မာသည့် ဒီမိုကရေစီ မျှော်မှန်းချက်များကို ဆက်လက် အားပေးထောက်ခံသွားမည် ဖြစ်ပြီး အကြမ်းဖက်မှု ကျူးလွန်သူများကို တာဝန်ခံခိုင်းရန် ကြိုးပမ်းမှုများအား ဆထက်ထမ်းပိုး လုပ်ဆောင်သွားမည်ဟု ယနေ့ထုတ်ပြန်သည်။

မြန်မာပြည်သူများသည် ပြီးခဲ့သည့်နှစ်က တိုင်းတာ၍ မရအောင် ကြီးမားသည့် အခက်အခဲများနှင့် လက်ခံနိုင်စရာ မရှိသော ဖိနှိပ်မှုများကို ရင်ဆိုင်ခဲ့ကြရာတွင် ရဲရင့်မှုနှင့် ကြံ့ကြံ့ခံနိုင်စွမ်းတို့ကို ဆက်လက်ပြသခဲ့ကြောင်း ကနေဒါသံရုံးက ချီးကျူးထားသည်။

Public Service Announcement
Public Service Announcement

ယခု နှစ်သစ်အခါသမယတွင် မြန်မာနိုင်ငံ ကနေဒါသံရုံးက မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်းနှင့် မြန်မာပြည်သူများ မျှော်မှန်းသည့်နည်းတူ ပို၍ ငြိမ်းချမ်းပြီး သာယာဝပြောသည့် နှစ်သစ်ဖြစ်ပါစေကြောင်း ဆုတောင်းဖော်ပြသည်။

ကနေဒါသည် စစ်တပ်အာဏာသိမ်းမှုကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချထားပြီး အာဏာသိမ်းစစ်ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့်ပတ်သက်ဆက်နွယ်သူများ၊ စီးပွါးရေးလုပ်ငန်းများကို ဒဏ်ခတ်အရေးယူမှုများ (၆)ကြိမ်လုပ်ဆောင်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဆောင်းပါး

ဗန်ရဲ့ပွဲကိုမြန်မာတစ်နိုင်ငံလုံးက​တော​ရောမြို့ပါမကျန်၊ ပြည်သူ​တွေ​ရော တော်လှန်​ရေးရဲ​ဘော်​တွေပါ စိတ်လှုပ်ရှားစွာအား​ပေးခဲ့ကြပါတယ် ။

သတင်း

ကနေဒါနိုင်ငံ၊ ဗန်ကူးဗား ဆာရီမြို့ရှိ ဟော်လန်ပန်းခြံမှာ ပြည်ပရောက်မြန်မာတွေ ပါဝင်တဲ့ BCSBC အဖွဲ့က ဦးဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး "FREE HER" ကမ်ပိန်းကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေ မြင့်တက်လာတဲ့နောက် ကနေဒါရဲ့ ပို့ကုန်အမျိုးအစား တချို့ကို အမေရိကန်က တင်သွင်းခွင့် ပိတ်ပစ်လိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် ကုန်စည်တွေအပေါ် လက်တုံ့ပြန်ပြီး အခွန်တိုးကောက်မယ့် အစီအစဉ်ဟာ စက်တင်ဘာ ၈ ရက်မှာ စတင် အသက်ဝင်လာပါတယ်။