Connect with us

Hi, what are you looking for?

သတင်း

မြိုင်တွင်ပျူရွာနှစ်ရွာကြား၌စစ်ကားတစ်စီးအားမိုင်းဆွဲတိုက်ခိုက်ရာစစ်အုပ်စု ထိခိုက်သေဆုံးမှုရှိဟုဆို

ထိုစစ်ဆင်ရေးများကို မြိုင်မြို့နယ်ပြည်သူ့ကွာကွယ်ရေးတပ်ဖွဲ့ ( မြိုင်-ပကဖ) တပ်ရင်း( ၁ ) တပ်ခွဲ – ၁ နှင့် တပ်ခွဲ – ၂ ( ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(တိုက်ခိုက်ရာတွင်အသုံးပြုခဲ့သောမိုင်းများအားတွေ့ရစဥ်။ ဓါတ်ပုံ-မြိုင်ပကဖ)
(တိုက်ခိုက်ရာတွင်အသုံးပြုခဲ့သောမိုင်းများအားတွေ့ရစဥ်။ ဓါတ်ပုံ-မြိုင်ပကဖ)

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီယာဥ်တစ်စီးအား ပျူရွာနှစ်ရွာကြား၌ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးထက်မနည်း သေဆုံးနိုင်ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုလယျာ်ကပြောသည်။

ဇန်နဝါရီလ၉ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင်ပခုက္ကူမှထွက်လာသော စစ်ကောင်စီတပ်၏ Fawကားတစ်စီးအား တွင်းမပျူစခန်းနှင့် သရက်ကန်ပျူစခန်းကြားတွင်ရှေ့ထွက်မိုင်း ၁၀ လုံး၊ ပေပါခါးပြတ်မိုင်း၂လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖအဖွဲ့ခေါင်းဆောင် ကိုလယျာ်က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးမှ ၉ ဦးအတွင်းအနည်းဆုံးသေဆုံးနိုင်ပြီး FAWကားမှာ ပျက်စီးကာ ရပ်တန့်သွားသည်ဟု မြိုင်ပကဖခေါင်းဆောင်ကဆိုသည်။

ဇန်နဝါရီလ၇ရက်နေ့ည၈နာရီ၄၈မိနစ်ကလည်းညအချိန် ကင်းပတ်ပြီး ပစ်ခတ်လာသောတွင်းမရွာ ပျူစောထီးအဖွဲ့အား မိုင်း၁၃လုံးဖြင့် တွင်းမရွာစပ်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မိုင်း ၁၀ လုံးမှာ ချို့ယွင်းမှုဖြစ်ပြီး မပေါက်ကွဲဘဲ၃လုံးသာ ပေါက်ကွဲခဲ့ကြောင်း အထက်ပါခေါင်းဆောင်ကဆက် ပြောသည်။

Public Service Announcement

Public Service Announcement

ထိုသို့တိုက်ခိုက်မှုကြောင့် တွင်းမပျူခေါင်းဆောင် ကံထွေးအောင်နှင့် ရဲတစ်ဦးထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု ၎င်းက ဆိုသည်။

ထိုစစ်ဆင်ရေးများကို မြိုင်မြို့နယ်ပြည်သူ့ကွာကွယ်ရေးတပ်ဖွဲ့ ( မြိုင်-ပကဖ) တပ်ရင်း( ၁ ) တပ်ခွဲ – ၁ နှင့် တပ်ခွဲ – ၂ ( ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီလ ၆ ရက် နံနက်ပိုင်းကလည်း မြိုင်မြို့နယ်၊ သရက်ကန်ရွာ ပျူစောထီးစခန်းနှင့် ကိုင်းတောမနယ်‌မြေရဲစခန်းကြား၌ ခြေလျင်ထွက်လာသော ၁၀ ဦးခန့်ပါ စစ်ကောင်စီတပ်အအား မိုင်းဆွဲတိုက်ခိုက်ရာ (၃)ဦး ပွဲချင်းပြီး သေဆုံးပြီး ကျန်စစ်ကောင်စီတ​ပ်သားများ ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း စင်္ကြာဒေသကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။