မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများ အစည်းအဝေးလုပ်နေစဥ် ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း Myingyan Black Tiger (MBT)အဖွဲ့က သတင်းထုတ်ပြန်သည်။
ယနေ့ (ဇန်နဝါရီ၂၇ ရက်)နံနက် ၈ နာရီခွဲခန့်က ရေစကြိုမြို့၊ အမှတ်(၂) စည်ပင်သာယာရပ်ကွက် ရှိ နေရှင်နယ် လက်ဖက်ရည်ဆိုင်တွင် စစ်ကောင်စီအကြီးပိုင်းများနှင့် ပြည်သူ့စစ်(ပျူ)ခေါင်းဆောင် ကိုမြင့်ဆွေ (ခ)မောင်မြင့် ဦးဆောင်ပြီး အစည်းအဝေးပြုလုပ်နေစဥ် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
ထိုသို့ပစ်ခတ်မှုကြောင့် ပျူစောထီးနှစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း Myingyan Black Tiger (MBT)အဖွဲ့က ဆိုသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ Myingyan Black Tiger (MBT)အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

Public Service Announcement
စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ထိုသို့ ပစ်ခတ်မှုကြောင့် ပျူများသေဆုံးနိုင်ပြီး စစ်ကောင်စီတပ်က မြို့ပေါ်တွင် ကား သုံးစီးဖြင့် လှည့်လည်စစ်ဆေးတင်းကြပ်နေကြောင်း၊ ရေစကြိုမြို့အဝင်ရှိ ဖူလုံရွာမှ လူငယ် သုံးဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Yesagyo Township Info Committee က ဖော်ပြသည်။
“ဆေးရုံကားနဲ့ လာသယ်သွားတယ်။ ဒဏ်ရာရတဲ့သူရှိလောက်တယ်။”ဟု မြို့ခံတစ်ဦးက ပြောသည်။
အဆိုပါ စစ်ဆင်ရေးကို Myingyan Black Tiger (MBT)အဖွဲ့က ဦးဆောင်ပြုလုပ်၍ The Volue Of Youngmen၊ချောင်းဦး (ပ.လ.ဖ)၊မုံရွာခရိုင် တပ်ရင်း ( ၁၂)တပ်ခွဲ (၄)၊VOMDY-Front Warriorတို့က ပူးပေါင်းပါဝင်ခဲ့ကြောင်း အသိပေးထားသည်။


















































