Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုမြို့တွင် စစ်အုပ်စုအစည်းအဝေးလုပ်နေချိန် ပစ်ခတ်တိုက်ခိုက်

ယနေ့ (ဇန်နဝါရီ၂၇ ရက်)နံနက် ၈ နာရီခွဲခန့်က ရေစကြိုမြို့၊ အမှတ်(၂) စည်ပင်သာယာရပ်ကွက် ရှိ နေရှင်နယ် လက်ဖက်ရည်ဆိုင်တွင် စစ်ကောင်စီအကြီးပိုင်းများနှင့် ပြည်သူ့စစ်(ပျူ)ခေါင်းဆောင် ကိုမြင့်ဆွေ (ခ)မောင်မြင့် ဦးဆောင်ပြီး အစည်းအဝေးပြုလုပ်နေစဥ် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

ရေစကြိုမြို့တွင် စစ်အုပ်စုအစည်းအဝေးလုပ်နေချိန် ပစ်ခတ်တိုက်ခိုက်
ရေစကြိုမြို့တွင် စစ်အုပ်စုအစည်းအဝေးလုပ်နေချိန် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် စစ်ကောင်စီတ​ပ်နှင့်ပျူစောထီးများ အစည်းအဝေးလုပ်နေစဥ် ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း Myingyan Black Tiger (MBT)အဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (ဇန်နဝါရီ၂၇ ရက်)နံနက် ၈ နာရီခွဲခန့်က ရေစကြိုမြို့၊ အမှတ်(၂) စည်ပင်သာယာရပ်ကွက် ရှိ နေရှင်နယ် လက်ဖက်ရည်ဆိုင်တွင် စစ်ကောင်စီအကြီးပိုင်းများနှင့် ပြည်သူ့စစ်(ပျူ)ခေါင်းဆောင် ကိုမြင့်ဆွေ (ခ)မောင်မြင့် ဦးဆောင်ပြီး အစည်းအဝေးပြုလုပ်နေစဥ် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

ထိုသို့ပစ်ခတ်မှုကြောင့် ပျူစောထီးနှစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း Myingyan Black Tiger (MBT)အဖွဲ့က ဆိုသည်။

Public Service Announcement
Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ Myingyan Black Tiger (MBT)အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား သီးခြားအတည်ပြုနိုင်ခြင်း မရှိသေး​ပေ။

ထိုသို့ ပစ်ခတ်မှုကြောင့် ပျူများသေဆုံးနိုင်ပြီး စစ်ကောင်စီတ​ပ်က မြို့ပေါ်တွင် ကား သုံးစီးဖြင့် လှည့်လည်စစ်ဆေးတင်းကြပ်နေကြောင်း၊ ရေစကြိုမြို့အဝင်ရှိ ဖူလုံရွာမှ လူငယ် သုံးဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Yesagyo Township Info Committee က ဖော်ပြသည်။

“ ဆေးရုံကားနဲ့ လာသယ်သွားတယ်။ ဒဏ်ရာရတဲ့သူရှိလောက်တယ်။” ဟု မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို Myingyan Black Tiger (MBT)အဖွဲ့က ဦးဆောင်ပြုလုပ်၍ The Volue Of Youngmen၊ချောင်းဦး (ပ.လ.ဖ)၊မုံရွာခရိုင် တပ်ရင်း ( ၁၂)တပ်ခွဲ (၄)၊VOMDY-Front Warriorတို့က ပူးပေါင်းပါဝင်ခဲ့ကြောင်း အသိပေးထားသည်။

You May Also Like

သတင်း

သတ်ဖြတ်ခံရသူများမှာ စစ်ကိုင်းတိုင်းက ၅၉၄ ဦးနှင့် အများဆုံးဖြစ်ပြီး မန္တလေးတိုင်းက ၁၁၉ ဦး၊ မကွေးတိုင်းက ၁၀၁ ဦးတို့ဖြင့် အများဆုံးစာရင်းဝင်ခဲ့ပြီး ကျန် ပြည်နယ်နှင့် တိုင်းများတွင်လည်း စစ်တပ်က သတ်ဖြတ်မှုများကျူးလွန်ခဲ့ကြသည်။

သတင်း

ဖားကန့်မြို့တွင် ပြီးခဲ့သည့် မတ်လ ၁၈ရက် ညနေကလည်း ရဲများစီးနင်လာသောယာဉ်ကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ သုံးဦး သေဆုံးခဲ့သည်။

သတင်း

စစ်အုပ်စုက လက်နက်ငယ်များဖြင့် ရွာသာကြီး ရောက်သည်အထိ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် ဆက်မသွားတော့ဘဲ ရွာသာကြီးရွာအတွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း​ ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

သတင်း

ပျူများက မုံရွေးကျေးရွာအားမီးရှို့သွား၍ တိုက်ပွဲများရှိလာနိုင်သောကြောင့် မုံရွာ-ချောင်းဦးလမ်းပိုင်းအား အရေးပေါ်အခြေအနေအရပိတ်သိမ်းထားကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက အသိပေးသည်။