Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းဆီက အမေရိကန်နဲ့ ဂျာမန်လုပ် တင့်ကားတွေကို ဖျက်ဆီးနိုင်ရင် ဆုငွေပေးမယ်လို့ ရုရှား ကုမ္ပဏီတစ်ခု ကြေညာ

အဲဒီနောက် ရုရှားပိုင် ယူရယ်လ် ဒေသမှာ အခြေစိုက်တဲ့ ရုရှား စီးပွားရေး ကုမ္ပဏီ တစ်ခုက ရုရှား စစ်သားတွေသာ စစ်မြေပြင်ရောက် Abramsနဲ့ Leopard 2 တင့်ကားတွေကို ဖျက်ဆီးနိုင်ရင်၊ ဒါမှမဟုတ် သိမ်းပိုက်နိုင်ရင် ရက်ရက်ရောရော ဆုကြေးငွေ ပေးအပ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

ယူကရိန်းဆီက အမေရိကန်နဲ့ ဂျာမန်လုပ် တင့်ကားတွေကို ဖျက်ဆီးနိုင်ရင် ဆုငွေပေးမယ်လို့ ရုရှား ကုမ္ပဏီတစ်ခု ကြေညာ
ယူကရိန်းဆီက အမေရိကန်နဲ့ ဂျာမန်လုပ် တင့်ကားတွေကို ဖျက်ဆီးနိုင်ရင် ဆုငွေပေးမယ်လို့ ရုရှား ကုမ္ပဏီတစ်ခု ကြေညာ

ယူကရိန်းစစ်တပ် လက်ထဲ ရောက်လာမယ့် အမေရိကန်နဲ့ ရုရှား တင့်ကားတွေကို ဖျက်ဆီးပစ်နိုင်မယ့် ရုရှား စစ်သည်တွေကို ဆုငွေ ချီးမြှင့်သွားမယ်လို့ ရုရှား ကုမ္ပဏီ တစ်ခုက ကြေညာခဲ့ပါတယ်။

ယူကရိန်းကို ရုရှားက ကျူးကျော်စစ် ဆင်နွှဲခဲ့တာ တစ်နှစ်နီးပါး ကြာမြင့်လာတဲ့နောက် အမေရိကန်နဲ့ ဂျာမနီ အစိုးရတွေ ဦးဆောင်ပြီး ယူကရိန်းဆီ အနောက်နိုင်ငံလုပ် တင့်ကားတွေ ပေးပို့ဖို့ သဘောတူညီခဲ့ကြပါတယ်။ အမေရိကန်ဟာ သူတို့ရဲ့ M1 Abrams တင့်ကား ၃၁ စီးကို ယူကရိန်းဆီ ပေးပို့ဖို့ ကတိပြုထားပြီး ဂျာမနီကလည်း Leopard 2 အကြီးစား တင့်ကား ၁၄ စီး ပံ့ပိုးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျာမနီဆီက Leopard 2တွေ ဝယ်ယူထားတဲ့ အနောက်နိုင်ငံ တချို့ကလည်း ယူကရိန်းဆီ တင့်ကားတွေ ပို့ဆောင်ပေးသွားဖို့ စိုင်းပြင်းနေပါတယ်။

အဲဒီနောက် ရုရှားပိုင် ယူရယ်လ် ဒေသမှာ အခြေစိုက်တဲ့ ရုရှား စီးပွားရေး ကုမ္ပဏီ တစ်ခုက ရုရှား စစ်သားတွေသာ စစ်မြေပြင်ရောက် Abramsနဲ့ Leopard 2 တင့်ကားတွေကို ဖျက်ဆီးနိုင်ရင်၊ ဒါမှမဟုတ် သိမ်းပိုက်နိုင်ရင် ရက်ရက်ရောရော ဆုကြေးငွေ ပေးအပ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

ပထမဆုံး Abrams၊ ဒါမှမဟုတ် Leopard 2 တင့်ကားတစ်စီးကို ဖျက်ဆီးနိုင်တဲ့ ရုရှား စစ်သားတွေဟာ ဆုကြေး ရူဘယ်လ်ငွေ ၅ သန်း၊ တစ်နည်းအားဖြင့် ဒေါ်လာ ၇၂၀၀၀၀ ရရှိမယ်လို့ Foresက ကတိပြုပါတယ်။ နောက်ပိုင်းမှာ ယူကရိန်း လက်ထဲက ဂျာမန်နဲ့ အမေရိကန်လုပ် တင့်ကားတွေကို ဆက်ပြီး ဖျက်ဆီးနိုင်ရင်လည်း တစ်စီးကို ရူဘယ်လ်ငွေ ၅ သိန်း (ဒေါ်လာ ၇၂၀၀၀)စီ ဆက်ပြီး ဆုကြေးပေးသွားမယ်လို့ ကုမ္ပဏီ တာဝန်ရှိသူတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လောလောဆယ်မှာတော့ ယူကရိန်းဟာ ဂျာမနီနဲ့ အမေရိကန်လုပ် တင့်ကားတွေကို လက်တွေ့ကျကျ လွှဲပြောင်း မယူနိုင်သေးပါဘူး။ လေ့ကျင့်မှု၊ သယ်ယူပို့ဆောင်ရေး အပါအဝင် စိန်ခေါ်မှု ပေါင်းစုံကြောင့် အဲဒီတင့်ကားတွေ ယူကရိန်း စစ်မြေပြင်မှာ စတင် အမှုထမ်းနိုင်ဖို့က လပေါင်း အတော်ကြာ စောင့်ရဦးမယ့် သဘောပါ။ ရုရှား အစိုးရကတော့ ယူကရိန်းကို တင့်ကားတွေ ပေးပို့ဖို့ ဆုံးဖြတ်ခဲ့တဲ့ အနောက် မဟာမိတ်တွေရဲ့ လုပ်ရပ်ဟာ စစ်ပွဲကို အရှိန်မြှင့်ပေးလိုက်တာနဲ့ အတူတူပဲလို့ သတိပေးထားပါတယ်။

Fores ကုမ္ပဏီဟာ တကယ်လို့ အနောက်နိုင်ငံလုပ် တိုက်လေယာဉ်တွေကို ယူကရိန်းဆီ လွှဲပေးလိုက်မယ် ဆိုရင်လည်း တိုက်လေယာဉ် တစ်စီး ပစ်ချခံရရင် ရူဘယ်လ်ငွေ ၁၅ သန်း (ဒေါ်လာ ၂၁၅၀၀၀)လောက်ထိ ဆုကြေးပေးသွားမယ်လို့ ကြိုတင် ပြောကြားထားပါတယ်။ လက်ရှိ အခြေအနေထိတော့ ယူကရိန်း အစိုးရက တွင်တွင် တောင်းဆိုနေပေမယ့် အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေက ယူကရိန်းဆီ တိုက်လေယာဉ်တွေ လွှဲအပ်ပေးဖို့ ငြင်းဆန်နေကြဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။