Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးသုံးနှစ်မြောက်နှစ်ပတ်လည်မရှိရေးဝိုင်းကြိုးစားရန် NUG ပြည်ထောင်စု၀န်ကြီးချုပ်တိုက်တွန်း

အကြမ်းဖက်စစ်တပ်သည် နိုင်ငံ့ပြဿနာများ အားလုံး၏ အရင်းအမြစ် ဖြစ်သည်ကို အားလုံး သိပြီးဖြစ်ကြောင်း ၎င်းကဆက်​ပြောသည်။ ထို့ကြောင့် တစုတစည်းတည်းအားကုန်ကြိုးစားနိုင်ရန် အတွက်ဘက်ပေါင်းစုံအားထည့်လုပ်ဆောင်သွားရန်ဝန်ကြီးချုပ်ကတိုက်တွန်းသည်။

(NUG ပြည်​ထောင်စုဝန်ကြီးချုပ်က စစ်သင်တန်းဆင်းပွဲတစ်ခုတွင် PDFများကိုလက်နက်များလွှဲ​ပြောင်း​ပေးအပ်စဥ်။ ဓါတ်ပုံ-NUG)
(NUG ပြည်​ထောင်စုဝန်ကြီးချုပ်က စစ်သင်တန်းဆင်းပွဲတစ်ခုတွင် PDFများကိုလက်နက်များလွှဲ​ပြောင်း​ပေးအပ်စဥ်။ ဓါတ်ပုံ-NUG)

▪︎အကြမ်းဖက်စစ်တပ် အမြန်ဖယ်ရှားနိုင်ရေး နံပါတ် ၁ ဆောင်ရွက်ရမည် ဟု ပြော

နိုင်ငံတွင်ဖြေရှင်းစရာ အရေးကိစ္စများစွာရှိနေသော်လည်းအကြမ်းဖက်စစ်တပ်(စစ်ကောင်စီ)ကို အမြန်ဆုံး ဖယ်ရှားနိုင်ရေးသည် နံပါတ် (၁) ဆောင်ရွက်ရမည့် ကိစ္စ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယနေ့ကျင်းပသည့်အစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်သည် နိုင်ငံ့ပြဿနာများ အားလုံး၏ အရင်းအမြစ် ဖြစ်သည်ကို အားလုံး သိပြီးဖြစ်ကြောင်း ၎င်းကဆက်​ပြောသည်။ ထို့ကြောင့် တစုတစည်းတည်းအားကုန်ကြိုးစားနိုင်ရန် အတွက်ဘက်ပေါင်းစုံအားထည့်လုပ်ဆောင်သွားရန်ဝန်ကြီးချုပ်ကတိုက်တွန်းသည်။

“တော်လှန်ရေးရဲ့ ၃ နှစ်မြောက် နှစ်ပတ်လည်ဆိုတာမျိုးမရှိစေရအောင် ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်ဝန်ကြီးများအားလုံးအနေနဲ့ တော်လှန်ရေးအစုအဖွဲ့များ အားလုံးနှင့်အတူတညီတညာတည်း ဝိုင်းဝန်းကြိုးစားပေးကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

Public Service Announcement
Public Service Announcement

ပြည်သူများအနေဖြင့် ပံ့ပိုးနိုင်သည့် ကဏ္ဍအစုံမှ ပံ့ပိုးရင်း အောင်ပွဲနေ့ကို မျှော်နေကြရာတော်လှန်ရေးအင်အားစုများအားလုံး တက်ညီလက်ညီဖြင့်စုစုစည်းစည်း အားကုန်ရုန်းကြရန် အရေးကြီးသည်ဟု၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက အာဏာသိမ်းမှု ၆လ ထပ်တိုးခြင်း၊ မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကျင့်သုံးရန် ထုတ်ပြန်ခြင်း များအပေါ် လေ့လာသုံးသပ်ရန်လည်း​ပြောသည်။မည်သို့ပင် စစ်ကောင်စီက ဆောင်ရွက်သည် ဖြစ်စေ သေချာသည်မှာ ပြည်သူကို ညှင်းပန်းနှိပ်စက် ဒုက္ခပေးရန် အစီအစဉ်များ ဖြစ်၍ အမျိုးသား ညီညွတ်ရေး အစိုးရ အနေဖြင့် ပြည်သူ အထိအခိုက် နည်းနိုင်သမျှနည်းစေရေးကြိုးစားရမည့် တာဝန်အပြည့်ရှိသည်ဟုပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ရှိုလက်ကလည်း ပြီးခဲ့သည့်​ဖေ​ဖော်ဝါရီ ၁ ရက်ကအမေရိကန်၏ မြန်မာ့အရေးကြိုးပမ်းဆောင်ရွက်ချက်များမှာ လာမည့်လများ၌ ယိမ်းယိုင်သွားမည်မဟုတ်ဘဲ ယခုအချိန်ကစ၍ တစ်နှစ်အတွင်း များစွာမျှော်လင့်ထားကြောင်းနှင့်မနှစ်မြို့ဖွယ် စစ်အာဏာသိမ်းမှု တတိယမြောက်နှစ်ကို ကျင်းပရန်လိုအပ်မည်မဟုတ်ကြောင်းတနည်းအားဖြင့် မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းနေမည့်အချိန်ဖြစ်မည်ဟု​​ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook