Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့ပတ္တမြားဝင်ဆင်ခဲ့သည့် အဆို​တော်ရီဟားနားကိုမြန်မာပြည်သူများနှင့်အတူရပ်တည်ရန်JFMကတောင်းဆို

ပတ္တမြားတူးဖော်ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းသည် မြန်မာပြည်သူများအပေါ် အကြမ်းဖက်စစ်ဆင်ရေးဆောင်ရွက်နေသည့် စစ်ကောင်စီအတွက်ဘဏ္ဍာငွေကူညီရှာဖွေပေးနေခြင်းဖြစ်သည်။

မြန်မာ့ပတ္တမြားဝင်ဆင်ခဲ့သည့် အဆို​တော်ရီဟားနားကို မြန်မာပြည်သူများနှင့်အတူရပ်တည်ရန်JFMကတောင်းဆို
မြန်မာ့ပတ္တမြားဝင်ဆင်ခဲ့သည့် အဆို​တော်ရီဟားနားကို မြန်မာပြည်သူများနှင့်အတူရပ်တည်ရန်JFMကတောင်းဆို

Super Bowl 2023 ရှိုးပွဲတွင် မြန်မာပြည်ထွက် ပတ္တမြားလက်စွပ်ကို ဝတ်ဆင်ခဲ့သည့် အဆိုတော် ရီဟားနားကို မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပြီး စစ်ကောင်စီဝင်ငွေရသည့် ကျောက်မျက်များပိတ်ဆို့မှုကို အားပေးထောက်ခံရန်Justice For Myanmarက ​တောင်းဆိုလိုက်သည်။

အဆိုတော် ရီဟားနားသည် Super Bowl 2023 အချိန်ပိုင်းရှိးပွဲတွင်သီချင်းသီဆိုကပြ​ဖျော်​ဖြေစဥ် မြန်မာပြည်ထွက်ပတ္တမြားလက်စွပ်တစ်ကွင်းကို ဝင်ဆင်ခဲ့ခြင်းဖြစ်သည်။

ထိုလက်စွပ်ကို နယူးယောက်မြိုတော်အခြေစိုက် Bayco Jewels ကုမ္ပဏီကပြုလုပ်ခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁ သန်း တန်ဖိုးရှိသည်။ ထိုလက်စွပ်သည် အပူမပေးမီ ၁၉ ဒသမ ၄၇ ကာရက်ရှိ ရှားပါးတွင်းထွက် သကြားလုံးပုံဖြတ် မြန်မာ့ပတ္တမြားနှင့် ပလက်တီနမ်တွင် တွဲစပ်ထားသည့် ၅ ဒသမ ၆ ကာရက်ရှိ တြိဂံပုံ အရောင်မဲ့ အနားလုံးစိန်၊ ၁၈ ကာရက် ရွေဝါများနှင့်ပြုလုပ်ထားခြင်းဖြစ်သည်။

ပတ္တမြားတူးဖော်ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းသည် မြန်မာပြည်သူများအပေါ် အကြမ်းဖက်စစ်ဆင်ရေးဆောင်ရွက်နေသည့် စစ်ကောင်စီအတွက်ဘဏ္ဍာငွေကူညီရှာဖွေပေးနေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ကောင်စီက ရီဟားနားကဲ့သို့ မြန်မာပြည်က အနုပညာရှင်များကိုလည်းသက်ညှာခြင်းမရှိဘဲအကြမ်းဖက်ဖိနှိပ်မှုများဆောင်ရွက်ခဲ့သည်ဟု JFMက​ထောက်ပြထားသည်။

ယမန်နှစ်ဇူလိုင်လတွင် နိုင်ငံရေးသမားနှင့် ဟစ်ဟော့အဆိုတော် ဖြိုးဇေယျာသော်နှင့် အခြားနိုင်ငံရေးတက်ကြွလှုပ်ရှားသူ သုံးဦးကို စစ်ကောင်စီက သေဒဏ်ချကွပ်မျက်ခဲ့သည်။

ထိုအပြင် အောက်တိုဘာလ အတွင်းကလည်း စစ်အုပ်စုက ကချင်ပြည်နယ် အနန့်ပါ​ဒေသတွင်တေးဂီတဖျော်ဖြေပွဲတစ်ခုကို စစ်ရေး အရပ်သား ပစ်မှတ် မခွဲခြားပဲ တိုက်ခိုက်မှုကြောင့် အနုပညာရှင်များနှင့် ပရိတ်သတ် ၈၀ကျော်သေဆုံးခဲ့သည်။ အခြားအနုပညာရှင်များကိုလည်း စစ်ကောင်စီကဥပဒေမဲ့ဖမ်းဆီး၊ ညှင်းပမ်းနှိပ်စက်၊ သတ်ဖြတ်မှုများကျူးလွန်ထားသည်ဟု JFMကဆိုထားသည်။

စစ်တပ်အာဏာသိမ်းနှစ်နှစ်ကျော်ကာလအတွင်း သွေးထွက်သံယိုမှု၊ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်များအတွက် ကျောက်မျက်ကဏ္ဍမှ ရရှိသည့်ဝင်ငွေသည့် အရေးပါမှူသည် ထင်ရှားသည်ဟု JFMကဆိုသည်။သို့​သော်အမေရိကန် ကျောက်မျက်ရတနာအရောင်းဆိုင်များက မြန်မာနိုင်ငံထွက် ပတ္တမြား၊ကျောက်စိမ်းနှင့် အခြားကျောက်မျက်လက်ဝတ်ရတနာများကို ရောင်းချနေဆဲဖြစ်သည်။

Bayco Jewels LLCကုမ္မဏီကမိုးကုတ်မြို့ရှိကျောက်မျက်တူးဖော်မှုများကို အရေအတွက်အနည်းငယ်ဖြင့်ဆက်လုပ်နေကြောင်း ဖော်ပြထားသည်။အမေရိကန်နိုင်ငံအနေဖြင့် မြန်မာ့ကျောက်မျက်လုပ်ငန်းကိုဒဏ်ခတ်ပိတ်ဆိုမှုအပြင် ကျောက်မျက်တင်သွင်းမှုကိုပိတ်ပင်ရန်လည်း JFM ကတောင်းဆိုထားသည်။ ထိုအပြင်ရီဟားနားအနေနှင့် မြန်မာ့ကျောက်မျက်ရတနာများကိုသပိတ်မှောက်ပြီး မြန်မာပြည်သူများနှင့်အတူ ရပ်တည်ရန်လည်း JFMကတောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာလေတပ်အမှုမှာ အရပ်ဘက်သုံးလေယာဉ်တွေကို စစ်ရေးအတွက် အသုံးပြုနိုင်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့တဲ့ အီးယူဥပဒေအကြံပေးချက်ရဲ့ သဘောထားမှတ်ချက်ကို ကြိုဆိုတယ်လို့ Justice For Myanmar-JFM က အသိပေးထားပါတယ်။

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

ဆောင်းပါး

ဗန်ရဲ့ပွဲကိုမြန်မာတစ်နိုင်ငံလုံးက​တော​ရောမြို့ပါမကျန်၊ ပြည်သူ​တွေ​ရော တော်လှန်​ရေးရဲ​ဘော်​တွေပါ စိတ်လှုပ်ရှားစွာအား​ပေးခဲ့ကြပါတယ် ။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

Trending

Facebook