Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာ့ပတ္တမြားဝင်ဆင်ခဲ့သည့် အဆို​တော်ရီဟားနားကိုမြန်မာပြည်သူများနှင့်အတူရပ်တည်ရန်JFMကတောင်းဆို

ပတ္တမြားတူးဖော်ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းသည် မြန်မာပြည်သူများအပေါ် အကြမ်းဖက်စစ်ဆင်ရေးဆောင်ရွက်နေသည့် စစ်ကောင်စီအတွက်ဘဏ္ဍာငွေကူညီရှာဖွေပေးနေခြင်းဖြစ်သည်။

မြန်မာ့ပတ္တမြားဝင်ဆင်ခဲ့သည့် အဆို​တော်ရီဟားနားကို မြန်မာပြည်သူများနှင့်အတူရပ်တည်ရန်JFMကတောင်းဆို
မြန်မာ့ပတ္တမြားဝင်ဆင်ခဲ့သည့် အဆို​တော်ရီဟားနားကို မြန်မာပြည်သူများနှင့်အတူရပ်တည်ရန်JFMကတောင်းဆို

Super Bowl 2023 ရှိုးပွဲတွင် မြန်မာပြည်ထွက် ပတ္တမြားလက်စွပ်ကို ဝတ်ဆင်ခဲ့သည့် အဆိုတော် ရီဟားနားကို မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပြီး စစ်ကောင်စီဝင်ငွေရသည့် ကျောက်မျက်များပိတ်ဆို့မှုကို အားပေးထောက်ခံရန်Justice For Myanmarက ​တောင်းဆိုလိုက်သည်။

အဆိုတော် ရီဟားနားသည် Super Bowl 2023 အချိန်ပိုင်းရှိးပွဲတွင်သီချင်းသီဆိုကပြ​ဖျော်​ဖြေစဥ် မြန်မာပြည်ထွက်ပတ္တမြားလက်စွပ်တစ်ကွင်းကို ဝင်ဆင်ခဲ့ခြင်းဖြစ်သည်။

ထိုလက်စွပ်ကို နယူးယောက်မြိုတော်အခြေစိုက် Bayco Jewels ကုမ္ပဏီကပြုလုပ်ခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁ သန်း တန်ဖိုးရှိသည်။ ထိုလက်စွပ်သည် အပူမပေးမီ ၁၉ ဒသမ ၄၇ ကာရက်ရှိ ရှားပါးတွင်းထွက် သကြားလုံးပုံဖြတ် မြန်မာ့ပတ္တမြားနှင့် ပလက်တီနမ်တွင် တွဲစပ်ထားသည့် ၅ ဒသမ ၆ ကာရက်ရှိ တြိဂံပုံ အရောင်မဲ့ အနားလုံးစိန်၊ ၁၈ ကာရက် ရွေဝါများနှင့်ပြုလုပ်ထားခြင်းဖြစ်သည်။

ပတ္တမြားတူးဖော်ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းသည် မြန်မာပြည်သူများအပေါ် အကြမ်းဖက်စစ်ဆင်ရေးဆောင်ရွက်နေသည့် စစ်ကောင်စီအတွက်ဘဏ္ဍာငွေကူညီရှာဖွေပေးနေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ကောင်စီက ရီဟားနားကဲ့သို့ မြန်မာပြည်က အနုပညာရှင်များကိုလည်းသက်ညှာခြင်းမရှိဘဲအကြမ်းဖက်ဖိနှိပ်မှုများဆောင်ရွက်ခဲ့သည်ဟု JFMက​ထောက်ပြထားသည်။

ယမန်နှစ်ဇူလိုင်လတွင် နိုင်ငံရေးသမားနှင့် ဟစ်ဟော့အဆိုတော် ဖြိုးဇေယျာသော်နှင့် အခြားနိုင်ငံရေးတက်ကြွလှုပ်ရှားသူ သုံးဦးကို စစ်ကောင်စီက သေဒဏ်ချကွပ်မျက်ခဲ့သည်။

ထိုအပြင် အောက်တိုဘာလ အတွင်းကလည်း စစ်အုပ်စုက ကချင်ပြည်နယ် အနန့်ပါ​ဒေသတွင်တေးဂီတဖျော်ဖြေပွဲတစ်ခုကို စစ်ရေး အရပ်သား ပစ်မှတ် မခွဲခြားပဲ တိုက်ခိုက်မှုကြောင့် အနုပညာရှင်များနှင့် ပရိတ်သတ် ၈၀ကျော်သေဆုံးခဲ့သည်။ အခြားအနုပညာရှင်များကိုလည်း စစ်ကောင်စီကဥပဒေမဲ့ဖမ်းဆီး၊ ညှင်းပမ်းနှိပ်စက်၊ သတ်ဖြတ်မှုများကျူးလွန်ထားသည်ဟု JFMကဆိုထားသည်။

စစ်တပ်အာဏာသိမ်းနှစ်နှစ်ကျော်ကာလအတွင်း သွေးထွက်သံယိုမှု၊ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်များအတွက် ကျောက်မျက်ကဏ္ဍမှ ရရှိသည့်ဝင်ငွေသည့် အရေးပါမှူသည် ထင်ရှားသည်ဟု JFMကဆိုသည်။သို့​သော်အမေရိကန် ကျောက်မျက်ရတနာအရောင်းဆိုင်များက မြန်မာနိုင်ငံထွက် ပတ္တမြား၊ကျောက်စိမ်းနှင့် အခြားကျောက်မျက်လက်ဝတ်ရတနာများကို ရောင်းချနေဆဲဖြစ်သည်။

Bayco Jewels LLCကုမ္မဏီကမိုးကုတ်မြို့ရှိကျောက်မျက်တူးဖော်မှုများကို အရေအတွက်အနည်းငယ်ဖြင့်ဆက်လုပ်နေကြောင်း ဖော်ပြထားသည်။အမေရိကန်နိုင်ငံအနေဖြင့် မြန်မာ့ကျောက်မျက်လုပ်ငန်းကိုဒဏ်ခတ်ပိတ်ဆိုမှုအပြင် ကျောက်မျက်တင်သွင်းမှုကိုပိတ်ပင်ရန်လည်း JFM ကတောင်းဆိုထားသည်။ ထိုအပြင်ရီဟားနားအနေနှင့် မြန်မာ့ကျောက်မျက်ရတနာများကိုသပိတ်မှောက်ပြီး မြန်မာပြည်သူများနှင့်အတူ ရပ်တည်ရန်လည်း JFMကတောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း မြို့နယ်များအတွင်း၌ စစ်ကောင်စီ၏ ခုခံစစ်နှင့် ခွာစစ်များကို တွေ့နေရကြောင်းလည်း AAကအသိ​ပေးသည်။

သတင်း

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်တွင်း ကို လာရောက်ခဲ့တဲ့ ခရီးစဉ်အပြီး မြန်မာ့နိုင်ငံရဲ့ အခြေအနေကို UNOCHA အကြီးအကဲက သြဂုတ်လ ၁၇ ရက်မှာ ထုတ်ပြန်ချက် ထုတ်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကျင်းပသည့် ၇၆ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် အာဇာနည်ခေါင်းဆောင်ကြီးများဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း၏ မြေးဖြစ်သူနှင့် ဆရာကြီး ဦးရာဇတ်၏ မြေးဖြစ်သူတို့က အာဇာနည်နေ့အတွက် အမှတ်တရစကားပြောကြားခဲ့ခြင်းဖြစ်သည်။

သတင်း

လုံခြုံရေးကောင်စီ၏ တောင်းဆိုမှုများအပေါ် စစ်တပ်အနေဖြင့် နားကန်းနေသူအလား လျစ်လျူရှုလျက်ရှိပြီး အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ် အကောင်အထည်ဖော်မှုမှာလည်း တိုးတက်မှုအလျဉ်းမရှိကြောင်း သံအမတ်ကြီးက ထည့်သွင်းပြောကြားသည်။