Connect with us

Hi, what are you looking for?

သတင်း

CDM မပြုလုပ်နိုင်ရေး စစ်အုပ်စုက နည်းမျိုးစုံအသုံးပြုပုံဖျက်နေဟု ကရင်နီပြည်သူ့ရင်ခွင် ပြော

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း (၂)နှစ်ကျော်အတွင်း ကရင်နီပြည်နယ်၌ CDM ပြုလုပ်ထားသည့် ရဲတပ်ဖွဲ့ဝင် ၃၀၀ကျော်ရှိပြီး စစ်ကောင်စီတပ်သား ၁၃၀ခန့်ရှိကြောင်း ကရင်နီပြည်သူ့ရင်ခွင်၏ အချက်အလက်များအရ သိရသည်။

(ကရင်နီပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပူးပေါင်းတိုက်ခိုက်နေသည့် CDM စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - KNDF CDM)
(ကရင်နီပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပူးပေါင်းတိုက်ခိုက်နေသည့် CDM စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - KNDF CDM)

စစ်ကောင်စီတပ်သားများ CDM မပြုလုပ်နိုင်ရေး စစ်အုပ်စုက နည်းမျိုးစုံအသုံးပြု ပုံဖျက်ရန်ကြိုးပမ်းနေကြောင်း ကရင်နီပြည်သူ့ရင်ခွင် တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

CDM ပြုလုပ်မည်အယောင်ဆောင်ကာ ဖုန်းခေါ်ခြင်း၊ နေရာချိန်းဆိုခြင်းနှင့် တော်လှန်ရေးအင်အားစုများ၏ သတင်းအချက်အလက်များကို ခိုးယူခြင်းတို့ဖြင့် စစ်ကောင်စီက ကြိုးပမ်းနေသည်ဟု ဆိုသည်။

“တစ်ဖက်လှည့်နဲ့ ကျွန်တော်တို့ မခေါ်နိုင်အောင် နည်းမျိုးစုံနဲ့ လှည့်စားနေတာ။နံပါတ် တစ်က ဒီ CDM စစ်သားတွေကို မခေါ်နိုင်အောင် အတုအယောင် ပုံစံနဲ့ကျွန် တော်တို့ကိုဆက်သွယ်ပြီး မလာတာ မျိုးလုပ်တယ်။နောက် စောင့်နေတယ်လာခေါ်ပါဆိုပြီး။ အကြောင်းအမျိုးမျိုးပြပြီး ပျောက်သွားတာမျိုးနဲ့ ကျွန်တော်တို့ စိတ်ဓာတ်ကျအောင်လုပ်တာပေါ့။CDM ဆိုတာ မယုံကြည်အောင် ကျွန်တော်တို့ကို နည်းမျိုးစုံနဲ့ လုပ်နေတယ်”ဟု အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။

၎င်းက ဆက်လက်ပြီး “နံပါတ် သုံးကတော့ ကျွန်တော်တို့ဆီက သတင်းအချက်အလက်တွေကို လုတယ်။နေရာ၊လူအင်အား အပါအဝင် တချို့ဆို အရေးကြီးတဲ့အချက်အလက်ယူ သွားတာမျိုးလုပ်တယ်”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

ယခု စစ်ကောင်စီက ကြိုးပမ်းနေသည့် မဟာဗျူဟာမှာ ကရင်နီတော်လှန်ရေးအင်အားစုများဘက်မှ CDMများထပ်မခေါ်ရန် ဆောင်ရွက်နေခြင်းဟု ၎င်းက သုံးသပ်သည်။

“တော်လှန်ရေးမှာ စစ်ကောင်စီက ဗျူဟာအမျိုးမျိုးကို လုပ်လိမ့်မယ်။ဒါတွေက ကြိုတွက်ထားပြီးသားပါ။ကျန်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ပြောချင်တာက ရဲရဲသာထွက်လာခဲ့ဖို့ပါ။အမြဲတမ်းကြိုဆိုနေ တယ်”ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း (၂)နှစ်ကျော်အတွင်း ကရင်နီပြည်နယ်၌ CDM ပြုလုပ်ထားသည့် ရဲတပ်ဖွဲ့ဝင် ၃၀၀ကျော်ရှိပြီး စစ်ကောင်စီတပ်သား ၁၃၀ခန့်ရှိကြောင်း ကရင်နီပြည်သူ့ရင်ခွင်၏ အချက်အလက်များအရ သိရသည်။

ထို့အပြင် စိစစ်ဆဲ( CDMဟု မသတ်မှတ်နိုင်သေးသူ) စစ်ကောင်စီတပ်သား ၂၀ဦးခန့်မှာလည်း ကရင်နီပြည်သူ့ရင်ခွင်၏ စီစဥ်မှုအောက်တွင်ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။