Connect with us

Hi, what are you looking for?

သတင်း

သူနာပြုဆရာမအားဖမ်းဆီးအကြမ်းဖက်သတ်ဖြတ်ခဲ့သည့်စစ်အုပ်စုမှပျူ​ခေါင်း​ဆောင်အိမ်ကိုPDFများတိုက်ခိုက်

အုတ်ဖိုမြို့နယ် ထန်းပင်ကုန်းကျေးရွာရှိ မျိုးဝင်း၏ နေအိမ်တွင်စစ်ကောင်စီတပ်က တပ်စွဲ၍ နေထိုင်ခြင်းဖြစ်ပြီး မတ်လ ၈ ရက် နံနက် ၂ နာရီကျော်တွင်သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၄ နှင့် တပ်ခွဲ ၅ တို့ ပူးပေါင်း ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

(စစ်​ကောင်စီတပ်နှင့်ပျူများ၏ ဖမ်းဆီးနှိပ်စက် ၊အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရ​သောသူနာပြုဆရာမ)
(စစ်​ကောင်စီတပ်နှင့်ပျူများ၏ ဖမ်းဆီးနှိပ်စက် ၊အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရ​သောသူနာပြုဆရာမ)

စစ်​ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်ပြီး အဓ္ဓပြုကျင့်၍သတ်ဖြတ်ခံခဲ့ရသော အုတ်ဖိုမြို့နယ်မှ CDM သူနာပြုဆရာမကိုကျူးလွန်ရာတွင်ပါဝင်ခဲ့သည့် ပျူစောထီးခေါင်းဆောင် ၏ အိမ်ကို ၄၀ မမ ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၄ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ဆရာမလေး ကိုမုဒိမ်းကျင့်သတ်ရာမှာ ပါဝင်ခဲ့တဲ့ ပျူခေါင်းဆောင် မျိုးဝင်းအိမ်ပါ။အိမ်ထဲကို ၄၀မမ ၅လုံးပစ်ထည့်နိုင်ခဲ့တယ်” ဟု တာဝန်ရှိသူကPeople’s Spring သတင်းဌာနသို့ပြောသည်။

အုတ်ဖိုမြို့နယ် ထန်းပင်ကုန်းကျေးရွာရှိ မျိုးဝင်း၏ နေအိမ်တွင်စစ်ကောင်စီတပ်က တပ်စွဲ၍ နေထိုင်ခြင်းဖြစ်ပြီး မတ်လ ၈ ရက် နံနက် ၂ နာရီကျော်တွင်သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၄ နှင့် တပ်ခွဲ ၅ တို့ ပူးပေါင်း ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

Public Service Announcement
Public Service Announcement

“ထိခိုက်မှုကတော့ မနက် ၂နာရီ ၁၅ ဖြစ်တဲ့အတွက် အတိကျမသိရဘူး” ဟု အထက်ပါတာဝန်ရှိသူကပြောသည်။

Public Service Announcement

Public Service Announcement

၄၀ မမဖြင့်ပစ်ခတ်တိုက်ခိုက်ပြီး​နောက်စစ်ကောင်စီတပ်ဘက်မှ ပြန်လှန်ပစ်ခတ်ရာတွင် ၎င်းတို့အဖွဲ့ထုတ်လုပ်ထားသည့် လက်လုပ် လက်နက်များဖြင့်ပြန်လည်ပစ်ခတ်ခဲ့ပြီး အဖွဲ့သားအားလုံး ဘေးကင်းစွာ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း အထက်ပါတာဝန်ရှိသူကပြောသည်။

“ကျွန်တော်တို့မှာ နိုင်ချင်တဲ့စိတ်ကသူတို့ယှဉ်ရဘူး။လက်လုပ် ၄၀မမ တွေနဲ့ တိုက်ခိုက်ရတာပါ။မောင်းပြန်လိုအပ်ချက်တွေ ရှိပါတယ်” ဟု၎င်းကဆိုသည်။

ပျူစောထီးမျိုးဝင်းသည် စစ်အုပ်စုအာဏာသိမ်းစကာလကတည်းကစစ်တပ်လက်ကိုင်တုတ်အနေဖြင့် လုပ်ဆောင်နေခြင်းဖြစ်ပြီး CDM သူနာပြုဆရာမကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ရာတွင်လည်း ပါဝင်ကျူးလွန်ခဲ့သူဖြစ်သည်ဟုသာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၄ မှ​ပြောသည်။

CDM သူနာပြုဆရာမသည် ဖေဖော်ဝါရီလဆန်းတွင် စစ်ကောင်စီတပ်၏ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးရုပ်အလောင်းကို ဖေဖော်ဝါရီ ၁၆ ရက်တွင်မှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အာဏာသိမ်းစစ်အုပ်စုက ကာကွယ်ရေးဝန်ကြီးကိုအပြောင်းအလဲလုပ်သလို ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး နေရာကိုလည်း လူ​ပြောင်းလိုက်ပါတယ်။ဒါ့အပြင် ဗိုလ်ချုပ်အဆင့် နဲ့ တိုင်းမှူးအဆင့်တွေအပါအဝင် စစ်တပ်ထိပ်ပိုင်း ရာထူး​တွေကိုအပြောင်းအလဲထပ်လုပ်လိုက်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်အတွင်းစစ်​ကြောင်းထိုးနေတဲ့စစ်တပ်စစ်ကြောင်းက အသက်မပြည့်သေးတဲ့ စစ်ရှောင်အမျိုးသမီးငယ်တွေအပါအဝင် ၅ဦးကို ဖမ်းဆီးပြီးအုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့တယ်လို့ဒေသခံ​တွေက​ပြောပါတယ် ။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့အလုပ်သမားဝန်ကြီးဖြစ်လာသူစစ်အရာရှိဟောင်း ဦးမောင်မြင့်က ပြည်ပရောက်မြန်မာလုပ်သားတွေလစာပြန်မလွှဲတာကြောင့်အလုပ်သမားစေလွှတ်ရတာနိုင်ငံအတွက်အကျိုးမရှိဘူးလို့ သူရဲ့ Tik Tok ကတဆင့် ပြောလာပါတယ်။

သတင်း

ရေဘေးနဲ့မြေပ်ြိမှုဘေးကြုံတွေ့နေတဲ့ လောင်းလုံမြို့နယ်ကျောက်နီမော်ရွာကိုသွားရောက်တဲ့လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကိုစစ်တပ်ကဖမ်းဆီးထားတယ်လို့သတင်းရရှိပါတယ်။