Connect with us

Hi, what are you looking for?

သတင်း

သူနာပြုဆရာမအားဖမ်းဆီးအကြမ်းဖက်သတ်ဖြတ်ခဲ့သည့်စစ်အုပ်စုမှပျူ​ခေါင်း​ဆောင်အိမ်ကိုPDFများတိုက်ခိုက်

အုတ်ဖိုမြို့နယ် ထန်းပင်ကုန်းကျေးရွာရှိ မျိုးဝင်း၏ နေအိမ်တွင်စစ်ကောင်စီတပ်က တပ်စွဲ၍ နေထိုင်ခြင်းဖြစ်ပြီး မတ်လ ၈ ရက် နံနက် ၂ နာရီကျော်တွင်သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၄ နှင့် တပ်ခွဲ ၅ တို့ ပူးပေါင်း ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

(စစ်​ကောင်စီတပ်နှင့်ပျူများ၏ ဖမ်းဆီးနှိပ်စက် ၊အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရ​သောသူနာပြုဆရာမ)
(စစ်​ကောင်စီတပ်နှင့်ပျူများ၏ ဖမ်းဆီးနှိပ်စက် ၊အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရ​သောသူနာပြုဆရာမ)

စစ်​ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်ပြီး အဓ္ဓပြုကျင့်၍သတ်ဖြတ်ခံခဲ့ရသော အုတ်ဖိုမြို့နယ်မှ CDM သူနာပြုဆရာမကိုကျူးလွန်ရာတွင်ပါဝင်ခဲ့သည့် ပျူစောထီးခေါင်းဆောင် ၏ အိမ်ကို ၄၀ မမ ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၄ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ဆရာမလေး ကိုမုဒိမ်းကျင့်သတ်ရာမှာ ပါဝင်ခဲ့တဲ့ ပျူခေါင်းဆောင် မျိုးဝင်းအိမ်ပါ။အိမ်ထဲကို ၄၀မမ ၅လုံးပစ်ထည့်နိုင်ခဲ့တယ်” ဟု တာဝန်ရှိသူကPeople’s Spring သတင်းဌာနသို့ပြောသည်။

အုတ်ဖိုမြို့နယ် ထန်းပင်ကုန်းကျေးရွာရှိ မျိုးဝင်း၏ နေအိမ်တွင်စစ်ကောင်စီတပ်က တပ်စွဲ၍ နေထိုင်ခြင်းဖြစ်ပြီး မတ်လ ၈ ရက် နံနက် ၂ နာရီကျော်တွင်သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၄ နှင့် တပ်ခွဲ ၅ တို့ ပူးပေါင်း ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

Public Service Announcement
Public Service Announcement

“ထိခိုက်မှုကတော့ မနက် ၂နာရီ ၁၅ ဖြစ်တဲ့အတွက် အတိကျမသိရဘူး” ဟု အထက်ပါတာဝန်ရှိသူကပြောသည်။

Public Service Announcement

Public Service Announcement

၄၀ မမဖြင့်ပစ်ခတ်တိုက်ခိုက်ပြီး​နောက်စစ်ကောင်စီတပ်ဘက်မှ ပြန်လှန်ပစ်ခတ်ရာတွင် ၎င်းတို့အဖွဲ့ထုတ်လုပ်ထားသည့် လက်လုပ် လက်နက်များဖြင့်ပြန်လည်ပစ်ခတ်ခဲ့ပြီး အဖွဲ့သားအားလုံး ဘေးကင်းစွာ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း အထက်ပါတာဝန်ရှိသူကပြောသည်။

“ကျွန်တော်တို့မှာ နိုင်ချင်တဲ့စိတ်ကသူတို့ယှဉ်ရဘူး။လက်လုပ် ၄၀မမ တွေနဲ့ တိုက်ခိုက်ရတာပါ။မောင်းပြန်လိုအပ်ချက်တွေ ရှိပါတယ်” ဟု၎င်းကဆိုသည်။

ပျူစောထီးမျိုးဝင်းသည် စစ်အုပ်စုအာဏာသိမ်းစကာလကတည်းကစစ်တပ်လက်ကိုင်တုတ်အနေဖြင့် လုပ်ဆောင်နေခြင်းဖြစ်ပြီး CDM သူနာပြုဆရာမကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ရာတွင်လည်း ပါဝင်ကျူးလွန်ခဲ့သူဖြစ်သည်ဟုသာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၄ မှ​ပြောသည်။

CDM သူနာပြုဆရာမသည် ဖေဖော်ဝါရီလဆန်းတွင် စစ်ကောင်စီတပ်၏ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးရုပ်အလောင်းကို ဖေဖော်ဝါရီ ၁၆ ရက်တွင်မှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သိုးခြံဘူတာအနီးက လုပ်ငန်းနဲ့ ဆိုင်ခန်း ၃၀ကို ဖယ်ရှားပေးဖို့ အာဏာသိမ်းစစ်တပ်ရဲ့လက်အောက်က မြန်မာ့မီးရထားက စာပို့ထားကြောင်း နီးစပ်သူတွေက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

သတင်း

လူထုဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ကို အလေးထားပြီး ခေတ်စနစ်ပြောင်းလဲရေး ရှေးရှုဖို့တိုက်တွန်း

သတင်း

အာဆီယံ သဘောတူညီချက်ကို လိုက်နာဖို့ ဆက်လက်ပျက်ကွက်နေတဲ့ စစ်အုပ်စုကို ထိတွေ့ဆက်ဆံခြင်းမပြုဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အိတ်ဖွင့်ပေးစာ ပေးပို့ပါတယ်။