Connect with us

Hi, what are you looking for?

သတင်း

ပင်လောင်းနယ် ဆောင်းပြောင်းဒေသသို့ လေယာဉ်၊ ရဟတ်ယာဉ်များဖြင့်ဗုံးကြဲ၍ အရပ်သားထိခိုက်သေဆုံးမှုရှိ

မတ်လ ၁၁ရက် နံနက် ၅နာရီခန့်တွင် စစ်ကောင်စီတပ်က တိုက်ခိုက်လာခြင်းဖြစ်ပြီး ညနေပိုင်း၌ လေယာဉ် ရဟတ်ယာဉ်များဖြင့် ဗုံးကြဲခဲ့၍ နမ်းနိန်းရွာဘုန်းကြီးကျောင်းရှိ ရဟန်းရှင်လူပြည်သူ များ သေကြေဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။

(ပင်လောင်းမြို့နယ် ဆောင်းပြောင်းဒေသ နမ်းနိမ်းကျေးရွာသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းအပြင် မီးကျည်များဖြင့် လူနေအိမ်များ ပစ်ခတ်မှုကြောင့် မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - PNDF-KK)
(ပင်လောင်းမြို့နယ် ဆောင်းပြောင်းဒေသ နမ်းနိမ်းကျေးရွာသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းအပြင် မီးကျည်များဖြင့် လူနေအိမ်များ ပစ်ခတ်မှုကြောင့် မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - PNDF-KK)

▪️စစ်ကောင်စီက ပအိုဝ်းအချင်းချင်းကြား၊ ကရင်နီနှင့်ပအိုဝ်းကြား ပဋိပက္ခဖြစ်စေရန် ရန်တိုက်ပေးနေဟု ပအိုဝ်းတပ် PNDF-KK သတိပေး

ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် ဆောင်းပြောင်းဒေသ နမ်းနိမ်းကျေးရွာသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းအပြင် မီးကျည်များဖြင့် လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ တိုက်လေယာဉ် ၅စီးအပါအဝင် ရဟတ်ယာဉ်များဖြင့် ဗုံးကြဲခဲ့ကြောင်း ပအိုဝ်းအမျိုးသားကာကွယ် ရေးတပ်ဖွဲ့-ခမ်းကောင်(PNDF-KK)က ထုတ်ပြန်သည်။

မတ်လ ၁၁ရက် နံနက် ၅နာရီခန့်တွင် စစ်ကောင်စီတပ်က တိုက်ခိုက်လာခြင်းဖြစ်ပြီး ညနေပိုင်း၌ လေယာဉ် ရဟတ်ယာဉ်များဖြင့် ဗုံးကြဲခဲ့၍ နမ်းနိန်းရွာဘုန်းကြီးကျောင်းရှိ ရဟန်းရှင်လူပြည်သူ များ သေကြေဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။

(ပင်လောင်းမြို့နယ် ဆောင်းပြောင်းဒေသ နမ်းနိမ်းကျေးရွာသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းအပြင် မီးကျည်များဖြင့် လူနေအိမ်များ ပစ်ခတ်မှုကြောင့် မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - PNDF-KK)
(ပင်လောင်းမြို့နယ် ဆောင်းပြောင်းဒေသ နမ်းနိမ်းကျေးရွာသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းအပြင် မီးကျည်များဖြင့် လူနေအိမ်များ ပစ်ခတ်မှုကြောင့် မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – PNDF-KK)

နမ်းနိန်းရွာ အရှေ့ဘက် ဘုရားတောင်မှ ကျေးရွာအတွင်းသို့ လက်နက်ကြီးများ၊ မီးကျည်များဖြင့် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးပစ်ခတ်ခဲ့သည့် စစ်ကောင်စီတပ်သည် ဘုရားတောင်၌ တပ်စွဲနေကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်သည် ပအိုဝ်းအချင်းချင်းအကြားပဋိပက္ခဖြစ်စေရန် ၊ ကရင်နီနှင့် ပအိုဝ်း အကြား လူမျိုးရေး ပဋိပက္ခဖြစ်စေရန် သတင်းမှားများ ဖြန့်ဝေပြီး ရန်တိုက်ပေးနေကြောင်းလည်း PNDF-KKက ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ပြည်သူတစ်ရပ်လုံးအနေဖြင့် သတင်းမှန်သိရှိနိုင်ရေးအတွက် ဒရုန်းမှ ရိုက်ကူးထားသည့် မြေပြင် သက်သေ ဓာတ်ပုံမှတ်တမ်းများနှင့်အတူ တိုက်ပွဲအခြေအနေကို ထုတ်ပြန်ခဲ့ကြောင်းလည်း ဓာတ်ပုံများနှင့်အတူ ဖော်ပြသည်။

သို့သော် ထိခိုက်သေဆုံးမှုနှင့် အရေအတွက်မည်မျှရှိသည်ကို ဖော်ပြမထားပေ။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ကလည်း နမ်းနိန်းရွာ၌ စစ်ကောင်စီတပ်က ကျူးလွန်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်များကို ယမန်နေ့က ထုတ်ပြန်ခဲ့ရာ စစ်ကောင်စီတပ်သည် မတ်လ ၁၁ရက် နံနက် ၁၁နာရီခန့်တွင် ပအိုဝ်းစစ်ရှောင်ပြည်သူများ ခိုလှုံနေသည့် ဘုန်းကြီးကျောင်းနှင့် နေအိမ်များကို မီးရှို့ခဲ့ကြောင်းဖော်ပြသည်။

စစ်ကောင်စီ၏ လုပ်ရပ်သည် သာသနာအား ဖျက်ဆီးခြင်းအပြင် လူမျိုးရေးခုတုံးလုပ်ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပအိုဝ်းလူမျိုးများအကြား အထင်အမြင်လွဲမှားအောင် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု KNDFက ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီက ပအိုဝ်းပြည်သူ့စစ်(PNO/PNA) တပ်များကို ရှမ်း- ကယား ဒေသစစ်ဆင်ရေးများ၌ အသုံးပြုဆောင်ရွက်လျက်ရှိသည်။

စစ်ကောင်စီတပ်က ပအိုဝ်းလူမျိုးများအား လူသားဒိုင်းအဖြစ်အသုံးပြုခြင်း၊ လက်ကိုင်တုတ်အဖြစ်အသုံးချခြင်းများ လုပ်ဆောင်နေ၍ ပအိုဝ်းပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လုပ်ရပ် ကိုလက်မခံရန် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပန်ကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရိုဟင်ဂျာတွေအပါအဝင် ဒေသခံ ၅ ဦးသေဆုံး၊ ၁၀ဦးခန့် ဒဏ်ရာရ

သတင်း

​အောက်တိုဘာ-၉၊၂၀၂၆။People’s Spring အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၄ ရက်ကစပြီး ၄၉၂၆ စစ်ဆင်​ရေးဆိုပြီး ရခိုင်ပြည်နယ်မှာ အာရက္ခတပ်​တော်(AA)သိမ်းပိုက်ထားတဲ့ နယ်​မြေ​တွေကို တန်ပြန်ထိုးစစ်ဆင်ဖို့ကြိုးစား​ပေမယ့် စစ်တပ်စစ်​ကြောင်း​တွေလန်ကျပြီး အထိနာ​နေချိန်မှာ AA သိမ်းပိုက်ထားတဲ့​ဒေသ​တွေက ​​ဈေး​တွေ၊တံတား​တွေ၊စစ်​ရှောင်စခန်း​တွေ ၊​ဆေးခန်း​တွေ၊​နေအိမ်​တွေကိုပါ ပစ်မှတ်ထားပြီး​လေ​ကြောင်းက​နေ ဗုံးကြဲသတ်ဖြတ်ခဲ့ပါတယ် ။စက်တင်ဘာ ၄ ရက်​နေ့က​​နေ ​အောက်တိုဘာ...

အတွေးအမြင်

ပြီးခဲ့တဲ့စက်တင်ဘာ ၂၈ ရက်က လေယာဉ်နဲ့ဗုံးကြဲခံရတဲ့ကျောက်တော်ဖြစ်စဉ်ဟာ ရခိုင်မှာ လူအသေအပျောက် အများဆုံးဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ကမ္ဘာကပါ အံ့အားသင့်မင်တက်ခဲ့ရတဲ့ လူ ၅၀ ​ကျော်သေဆုံးပြီး ၅၇ ဦီးဒဏ်ရာရရှိခဲ့တဲ့ အဲဒီဖြစ်ရပ်နောက်ပိုင်းမှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်စစ်တပ်ဟာ နေရာအနှံ့ ဗုံးကြဲမပျက်၊ အကြမ်းဖက်မပျက်ဘဲသူ့ရဲ့ဆိုးယုတ်တဲ့ဂုဏ်ကိုဆက်လက်ဆုပ်ကိုင်ထားဆဲပါ။

သတင်း

စစ်ကိုင်းတိုင်း ၊ဒီပဲယင်းမြို့နယ်၊မူးကမ်းကြီးရွာ အာဏာသိမ်းစစ်တပ်က ​အောက်တိုဘာ ၈ ရက်နေ့လယ်ပိုင်းမှာ လေကြောင်းက​နေဗုံးကြဲခဲ့လို့ မိသားစုဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

Facebook