Connect with us

Hi, what are you looking for?

သတင်း

ကနီမြို့တွင် စစ်ကောင်စီတပ်သားနှင့်ရဲများပါသောအဖွဲ့ တိုက်ခိုက်ခံရပြီး နှစ်ဦးသေ

တိုက်ခိုက်ခံရမှုကို စစ်ကူပေးရန် ကနီမြို့ပေါ်မှ စစ်ကောင်စီတပ်သားနှင့်ရဲ အင်အား ၅၀ခန့် ရောက်ရှိလာ၍ ပြည်သူ့ကာကွယ်ရေး မဟာမိတ်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟု သတင်းရရှိသည်။

(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ - KLG PDF)
(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ - KLG PDF)

စစ်ကိုင်းတိုင်း ကနီမြို့တွင် စစ်ကောင်စီတပ်သားများနှင့်ရဲများပါသော စစ်ကြောင်း တိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံးရာ သုသာန်၌ ချက်ချင်းသင်္ဂြိုလ်လိုက်ကြောင်း သတင်းရရှိသည်။

အင်အား ၃၀ခန့်ရှ်ိသော အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ယနေ့(မတ်လ ၃၀ရက်) နံနက် ၁၁နာရီခန့်တွင် ကနီမြို့ပေါ်မှ ကြို့ပင်သာဘက်သို့ ထွက်လာစဉ် ကျောက်လုံးကြီး၊ DRPAအဖွဲ့နှင့် နယ်မြေခံပကဖများက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

” စစ်တပ်ဘက်က နှစ်ယောက်သေတယ်။ နှစ်ယောက် ဒဏ်ရာရတယ်။ သေတဲ့နှစ်ကောင်ကို ကနီသုသာန်မှာ သင်္ဂြိုလ်သွားတယ်”ဟု KLG PDFကျောက်လုံးကြီးPDF ပြောရေးဆိုခွင့်ရှိသူကပြောသည်။

တိုက်ခိုက်ခံရမှုကို စစ်ကူပေးရန် ကနီမြို့ပေါ်မှ စစ်ကောင်စီတပ်သားနှင့်ရဲ အင်အား ၅၀ခန့် ရောက်ရှိလာ၍ ပြည်သူ့ကာကွယ်ရေး မဟာမိတ်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟု သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အများစုတွင် စစ်ကြောင်းထိုးနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေ၍ အထိနာနေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။