Connect with us

Hi, what are you looking for?

သတင်း

မတ္တရာတွင် သွေးသောက်အဖွဲ့ဝင်ဟုဆိုသူတစ်ဦးဖမ်းဆီးလာစဥ် ခုခံထွက်ပြေး၍ ပစ်ခတ်ခဲ့ရာ သေဆုံး

မြနန္ဒာစစ်ဆင်ရေး မန္တလေးအ‌နေဖြင့် ဇွန် ၂၁ ရက်ကလည်း မတ္တရာမြို့နယ် ကြပ်ပြင်ရွာ၌ တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့ကို စနှိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဝင်နှစ်ဦးသေဆုံးခဲ့သည်အသိ​ပေးထားသည်။

(သေဆုံးသူထံမှသိမ်းဆည်းရမိသည်ဆိုသော သွေးသောက်အမှတ်တံဆိပ်ကတ်ပြားနှင့် အခြားအသုံးအဆောင်များအား တွေ့ရစဥ်။ ဓါတ်ပုံ- မြနန္ဒာစစ်ဆင်ရေးမန္တ​လေး)
(သေဆုံးသူထံမှသိမ်းဆည်းရမိသည်ဆိုသော သွေးသောက်အမှတ်တံဆိပ်ကတ်ပြားနှင့် အခြားအသုံးအဆောင်များအား တွေ့ရစဥ်။ ဓါတ်ပုံ- မြနန္ဒာစစ်ဆင်ရေးမန္တ​လေး)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရှားစေးချက်ကြီးကျေးရွာသို့ရောက်ရှိနေသော သွေးသောက်အဖွဲ့ဝင်ဟုဆိုသူ ၁ ဦးအား ဖမ်းဆီးခေါ်ဆောင်လာစဥ် ခုခံထွက်ပြေးသော​ကြောင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း Never Give Up Fighter Force အဖွဲ့ နှင့် မြနန္ဒာစစ်ဆင်​ရေးမန္တ​လေး ပြန်ကြားရေးတာဝန်ခံနှစ်ဦးက ပြောသည်။

ဇွန်လ ၂၂ ရက်နံနက်တွင် မတ္တရာမြို့နယ် ရှားစေးချက်ကြီးရွာ၌ မသင်္ကာဖွယ်လူတစ်ဦးရောက်ရှိနေကြောင်း သတင်းရရှိသောကြောင့် မြနန္ဒာစစ်ဆင်ရေး မန္တလေး ၏ Never Give Up Fighter Force ရဲဘော်များ ကသွားရောက်စစ်ဆေးခဲ့ရာ သွေးသောက်အဖွဲ့ဝင်ပျူစောထီးတစ်ဦး ဆရာဦးပိုင်(ခ)ဦးပိုင် ဆိုသူဖြစ်နေသည်ကိုတွေ့ရှိခဲ့ကြောင်း ၎င်းတို့ကပြောသည်။

အဆိုပါ အမျိုးသားထံမှ ဖုန်းနှစ်လုံး ၊ စကားပြောစက်တစ်လုံး ၊ ၊ ကြံ့ခိုင်ရေးအမှတ်တံဆိပ်ပါ ရင်ထိုး ၁ ခု ၊ ကြံ့ခိုင်ရေးပါတီဝင် ကဒ်ပြား ၁ ခု နှင့် သွေးသောက်အဖွဲ့အမှတ်တံဆိပ်ပါ ကဒ်ပြား ၁ ခုတို့သိမ်းဆည်းရရှိခဲ့ပြီးလုပ်ထုံးလုပ်နည်းနှင့်အညီ ဖမ်းဆီးကာ စခန်းသို့ခေါ်လာစဥ် ပြန်လည်ခုခံသောကြောင့် ရှင်းလင်းလးခဲ့ရသည်ဟု မြနန္ဒာစစ်ဆင်​ရေးမန္တ​လေး ပြန်ကြားရေးတာဝန်ခံကပြောသည်။

” ဆိုင်ကယ်တစ်စီးသုံးယောက်စီးလာတာ။အလယ်ကပျူ ၊အဲဒီကောင်တံတောင်နဲ့တွက်ပြီးရုန်းတာ ဆိုင်ကယ်တောင်မှောက်တယ်။ အဲဒါကြောင့် ရှင်းလိုက်တာ” ဟု အထက်ပါတာဝန်ရှိသူကပြောသည်။

Public Service Announcement

Public Service Announcement

သို့​သော် ​သေဆုံးသွားသူသည် ​သွေး​သောက်ဟုတ်၊မဟုတ်မ​သေချာဘဲ အမှုကိုစစ်​ဆေး​နေ​ကြောင်း မန္တ​လေးပကဖ မှတာဝန်ရှိသူတစ်ဦးက​ပြောသည်။

ထိုဖြစ်စဥ်နှင့် ပတ်သက်၍ မတ္တရာပကဖအဖွဲ့တာဝန်ရှိသူတစ်ဦးက “မသေချာဘူး။သွေးသောက်လို့ စွပ်စွဲထားသော်လည်းတော်လှန်ရေးဘက်မှာလည်း ထဲထဲဝင်ဝင်ရှိနေတယ်။ အဲ့ဒီအမှုကို မြို့နယ်ရဲတပ်ဖွဲ့က ကိုင်တွယ်နေပါတယ်။”ဟု People’s Spring သို့ပြောသည်။

မြနန္ဒာ စစ်ဆင်​ရေးမန္ဆ​လေး ပြန်ကြား​ရေးတာဝန်ခံကမူ ၎င်းကို အချိန်တစ်လခန့် ​စောင့်ကြည့်ခဲ့သည်ဟုဆိုသည်။

Never Give Up Fighter Force အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံကလည်း”သူဟာ စစ်ကြောင်းဝင်တော့မယ်ဆို အမြဲလိုလို သူတစ်ရက်လောက်အလိုပျောက်ပျောက်သွားတယ်။ ခုလည်း သူကစစ်ကြောင်းမဝင်ခင် နှစ်ရက်သုံးရက် ကြိုပျောက်သွားတာ။ သူ့ကိုမသင်္ကာလို့ ဝင်စစ်တော့ သွေးသောက် တံဆိပ်တွေပါ တွေ့ရတာပါ။”ဟုပြောသည်။

မြနန္ဒာစစ်ဆင်ရေး မန္တလေးအ‌နေဖြင့် ဇွန် ၂၁ ရက်ကလည်း မတ္တရာမြို့နယ် ကြပ်ပြင်ရွာ၌ တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့ကို စနှိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဝင်နှစ်ဦးသေဆုံးခဲ့သည်အသိ​ပေးထားသည်။

မန္တလေးတိုင်းတွင် မန္တလေး၊ မတ္တရာ၊ နွားထိုးကြီးစသည့်မြို့နယ်များ၌ သွေးသောက်အဖွဲ့များက NLD ပါတီဝင်များအပါအဝင် ပြည်သူများမကြာခဏသတ်ဖြတ်၍ အလောင်းများအား လမ်းပေါ်၌ စွန့်ပစ်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

Facebook