Connect with us

Hi, what are you looking for?

သတင်း

တောင်ညို​စစ်​ကြောင်းမှ အမျိုးသမီးစစ်သည်​တော်များ မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းမလုံခြုံရေး​​ဆောင်ရွက်

စစ်ကောင်စီက အင်တားတိုးချဲ့နေသည်ကို တားဆီးရန် နှင့် စစ်ရေးအရှိန်မြှင့်ရန်အတွက်အမှတ် (၈) လမ်းမကြီးအသုံးပြုမည့် ကားများအား လုံခြုံရေးအရစစ်ဆေးသွားမည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ပြီးခဲ့သည့် ဇွန်လတွင် ထုတ်ပြန်ထားသည်။

(ဓါတ်ပုံ- Taung Nyo Column)
(ဓါတ်ပုံ- Taung Nyo Column)

မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းမလုံခြုံရေးအတွက် စစ်ဆေးနေသည့် Taung Nyo Column စစ်ကြောင်းက အမျိူးသမီးစစ်သည်များ လုံခြုံးရေး‌တာဝန်ထမ်းဆောင်နေသည့် သတင်းဓာတ်ပုံများကိုယနေ့(ဩဂုတ်လ ၉ရက်) ထုတ်ပြန်သည်။

မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းမ ပေါ် ၌ လုံခြုံရေးစစ်ဆေးနေသည့်အခြေအနေကို Taung Nyo Column စစ်ကြောင်းက ယနေ့(ဩဂုတ်လ ၉ရက်) ထုတ်ပြန်ခြင်းဖြစ်သည်။

(ဓါတ်ပုံ- Taung Nyo Column)
(ဓါတ်ပုံ- Taung Nyo Column)

” တော်လှန်ရေးကာလ ကြာမြင့်လာခြင်းနှင့်အတူ အမျိုးသမီးများဟာလည်း စစ်ရေးရဲ့ အဓိကကျ‌တဲ့ စစ်မျက်နှာပြင်များထိ လိုက်ပါပြီး တာ၀န်ထမ်းဆောင်နေလျှက်ပါ။ မိုးတွေကလည်း ဆက်တိုက်ဆိုသလို ရွာသွန်းမှုများကြားထဲမှ မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းမ လုံခြုံရေးအတွက် စစ်ဆေးနေကြတာဖြစ်ပါတယ်” ဟု​ဖော်ပြထားသည်။

​တောင်ညို​ကော်လံသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ လက်အောက်တွင် ဖွဲ့စည်းထားပြီး ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များနှင့်အတူတိုက်ပွဲဝင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက အင်တားတိုးချဲ့နေသည်ကို တားဆီးရန် နှင့် စစ်ရေးအရှိန်မြှင့်ရန်အတွက်အမှတ် (၈) လမ်းမကြီးအသုံးပြုမည့် ကားများအား လုံခြုံရေးအရစစ်ဆေးသွားမည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ပြီးခဲ့သည့် ဇွန်လတွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

နိုင်ငံတကာ

မိုနာကိုမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲမှုရဲ့ အဓိက သံသယရှိသူ အမျိုးသမီးကို ယူကရိန်း နိုင်ငံမှာ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က နေရာတွေကို လုံခြုံရေးအရ တားမြစ်လိုက်ပြီး အသွားအလာမလုပ်ကြဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB-PDF)က ဒီကနေ့ ဇွန်လ ၃၀ရက်မှာ သတိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

နိုင်ငံကကြွေကွဲရတဲ့ ကိုဖြိုးဇေယျာသော်ရဲ့ နောက်ဆုံးခရီး