Connect with us

Hi, what are you looking for?

သတင်း

မုန်းမြို့ ခမရ (၅၉၉) နှင့်ရဲစခန်းတို့ကို KNLA၊ PDF ပူးပေါင်းတပ်စီးနင်းတိုက်ခိုက်၊ တိုက်ပွဲပြင်းထန်နေ

KNLA ဦး​ဆောင်​သော ပူး​ပေါင်းတပ်များသည် ​ဒီဇင်ဘာ ၁ ရက်မှစ၍ ​ကော့ကရိတ်မြို့တွင်လည်းစစ်​ကောင်စီတပ်ကိုတိုက်ခိုက်၍တိုက်ပွဲများပြင်းထန်​နေသည်။

(KNU/KNLA တပ်ဖွဲ့ဝင်များ ၊PDF များနှင့် မုန်းမြို့ကို Google Map ၊ Google Earth တို့တွင်​တွေ့ရမှု။ ဓါတ်ပုံ-EPA၊ NUG)
(KNU/KNLA တပ်ဖွဲ့ဝင်များ ၊PDF များနှင့် မုန်းမြို့ကို Google Map ၊ Google Earth တို့တွင်​တွေ့ရမှု။ ဓါတ်ပုံ-EPA၊ NUG)

ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၅၉၉) နှင့် မုန်းမြို့ရဲစခန်းကို KNLA ၊PDF ပူးပေါင်းတပ်များက ယ​နေ့နံနက် မှစ၍ တိုက်ခိုက်နေပြီး တိုက်ပွဲအပြင်းအထန် ဖြစ်နေသည်။

ခမရ (၅၉၉) နှင့် မုန်းမြို့ရဲစခန်းကို ယမန်နေ့(ဒီဇင်ဘာလ ၂ရက်) ညမှစတင်တိုက်ခိုက်ခြင်းဖြစ်ပြီး ယနေ့ ၁၂ နာရီအထိ တိုက်ပွဲပြင်းထန်နေသည်ဟုအမှတ်(၂) စစ်ဒေခွဲ(ပဲခူးတိုင်း)၏ တာဝန်ရှိသူတစ်ဦးက People’s Spring ကိုပြောသည်။

မုန်းမြို့ရဲစခန်းကို KNLA ၊PDF ပူးပေါင်းတပ်များက သိမ်းပိုက်ပြီးဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများကပြောသလို စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်အကောင့်များကလည်း ဝန်ခံထားသည်။သို့​သော် People’s Spring က သီးခြားအတည်မပြုနိုင်​သေးဘဲ ဆက်လက်​ဖော်ပြပါမည်။

ခမရ (၅၉၉) ကို ဆက်လက်တိုက်ခိုက်နေပြီး စစ်ကောင်စီက လေကြောင်းအသုံးပြု ခုခံနေကြောင်း ​ဒေသခံများက​ပြောသည်။

Public Service Announcement

Public Service Announcement

KNLA ဦး​ဆောင်​သော ပူး​ပေါင်းတပ်များသည် ​ဒီဇင်ဘာ ၁ ရက်မှစ၍ ​ကော့ကရိတ်မြို့တွင်လည်းစစ်​ကောင်စီတပ်ကိုတိုက်ခိုက်၍တိုက်ပွဲများပြင်းထန်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

ခမရ(၅၅၇)တပ်သား ၂ဦး လက်နက် ၃လက်ယူလာပြီး အလင်းဝင်လာ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။