Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုန်းမြို့ ခမရ (၅၉၉) နှင့်ရဲစခန်းတို့ကို KNLA၊ PDF ပူးပေါင်းတပ်စီးနင်းတိုက်ခိုက်၊ တိုက်ပွဲပြင်းထန်နေ

KNLA ဦး​ဆောင်​သော ပူး​ပေါင်းတပ်များသည် ​ဒီဇင်ဘာ ၁ ရက်မှစ၍ ​ကော့ကရိတ်မြို့တွင်လည်းစစ်​ကောင်စီတပ်ကိုတိုက်ခိုက်၍တိုက်ပွဲများပြင်းထန်​နေသည်။

(KNU/KNLA တပ်ဖွဲ့ဝင်များ ၊PDF များနှင့် မုန်းမြို့ကို Google Map ၊ Google Earth တို့တွင်​တွေ့ရမှု။ ဓါတ်ပုံ-EPA၊ NUG)
(KNU/KNLA တပ်ဖွဲ့ဝင်များ ၊PDF များနှင့် မုန်းမြို့ကို Google Map ၊ Google Earth တို့တွင်​တွေ့ရမှု။ ဓါတ်ပုံ-EPA၊ NUG)

ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၅၉၉) နှင့် မုန်းမြို့ရဲစခန်းကို KNLA ၊PDF ပူးပေါင်းတပ်များက ယ​နေ့နံနက် မှစ၍ တိုက်ခိုက်နေပြီး တိုက်ပွဲအပြင်းအထန် ဖြစ်နေသည်။

ခမရ (၅၉၉) နှင့် မုန်းမြို့ရဲစခန်းကို ယမန်နေ့(ဒီဇင်ဘာလ ၂ရက်) ညမှစတင်တိုက်ခိုက်ခြင်းဖြစ်ပြီး ယနေ့ ၁၂ နာရီအထိ တိုက်ပွဲပြင်းထန်နေသည်ဟုအမှတ်(၂) စစ်ဒေခွဲ(ပဲခူးတိုင်း)၏ တာဝန်ရှိသူတစ်ဦးက People’s Spring ကိုပြောသည်။

မုန်းမြို့ရဲစခန်းကို KNLA ၊PDF ပူးပေါင်းတပ်များက သိမ်းပိုက်ပြီးဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများကပြောသလို စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်အကောင့်များကလည်း ဝန်ခံထားသည်။သို့​သော် People’s Spring က သီးခြားအတည်မပြုနိုင်​သေးဘဲ ဆက်လက်​ဖော်ပြပါမည်။

ခမရ (၅၉၉) ကို ဆက်လက်တိုက်ခိုက်နေပြီး စစ်ကောင်စီက လေကြောင်းအသုံးပြု ခုခံနေကြောင်း ​ဒေသခံများက​ပြောသည်။

Public Service Announcement

Public Service Announcement

KNLA ဦး​ဆောင်​သော ပူး​ပေါင်းတပ်များသည် ​ဒီဇင်ဘာ ၁ ရက်မှစ၍ ​ကော့ကရိတ်မြို့တွင်လည်းစစ်​ကောင်စီတပ်ကိုတိုက်ခိုက်၍တိုက်ပွဲများပြင်းထန်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။