Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကုန်းကြမ်းတပ်စခန်းမှ ထွက်ပြေးသွားသည့် စကခ (၁၆)မှ တပ်ခွဲမှူးသေဆုံးပြီး ၇ဦး အရှင်မိဟုညီ​နောင်သုံးဖွဲ ထုတ်ပြန်

စစ်သားနှင့် ပြည်သူ့စစ်အဖွဲ့ဝင်စုစုပေါင်း (၇) ဦးအား ဖမ်းဆီးနိုင်ခဲ့ကာ စစ်သုံ့ပန်းဥပဒေအရ ကောင်းမွန်စွာ ထိန်းသိမ်းထားရှိသည်ဟု အသိပေးသည်။

(ညီ​နောင်သုံးဖွဲ့က ဖမ်းဆီးခဲ့​သောစစ်သားနှင့်ပြည်သူ့စစ် ၇ ဦးနှင့် သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-The Kokang)
(ညီ​နောင်သုံးဖွဲ့က ဖမ်းဆီးခဲ့​သောစစ်သားနှင့်ပြည်သူ့စစ် ၇ ဦးနှင့် သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-The Kokang)

▪︎ရက္ခိုင်ဒေသတွင် စစ်ကောင်စီ၏ ရေတပ်နှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက်

ကိုးကန့် ဒေသ ကုန်းကြမ်း စစ်ကောင်စီတပ်စခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်များကို ကိုးကန့်တပ်မတော်(MNDAA)က တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်​နေရာ အမှတ်(၁၆)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၆) မှ တပ်ခွဲမှူး တစ်ဦးကို ရှင်းလင်းနိုင်ခဲ့ ပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် ၇ဦးကို အရှင်ဖမ်းမိခဲ့ဟု ညီနောင်မဟာမိတ် ၃ဖွဲ့က ယ​​နေ့သတင်းထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေး ၄၀ရက်နေ့မြောက်ဖြစ်သည့် ဒီဇင်ဘာ ၅ရက် စစ်ရေး အခြေအနေများကို ထုတ်ပြန်ရာ၌ ဒီဇင်ဘာ ၄ရက် ညပိုင်းက ကိုးကန့်၊ ရှီးရှမ်းဒေသ၊ ရှောက်ကိုင်ကြည်လမ်းခွဲ၌ စစ်ကောင်စီ၏ ကုန်းကြမ်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (စကခ) (၁၆) ၏ တပ်ခွဲမှူးအား ရှင်းလင်းနိုင်ခဲ့မှုကို ဖော်ပြခဲ့ခြင်းဖြစ်သည်။ ကုန်းကြမ်းစခန်းကို MNDAA က နိုဝင်ဘာ၂၈ရက်တွင်သိမ်းပိုက်ခဲ့ရာ ယင်းသို့ မသိမ်းမီ နိုဝင်ဘာ ၂၇ရက်တွင် စခက(၁၆) စကခမှူး အပါအဝင် စစ်ကောင်စီတပ်သား ၁၀၀ ကျော်ထွက်ပြေးသွားခြင်းဖြစ်သည်။

စစ်သားနှင့် ပြည်သူ့စစ်အဖွဲ့ဝင်စုစုပေါင်း (၇) ဦးအား ဖမ်းဆီးနိုင်ခဲ့ကာ စစ်သုံ့ပန်းဥပဒေအရ ကောင်းမွန်စွာ ထိန်းသိမ်းထားရှိသည်ဟု အသိပေးသည်။စစ်သုံ့ပန်းပြောကြားချက်အရ ၎င်း(၈)ယောက်ထဲတွင်စကခ(၁၂)လက်အောက်ခံ ခမရ(၅၄၅) မှ(၂)ယောက် ၊ ခမရ (၅၄၇)မှ (၂)ယောက်နှင့် ပြည်သူ့စစ်အဖွဲ့ဝင်(၄)ယောက်တို့ ဖြစ်သည်ဟုသိရသည်။ ပစ်သတ်ခံရပြီး​သေဆုံးသွား​သောသူမှာ တပ်ခွဲမှူးဖြစ်ပြီး တာရွှေထန်အမြောက်တပ်ရင်းမှ ကုန်းကြမ်းသို့ပြောင်း‌ရွှေ့ထားခြင်းဖြစ်သည်ဟု MNDAA ကလည်းထုတ်ပြန်သည်။

ထို့အပြင် ထို့ပြင် ဒီဇင်ဘာလ ၃ ရက်‌နေ့ နံနက်ပိုင်းတွင်လည်း MNDAAက မုံးကျက်စခန်းမှ ထွက်ပြေးလာသော စစ်ကောင်စီ ခမရ (၅၂၀)မှ စစ်သား ၁ ယောက်ကို ဖမ်းဆီးရရှိ ခဲ့​ကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

(ညီ​နောင်သုံးဖွဲ့က ဖမ်းဆီးခဲ့​သောစစ်သားနှင့်ပြည်သူ့စစ် ၇ ဦးနှင့် သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-The Kokang)
(ညီ​နောင်သုံးဖွဲ့က ဖမ်းဆီးခဲ့​သောစစ်သားနှင့်ပြည်သူ့စစ် ၇ ဦးနှင့် သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-The Kokang)

စစ်ဆင်ရေးအကောင်အထည်ဖော်နေသော နေရာများရှိ ရန်သူ့စစ်ကောင်စီ၏ ဗျူဟာကုန်းကြီးများ၊ တပ်စခန်းကြီး၊ ငယ်များနှင့် စစ်အာဏာရှင်သက်ဆိုးရှည်စေသည့် ကျောထောက်နောက်ခံပြု ဒေါက်တိုင်များကိုပါ စစ်ဆင်ရေး၏ အဓိကပစ်မှတ်များအဖြစ် ဆက်လက်ချေမှုန်းနေပြီး ဂျီနီဗာကွန်ဗန်းရှင်းအရ အရပ်သားပြည်သူများနှင့် စစ်သုံ့ပန်း များအား ကောင်းမွန်ဘေးကင်းစွာ စောင့်ရှောက်ရမည့် ကျင့်ဝတ်များကိုလည်း လိုက်နာဆောင်ရွက်နေသည်ဟု ညီနောင် ၃ဖွဲ့က ထုတ်ပြန်သည်။

ယမန်နေ့တွင် ရှမ်းမြောက်ဒေသအတွင်းရှိ ကွတ်ခိုင်၊ နမ့်ခမ်း၊ သီပေါနှင့် ကျောက်မဲမြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းအချို့အား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။ ရန်သူ့စခန်း အချို့အား ထိုးစစ်ဆင်တိုက်ခိုက်နေစဉ် ရန်သူသည် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် ခုခံကာကွယ် တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။ သီပေါမြို့နယ် စံဖိတ်ရွာတိုက်ပွဲတွင် တအာင်း တပ်မတော် (TNLA) နှင့်အတူ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) ပူးပေါင်းအဖွဲ့လည်း ပါဝင်တိုက်ခိုက်ခဲ့ဟု အသိပေးသည်။

ရက္ခိုင့်တပ်တော်(AA)က ချင်းပြည်နယ် ပလက်၀မြို့နယ်ရှိ စစ်ကောင်စီ၏ တရွန်အိုင်ဗျူဟာစခန်းသိမ်းပိုက်နိုင်မှု အခြေအနေကို ဖော်ပြသည်။

နိုဝင်ဘာ ၁၄ရက်က တိုက်ပွဲစတင်ခဲ့သည့် တရွန်အိုင်ဗျူဟာစခန်း ရရှိရေး စစ်ဆင်မှုသည် ၂၁ရက်အကြာ ဒီဇင်ဘာ ၄ရက် တွင် စခန်းသိမ်းနိုင်ခဲ့သည်ဟု ဖော်ပြသည်။ ရန်သူသည် လက်နက်ကြီးများ၊ လေကြောင်းတိုက်ခတ်မှု များအပြင် Chemical Warfare Agents ဓာတုဓါတ်ငွေ့ပါဗုံးများဖြင့်ပါ နေ့ညဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေသည့် ခုခံစစ်ကြားမှ အပြီးသတ်ချေမှုန်းနိုင်ခဲ့ဟု ထုတ်ပြန်သည်။

စစ်ကောင်စီတပ်က ရခိုင်ဒေသရှိ အရပ်သား ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်မှု ဆက်လုပ်ခဲ့ကြောင်း အသိပေးသည်။

စစ်ကောင်စီရေတပ်မှ ပစ်ခတ်၍ ပေါက်တောမြို့နယ်၊ မနော်သီရိကျေးရွာ၌ အမျိုးသမီးငယ် တစ်ဦး ဒဏ်ရာရရှိခဲ့သည်။စစ်ကောင်စီ၏တပ်ဖွဲ့ဝင်များသည် အဆိုပါကျေးရွာအတွင်းသို့ ဝင်ရောက်ကာ နေအိမ်များအား မီးရှို့ဖျက်စီးခဲ့သည်ဟု ထုတ်ပြန်သည်။

ထို့အပြင် မြောက်ဦးမြို့အခြေစိုက် ခမရ (၅၄၀) တပ်ရင်းမှ အရပ်သားပြည်သူလူထုအပေါ် ဦးတည်ပစ်မှတ်ထား၍ လက်နက်ကြီးများဖြင့် ပစ်ခတ်၍ မြောက်ဦးမြို့ခံ အမျိုးသမီး (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ရခိုင်ဒေသ၌ စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် ဒေသခံ ပြည်သူ ၃၀ကျော် သေဆုံးကာ အများအပြား ဒဏ်ရာရရှိထားသည်။

မောင်တောမြို့၊ စစ်ကောင်စီ၏ နခခ (၅) မှလည်း လက်နက်ကြီးများ ပစ်ခတ်မည်ဟု ခြောက်လှန့်ပြောဆိုခဲ့သည့်အတွက် မောင်တောမြို့နယ်၊ ရွှေရင်အေးကျေးရွာ အပါအဝင် ကျေးရွာအချို့မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း ဖော်ပြသည်။

စစ်ကောင်စီသည် ၁၀၂၇ စစ်ဆင်ရေးအတွင်း အရပ်သားပြည်သူများအား ရည်ရွယ်ချက်ရှိရှိ ဦးတည်ပစ်မှတ် ထားသော စစ်ရာဇဝတ်မှုများကို ဗြောင်ကျကျ ချိုးဖောက်လာနေပြီး ဒေသခံများအား ရက်ဆက်ဖမ်းဆီးလာခြင်း များကို ဆက်တိုက်ပြုလုပ်လာနေသည်ဟု ထုတ်ပြန်သည်။

ထို့အပြင် ၎င်းလက်အောက်ခံတပ်ဖွဲ့ဝင်များသည်လည်း ထွက်ပြေးတိမ်းရှောင် နေသည့် အတောအတွင်း အရပ်သားပြည်သူများအား လိုက်လံဖမ်းဆီးခြင်း၊ လမ်းပြစေခိုင်းခြင်းနှင့် လူသားဒိုင်းကာ ပြုလုပ်ခြင်းများစသော စစ်ရာဇဝတ်မှုများကို ဆက်တိုက်ကျုးလွန်နေလျက်ရှိကြောင်း ညီနောင် ၃ဖွဲ့၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။