Connect with us

Hi, what are you looking for?

သတင်း

မြ၀တီ အခြေစိုက် ခမရ(၂၇၅)ကို KNU ပူးပေါင်းတပ် သိမ်းပိုက်

နယ်စပ်ရှိ ကရင်သတင်းရင်းမြစ်တစ်ဦးကလည်း စစ်ကောင်စီတပ်များသည် ယခင် စစ်ကောင်စီလက်အောက်ခံ ဖြစ်ခဲ့သည့် နယ်ခြားစောင့်တပ်(BGF)များနှင့် ညှိနှိုင်းပြီး ဆုတ်ခွာခြင်းဖြစ်နိုင်ကြောင်း ပြောသည်။

(နာမည်ကြီး ​ကော်ဘရာ​​ကော်လံစစ်​ကြောင်းအပါအဝင်KNLA ၊ PDF ပူး​ပေါင်းတပ်ဖွဲ့ဝင်များ မြဝတီမြို့အဝင်ဆိုင်းဘုတ်ဖြင့် ယခုလပိုင်းအတွင်းစု​ပေါင်းဓါတ်ပုံရိုက်ကူးထားမှု။ ။ဓါတ်ပုံ- CJ)
(နာမည်ကြီး ​ကော်ဘရာ​​ကော်လံစစ်​ကြောင်းအပါအဝင်KNLA ၊ PDF ပူး​ပေါင်းတပ်ဖွဲ့ဝင်များ မြဝတီမြို့အဝင်ဆိုင်းဘုတ်ဖြင့် ယခုလပိုင်းအတွင်းစု​ပေါင်းဓါတ်ပုံရိုက်ကူးထားမှု။ ။ဓါတ်ပုံ- CJ)

“မြို့ကို ကျနော်တို့ အားလုံးထိန်းလိုက်ပြီ။ စကစ တော့ မရှိတော့ဘူး။ BGF တော့ရှိတယ်” KNU သတင်းရင်းမြစ်

ဟန်နွေ/People’s Spring

ကရင်ပြည်နယ် မြ၀တီမြို့အနီး တစ်ခုတည်း ကျန်နေသည့် စစ်ကောင်စီတပ် ခမရ(၂၇၅)ကို ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်က ယမန်နေ့ညပိုင်း၌ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KNUနှင့် နယ်စပ် သတင်းရင်းမြစ် တို့က ပြောပြသည်။

KNU ပူးပေါင်းတပ်က မတ်လ ၇ရက်တွင် မြ၀တီ မြို့အနီးရှိ သင်္ဃန်းညီနောင်ဗျူဟာ လက်အောက်ခံ တပ်ရင်းများအား ထိုးစစ်ဆင်ခဲ့ရာ ဧပြီလဆန်း၌ ဗျူဟာတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် မြ၀တီမြို့အနီး ခမရ(၂၇၅) တပ်မှ စစ်ကောင်စီတပ်များ လက်နက်ချရန် ညှိနှိုင်းခဲ့ရာ လက်မခံ၍ ဧပြီ ၉ရက်တွင် ထိုးစစ်ဆင်ခဲ့ရာ ဧပြီ ၁၀ရက်ညပိုင်း၌ မြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

“၂၇၅ က ရသွားပြီလေ။ ရသွားတော့ ဒီမနက် စခန်းတက်ရှင်းတာပေါ့။ သူတို့ ဆုတ်သွားတယ်။ ကျနော်တို့ လူတွေ လက်နက်ခဲယမ်းတော့ သူတို့ရထားတယ်။ မြို့ကို ကျနော်တို့ အားလုံးထိန်းလိုက်ပြီ။ စကစ တော့ မရှိတော့ဘူး။ BGF တော့ရှိတယ်” ဟု KNU သတင်းရင်းမြစ်က ပြောပြသည်။

Public Service Announcement

Public Service Announcement

မြန်မာ- ထိုင်းနယ်စပ်မြို့ဖြစ်သည့် မြ၀တီမြို့အတွင်း ရှင်းလင်းရေးလုပ်ဆောင်ရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောပြသည်။

“တပ်တွေဆုတ်တယ်ဆိုတော့ ကျနော်တို့ အုပ်ချုပ်ရေး ဖော်ဆောင်မှာပေါ့” ဟု KNU သတင်းရင်းမြစ်က ပြောသည်။

နယ်စပ်ရှိ ကရင်သတင်းရင်းမြစ်တစ်ဦးကလည်း စစ်ကောင်စီတပ်များသည် ယခင် စစ်ကောင်စီလက်အောက်ခံ ဖြစ်ခဲ့သည့် နယ်ခြားစောင့်တပ်(BGF)များနှင့် ညှိနှိုင်းပြီး ဆုတ်ခွာခြင်းဖြစ်နိုင်ကြောင်း ပြောသည်။

“ လက်ရှိ အခြေအနေ စောင့်ကြည့်တုန်းပဲ။ သူတို့ လက်နက်တွေ ဘယ်လောက်ရလဲတော့မသိဘူး။ လက်ရှိ ၂၇၅ မှာ BGF နေရာယူထားတယ်လို့ ပြောတယ်။ စကစက ဆုတ်သွားပြီ။ မနေ့ည ၁၀နာရီ ကျော်ကတည်းက BGF ဝင်နေပြီလေ” ဟု နယ်စပ်သတင်းရင်းမြစ်က ပြောသည်။

ကရင်နယ်ခြားစောင့်တပ်(BGF)သည်ယခင်ကစစ်​ကောင်စီတပ်လက်​အောက်ခံဖြစ်​သော်လည်း ၂၀၂၄ ဇန်နဝါရီ လမှစ၍စစ်တပ်ထံမှ လစာနှင့်​ထောက်ပံ့မှုမယူတော့ဘဲသီးခြားရပ်တည်​ကြောင်း​ကြေညာထားသည်။ထို​နောက် BGF အမည်မှ ကရင်အမျိုးသားတပ်မတော် (Karen National Army-KNA) အဖြစ်ပြောင်းလဲဖွဲ့စည်းမည်ဟုတာဝန်ရှိသူများကမီဒီယာသို့​​ပြောကြားထားသည်။

ယမန်နေ့ညပိုင်း၌ လေကြောင်း တိုက်ခိုက်မှုရှိခဲ့ကြောင်း၊ ထိခိုက်မှု အခြေအနေများ မသိရသေးကြောင်း ၎င်းက ဆိုသည်။

KNU ပူးပေါင်းတပ်သည် မြ၀တီမြို သိမ်းပိုက်ရေး ထိုးစစ်မှာ တစ်လနှင့် ၃ရက်သာ ကြာမြင့်ခဲ့ပြီး မြို့ကို ထိန်းချုပ်နိုင်သည့် အခြေအနေထိ အောင်မြင်မှု ရရှိခဲ့သည်။ မြ၀တီ မြို့သိမ်းတိုက်ပွဲအတွင်း ဧပြီ ၆ ရက်တွင် စစ်ကောင်စီတပ်မှ ဗျူဟာမှူး အပါအဝင် တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၆၁၇ဦး ထက်မနည်း လက်နက်ချခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ၊ ကျည်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့သည်။

စစ်​ကောင်စီက ခလရ (၂၇၅)ကိုစစ်ကူရန်အတွက် စစ်ကောင်စီ၏ အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်မှ သံချပ်ကာကား ရှစ်စီး နှင့် ကားအစီးရေ ၂၂စီး စုစု​ပေါင်းယာဥ်အစီး ၃၀ ဖြင့် ခန့်မှန်းအင်အား ၃၀၀ခန့်ပါရှိသော ယာဥ်တန်းအား မော်လမြိုင်မြို့မှတစ်ဆင့် ဧပြီ ၉ ရက်တွင် ​စေလွှတ်ခဲ့ရာ ယမန်​နေ့ည​နေတွင် တော်လှန်ရေးအဖွဲ့များက ဂျိုင်းတံတားတွင် စတင် တိုက်ခိုက်ခဲ့သည်။ ၎င်းတိုကူရန်လာ​သော ခလရ ၂၇၅မှာကျသွားပြီဖြစ်ပြီး အဆိုပါစစ်ကူကားတန်းမှာ ယ​နေ့မနက်တွင် မည်သည့်​နေရာရောက်ပြီကိုမသိရ​သေး​ပေ။

အဆိုပါကားတန်းကို ဆီကြိုးတိုက်ခိုက်ရန် အသင့်ပြင်ထားကြောင်းလည်းကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက လူထုနွေဦးသို့ ပြောကြားထားသည်။

စစ်​ကောင်စီအတွက် နိုင်ငံ​မြောက်ပိုင်းတွင်နယ်စပ်ကုန်သွယ်​ရေးစခန်းရှိ​သော လွယ်ဂျယ်မြို့ကို KIA ထံလက်လွှတ်ဆုံးရှုံးရပြီး ရက်ပိုင်းအတွင်း မြဝတီမြို့ကို KNLA ဦး​ဆောင်​သော ​တော်လှန်​ရေးတပ်များထံလက်လွှတ်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

မူဆယ် ၁၀၅ မိုင်ကုန်သွယ်​ရေးစခန်းကိုလည်းAA က သိမ်းပိုက်ထားပြီး ရှမ်း​မြောက် မြို့အများစုကို ညီ​နောင်မဟာမိတ် သုံးဖွဲ့က သိမ်းပိုက်ထား၍ မူနယ်နယ်စပ်ကုန်သွယ်​ရေးရပ်နား​နေသလို ၊ ချင်း​ရွှေ​ဟောနယ်စပ်ကုန်သွယ်​ရေးစခန်းကို MNDAA ၊ ချင်းပြည်နယ်တွင် အိန္ဒိယနှင့်ကုန်သွယ်​သော ရိဒ်​ခေါ်ဒါမြို့ရှိ နယ်စပ်ကုန်သွယ်​ရေးစခန်းကို CNA ဦး​ဆောင်​သော ချင်းပူး​ပေါင်းတပ်၊ မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်​ရေးစခန်းရှိ​သောပလက်ဝမြို့ကို ရက္ခိုင့်တပ်​တော် -AA တို့က အသီသီးသိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်ထောင်စုထဲ၌ အဖွဲ့ဝင်အဖြစ်ပါဝင်ရန် သေချာဟု KNU ထပ်မံအသိပေး

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၂)နယ်မြေ တောင်ငူခရိုင်တွင် စစ်ကောင်စီတပ်၏ လမ်းကင်းကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်ရှိခဲ့ကြောင်း People Defence Force Thandaung တာဝန်ရှိသူက ပြောသည်။

သတင်း

ကရင်ပြည်နယ် ဖာပွန် - ကမမောင်း လမ်းပိုင်းက ကတိုင်တိစခန်းကို တိုက်ယူပြီး ငါးလနီးပါးအကြာမှာ ပြန်လည်လက်လွှတ်လိုက်ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က ပြည်သူများအပေါ် ကျူးလွန်နေသည့် အကြမ်းဖက်မှု မှတ်တမ်းများစွာ ရှိပြီး အဆိုပါ အကြမ်းဖက်မှုများအတွက် တနေ့ ပြန်လည်တာဝန်ခံရမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောကြားသည်။