Connect with us

Hi, what are you looking for?

သတင်း

မြို့အချို့ရှိ ရေဘေး‌ရှောင်စခန်းများကို စစ်ကောင်စီ ဝင်ရောက်တပ်စွဲ

ချင်းတွင်းမြစ်ရေသည် စစ်ကိုင်းတိုင်း ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊မော်လိုက်မြို့နယ်၊ ကလေးဝမြို့နယ်နှင့် မင်းကင်းမြို့နယ်တို့၌ စိုးရိမ်‌ရေမှတ်အထက် မြင့်တက်နေသည်။

(စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အချို့ ရေကြီးနစ်မြုပ်မှုမြင်ကွင်းများ။ ဓာတ်ပုံ - CJ)
(စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အချို့ ရေကြီးနစ်မြုပ်မှုမြင်ကွင်းများ။ ဓာတ်ပုံ - CJ)

မိထက်/People’s Spring

ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေသည် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းအတွင်း မြို့နယ် ရှစ်ခုထက်မနည်း စိုးရိမ်ရေမှတ်အထက်မြင့်တက်နေ၍ ရေကြီးနစ်မြုပ်မှုကြုံတွေ့နေစဉ် မြို့အချို့ရှိ ရေဘေး‌ရှောင်စခန်းများ၌ စစ်ကောင်စီက ဝင်ရောက်တပ်စွဲနေသည်။

ယနေ့(ဇူလိုင် ၉ရက်)နံနက်ပိုင်း အခြေအနေအရဧရာဝတီမြစ်ရေသည် စစ်ကိုင်းတိုင်း ကသာမြို့နယ်၊ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်တို့၌ စိုးရိမ်ရေမှတ်အထက် (၃)ပေခန့် မြင့်တက်နေခြင်းဖြစ်သည်။

ချင်းတွင်းမြစ်ရေသည် စစ်ကိုင်းတိုင်း ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊မော်လိုက်မြို့နယ်၊ ကလေးဝမြို့နယ်နှင့် မင်းကင်းမြို့နယ်တို့၌ စိုးရိမ်‌ရေမှတ်အထက် မြင့်တက်နေသည်။

Public Service Announcement

Public Service Announcement

(စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အချို့ ရေကြီးနစ်မြုပ်မှုမြင်ကွင်းများ။ ဓာတ်ပုံ - CJ)
(စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အချို့ ရေကြီးနစ်မြုပ်မှုမြင်ကွင်းများ။ ဓာတ်ပုံ – CJ)

ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊မော်လိုက်မြို့နယ်တို့၌ ရေကြီးနစ်မြုပ်မှုပိုမိုဆိုးဝါးနေပြီး ချင်းတွင်းမြစ်ရေသည် စိုးရိမ်‌ရေမှတ်အထက် (၇)ပေမှ (၉)ပေခန့်အထိမြင့်တက်နေသည်။

” ရေတက်နေတာက တစ်ပတ်လောက်ရှိပြီ။ အိမ်မှာနေလို့မရတော့ ရေဘေးလျှောင်စခန်းဖွင့်ကြတယ်။ တချို့စခန်းတွေကို စစ်တပ်ကဝင်ထိုင်ပြီး ဒေသခံတွေကိုမဝင်ခိုင်းဘူးဖြစ်နေတယ်”ဟု မော်လိုက်မြို့ခံတစ်ဦးက ပြောသည်။

ရေဘေးရှောင်စခန်းများ၌ စစ်ကောင်စီက ဝင်ရောက်တပ်စွဲနေထိုင်ချိန်၌ ဒေသခံများအားစစ်ဆေးမေးမြန်းခြင်းများလည်းပြုလုပ်သည်ဟု သိရသည်။

မင်းကင်းမြို့နယ်တွင်လည်း ရေဘေးသင့်ပြည်သူ တစ်သောင်းကျော်ရှိနေပြီး အများစုကို ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် အုပ်ချုပ်ရေးအဖွဲ့များက နေရာချထားရေးကူညီပေးနေကြောင်း သတင်းရရှိသည်။

ဧရာဝတီမြစ်ကမ်းဘေးမြို့ဖြစ်သည့် သပိတ်ကျင်းမြို့နယ်တွင်လည်း မြစ်ရေမြစ်တက်လာမှုကြောင့် မြေနိမ့်ပိုင်းနေရာမှကျေးရွာများ ရေကြီးနစ်မြုပ်နေသည်။

ရေဘေးသင့်ပြည်သူများနှင့် အိမ်မွေးတိရိစ္ဆာန်များ ရွှေ့ပြောင်းနေရာချထားရေးကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များက ဆောင်ရွက်ပေးနေကြောင်း သတင်းရရှိသည်။

လက်တလော ရေကြီးနစ်မြုပ်နေသည့်ဒေသများမှ ရေးဘေးသင့်ပြည်သူဦးရေစာရင်းကို အတိအကျကောက်ယူနိုင်ခြင်း မရှိသေးပေ။

မြို့အများစုတွင် မြို့ပေါ်နေရာများအား စစ်ကောင်စီက ထိန်းချုပ်ထားပြီး ပတ်ဝန်းကျင် ကျေးရွာများ၌ အမျိုးသားညီညွတ်ရေးအစိုးရက ထိန်းချုပ်ထားသည်။

ထို့အပြင် လက်ရှိရေကြီးနစ်မြုပ်နေသည့်ဒေသအချို့၌ စစ်ရေးအခြေအနေလည်း ငြိမ်သက်မှုမရှိပေ။

(စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အချို့ ရေကြီးနစ်မြုပ်မှုမြင်ကွင်းများ။ ဓာတ်ပုံ - CJ)
(စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အချို့ ရေကြီးနစ်မြုပ်မှုမြင်ကွင်းများ။ ဓာတ်ပုံ – CJ)

သပိတ်ကျင်းမြို့နယ်အတွင်း စစ်ရေးတင်းမာနေသလို သပိတ်ကျင်းနှင့်ဆက်စပ်နေသည့်စဥ့်ကူးမြို့နယ်မှ စစ်ကောင်စီစခန်းများကိုလည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကတိုက်ခိုက်နေသည်။

လက်ရှိရာသီဥတုအ‌ခြေအနေအရ မြန်မာနိုင်ငံအထက်ပိုင်းနှင့်အလယ်ပိုင်းတွင် မိုးရွားသွန်းမှုလျော့ကျနေ၍ မြစ်ရေများကျဆင်းလာဖွယ်ရှိသည်။ မိုးရွာနိုင်ခြေနှင့်ပတ်သက်၍ ဇူလိုင် ၁၀ရက်နောက်ပိုင်း၌ မြန်မာနိုင်ငံအောက်ပိုင်းဒေသများ၊မြစ်ဝကျွန်းပေါ်နှင့် ကမ်းရိုးတန်းဒေသများ၌ မိုးကြီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာနက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

တရုတ်နိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေက ရေကြီးမှုတွေအတွင်း သေဆုံးသူ ဦးရေဟာ ၂၂ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။