Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် တန်ကြေးမြင့်ကျောက်စိမ်းတုံး KIO တူးဖော်ရရှိဟု ဒေသခံများပြော

အဆိုပါကျောက်စိမ်းတုံးမှ ရရှိသည့်ငွေကြေးကို စစ်အာဏာရှင်တော်လှန်ရေးတွင် အသုံးပြုပေးရန်လည်း ဒေသခံများက မှတ်ချက်ပေးသည်။

(၂၀၂၀ တွင် ဝှေ့ခါးမှော်၌ ကျောက်စိမ်းတုံးတစ်တုံးတွေ့ရှိ၍ သယ်ယူနေစဉ်။ ဓာတ်ပုံ - CJ)
(၂၀၂၀ တွင် ဝှေ့ခါးမှော်၌ ကျောက်စိမ်းတုံးတစ်တုံးတွေ့ရှိ၍ သယ်ယူနေစဉ်။ ဓာတ်ပုံ - CJ)

မိထက်/People’s Spring

ဖားကန့်ဒေသတွင် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)နှင့် စီးပွားရေးလုပ်ငန်းရှင်အချို့ အကျိုးတူ တူးဖော်သည့်ကျောက်စိမ်းလုပ်ကွက်မှ တန်ဝက်နီးပါး အလေးချိန်ရှိ ဘီလီယံချီတန်ကြေးရှိသော ကျောက်စိမ်းတုံး တူး‌ဖော်ရရှိခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

ဖားကန့်မြို့ ၊ဆိပ်မူအုပ်စု၊ ဝှေခါကျေးရွာရှိ ဝှေခါမှော်တွင် တူးဖော်ရရှိခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

” KIO နဲ့ လုပ်ငန်းရှင်တချို့ပါတယ်။ ကျောက်ကို ဖားကန့်ကနေ သယ်ထုတ်သွားပါပြီ။ ပြည်တန် ကျောက်လို့ ပြောကြတယ်။ နောက်ပြီး ကျပ်ငွေ ၅ ဘီလီယံလောက်တန်တယ်ကြားတယ်”ဟု အဆိုပါဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

တူးဖော်ရရှိသောကျောက်စိမ်းတုံးသည် တန်ဝက်ခန့်အလေးချိန်ရှိပြီး ကျောက်အရည်အသွေးအလွန်ကောင်းကြောင်း၊ ပြီးခဲ့သည့်ဧပြီက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယခုအခါ အရောင်းအဝယ်ကိစ္စပြီးမြောက်သွားပြီဟု ဖားကန့်ဒေသခံ လောပန်းတစ်ဦးက ပြောသည်။

” တရုတ်အထိ ရောက်သွားပါပြီ။ ဒီကထွက်တဲ့ ကျောက်စိမ်းမှန်သမျှ တရုတ်မှာပဲ ဈေးကွက် ကောင်းတာ”ဟု ‌၎င်းက ပြောသည်။

အဆိုပါကျောက်စိမ်းတုံးမှ ရရှိသည့်ငွေကြေးကို စစ်အာဏာရှင်တော်လှန်ရေးတွင် အသုံးပြုပေးရန်လည်း ဒေသခံများက မှတ်ချက်ပေးသည်။

” တော်လှန်ရေးအတွက် ထိရောက်တဲ့နေရာတွေမှာ ပြန်သုံးစေချင်တယ်။ ဒါကိုလည်း KIOအစိုးရအနေနဲ့ တစ်ခုခုထွက်ပြောစေချင်တယ်”ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ဖားကန့်ဒေသ၌ စစ်ကောင်စီအပြင် KIOပါ ကျောက်စိမ်းတူးဖော်ရေးစီမံကွပ်ကဲကြောင်း ဒေသခံများက ပြောသည်။

ကျောက်စိမ်းတုံးတူးဖော် တွေ့ရှိမှုနှင့်ပတ်သက်၍ KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)က ဖမ်းဆီးထိန်းသိမ်းထားတဲ့ အကျဉ်းသား ၂၃ဦးကို လွှတ်ပေးခဲ့ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုတွေ ညီညွတ်ဖို့၊ စစ်ရေးအရဟန်ချက်ညီဖို့၊ ဗျူဟာမြောက်ပူးပေါင်းမှု ပိုမြှင့်တင်ဖို့ NUG တိုက်တွန်း

သတင်း

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် ပန်ဝါဒေသ လဂွေကျေးရွာမှာ တရုတ်လုပ်ငန်းရှင်ရဲ့ ယမ်းဂိုဒေါင်ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ထိခိုက်သေဆုံး၊ ပျက်စီးဆုံးရှုံးမှု အခြေအနေ အသေးစိတ် စစ်ဆေးနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား