Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် တန်ကြေးမြင့်ကျောက်စိမ်းတုံး KIO တူးဖော်ရရှိဟု ဒေသခံများပြော

အဆိုပါကျောက်စိမ်းတုံးမှ ရရှိသည့်ငွေကြေးကို စစ်အာဏာရှင်တော်လှန်ရေးတွင် အသုံးပြုပေးရန်လည်း ဒေသခံများက မှတ်ချက်ပေးသည်။

(၂၀၂၀ တွင် ဝှေ့ခါးမှော်၌ ကျောက်စိမ်းတုံးတစ်တုံးတွေ့ရှိ၍ သယ်ယူနေစဉ်။ ဓာတ်ပုံ - CJ)
(၂၀၂၀ တွင် ဝှေ့ခါးမှော်၌ ကျောက်စိမ်းတုံးတစ်တုံးတွေ့ရှိ၍ သယ်ယူနေစဉ်။ ဓာတ်ပုံ - CJ)

မိထက်/People’s Spring

ဖားကန့်ဒေသတွင် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)နှင့် စီးပွားရေးလုပ်ငန်းရှင်အချို့ အကျိုးတူ တူးဖော်သည့်ကျောက်စိမ်းလုပ်ကွက်မှ တန်ဝက်နီးပါး အလေးချိန်ရှိ ဘီလီယံချီတန်ကြေးရှိသော ကျောက်စိမ်းတုံး တူး‌ဖော်ရရှိခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။

ဖားကန့်မြို့ ၊ဆိပ်မူအုပ်စု၊ ဝှေခါကျေးရွာရှိ ဝှေခါမှော်တွင် တူးဖော်ရရှိခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

” KIO နဲ့ လုပ်ငန်းရှင်တချို့ပါတယ်။ ကျောက်ကို ဖားကန့်ကနေ သယ်ထုတ်သွားပါပြီ။ ပြည်တန် ကျောက်လို့ ပြောကြတယ်။ နောက်ပြီး ကျပ်ငွေ ၅ ဘီလီယံလောက်တန်တယ်ကြားတယ်”ဟု အဆိုပါဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

တူးဖော်ရရှိသောကျောက်စိမ်းတုံးသည် တန်ဝက်ခန့်အလေးချိန်ရှိပြီး ကျောက်အရည်အသွေးအလွန်ကောင်းကြောင်း၊ ပြီးခဲ့သည့်ဧပြီက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယခုအခါ အရောင်းအဝယ်ကိစ္စပြီးမြောက်သွားပြီဟု ဖားကန့်ဒေသခံ လောပန်းတစ်ဦးက ပြောသည်။

” တရုတ်အထိ ရောက်သွားပါပြီ။ ဒီကထွက်တဲ့ ကျောက်စိမ်းမှန်သမျှ တရုတ်မှာပဲ ဈေးကွက် ကောင်းတာ”ဟု ‌၎င်းက ပြောသည်။

အဆိုပါကျောက်စိမ်းတုံးမှ ရရှိသည့်ငွေကြေးကို စစ်အာဏာရှင်တော်လှန်ရေးတွင် အသုံးပြုပေးရန်လည်း ဒေသခံများက မှတ်ချက်ပေးသည်။

” တော်လှန်ရေးအတွက် ထိရောက်တဲ့နေရာတွေမှာ ပြန်သုံးစေချင်တယ်။ ဒါကိုလည်း KIOအစိုးရအနေနဲ့ တစ်ခုခုထွက်ပြောစေချင်တယ်”ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ဖားကန့်ဒေသ၌ စစ်ကောင်စီအပြင် KIOပါ ကျောက်စိမ်းတူးဖော်ရေးစီမံကွပ်ကဲကြောင်း ဒေသခံများက ပြောသည်။

ကျောက်စိမ်းတုံးတူးဖော် တွေ့ရှိမှုနှင့်ပတ်သက်၍ KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) စစ်ရေးခေါင်းဆောင်တွေ ပါဝင်ဦးဆောင်ထားတာဖြစ်ပြီး စစ်ရေးဖော်ဆောင်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ရေးဖော်ဆောင်မယ်လို့ SCEF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ရဲ့ လူဝင်မှုကြီးကြပ်ရေးသင်တန်းကျောင်းဆင်းပွဲကို ဌာနချုပ် လိုင်ဇာမြို့မှာ မနေ့က ကျင်းပခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မြစ်ဆုံရေကာတာ စီမံကိန်းကို လုံး၀ဖျက်သိမ်းရေး ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ရဲ့ သဘောထားကို ထုတ်ပြန်ပေးဖို့ တင်ပြလိုကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)ဒါရိုက်တာ မဆိုင်းမိုင်က ပြောကြားပါတယ်။

Facebook