Connect with us

Hi, what are you looking for?

သတင်း

ထန်တလန်မြို့ကို ချင်းပူးပေါင်းတပ် ဝိုင်းထားပြီး မြို့အတွင်း စစ်ကောင်စီကင်းစင်အောင်တိုက်ခိုက်နေဟု CNAပြော

ချင်းပြည်နယ် ထန်တလန်မြို့ကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF) ပူးပေါင်းတပ်များက ဝိုင်းထားပြီး လက်ကျန် စစ်ကောင်စီတပ်ဖွဲ့များ ကင်းစင်အောင် ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ချင်းပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်းကုန်းတစ်ခုအား သိမ်းပိုက်ပြီးနောက် တွေ့ရသော ချင်းပူးပေါင်းတပ်မှ ရဲဘော်များ။ ဓာတ်ပုံ - Chinland News

ဟန်နွေ/People’s Spring

ချင်းပြည်နယ် ထန်တလန်မြို့ကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF) ပူးပေါင်းတပ်များက ဝိုင်းထားပြီး လက်ကျန် စစ်ကောင်စီတပ်ဖွဲ့များ ကင်းစင်အောင် ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

CNAနှင့် CDFများစုဖွဲ့ထားသည့် ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များသည် ထန်တလန်မြို့ သိမ်းပိုက်နိုင်ရေး ဇူလိုင် ၂၂ရက်မှစတင်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ထန်တလန်မြို့တွင်းရှိ စစ်ကောင်စီအထိုင်စခန်းကို သိမ်းပိုက်ထားပြီးဖြစ်သကဲ့သို့ ဟားခါးနှင့် ထန်တလန်ကြားရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း ချင်းပြည်ကောင်စီ ပူးပေါင်းတပ်က သိမ်းပိုက်ထားသည်။

လက်ရှိတွင် ထန်တလန်မြို့တွင်းရှိစစ်ကောင်စီတပ်များသည် တိုက်တာ အဆောက်အဦးနှင့် ဘုရားကျောင်းများ၌ ခိုလှုံနေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းမှ ခဲယမ်း၊ရိက္ခာဖြည့်တင်းလျက်ရှိဟု ဆိုသည်။

” ဩဂုတ် ၁၂ရက်ကနေ့ကတော့ ဟားခါးမြို့အဝင် အဲဒီမှာတော့ တောင်တစ်ခုသိမ်းလိုက်တယ်။ အဲဒီဟာက ဟားခါးကနေထန်တလန်ဘက်ကို စစ်ကူမလာနိုင်အောင်ပေါ့။ မြေပြင်ကနေ စစ်ကူပို့တာတော့မရှိဘူး။ လေယာဉ်ကနေတဆင့်ကျည်ဆံတွေ စားနပ်ရိက္ခာတချို့တော့လာချပေးတာရှိတယ်။ကျနော်တို့ကလည်းထန်တလန်မြို့ကို အားလုံးက ဝိုင်းထားတယ်”ဟု ဆလိုင်းထက်နီက လက်ရှိထန်တလန် အခြေအနေကို ယနေ့ (ဩဂုတ် ၁၄ရက်)တွင်ပြောပြသည်။

ချင်းပြည်ကောင်စီ ပူးပေါင်းတပ်ဖွဲ့များ၏ ဦးတည်ချက်မှာ ထန်တလန်မြို့တွင်းရှိ စစ်ကောင်စီတပ်များ အမြန်ဆုံးကင်းစင်နိုင်အောင် တိုက်ပွဲဆင်နွှဲနေခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ဇူလိုင် ၂၂ရက်မှ ဩဂုတ်၁၄ရက်အထိ ဟားခါး-ထန်တလန်ကြားနှင့်ထန်တလန်မြို့ရှိစစ်ကောင်စီ စခန်း ၈ခုထက်မနည်းကို ချင်းပူးပေါင်းတပ်က သိမ်းပိုက်ရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook