Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့အနီးကို စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြန်

ချင်းပြည်နယ် မင်းတပ်မြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့ကြောင်း ဒေသခံက ပြောသည်။

စက်တင်ဘာ ၇ ရက်က မင်းတပ်မြို့နယ်တနေရာကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - Ĥkl Mindat

ဟန်နွေ/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့ကြောင်း ဒေသခံက ပြောသည်။

စက်တင်ဘာ ၂၄ရက် နံနက် ၆နာရီခွဲမှ ၇နာရီအတွင်း မင်းတပ်မြို့အနီးနေရာများကို ပေါင် ၅၀၀ ဗုံးများ၊ ဗုံးအသေးများ ကြဲချပြီး လေးကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“အထိအခိုက်ရှိနိုင်ပါတယ်။ ဖုန်းလိုင်းမရတာရယ် လူနေနည်းတော့ သေချာမသိရသေးဘူး”ဟု မင်းတပ်ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိဘဲလေကြောင်းတိုက်ခိုက်မှုများဆက်တိုက်လုပ်ဆောင်နေခြင်းဖြစ်သည်။

စက်တင်ဘာ ၂၀ရက်၊ ၁၉ရက်၊၁၈ရက်၊ ၁၇ရက်၊ စက်တင်ဘာ ၉ရက်၊ စက်တင်ဘာ ၇ရက်၊ စက်တင်ဘာ ၆ရက် စက်တင်ဘာ ၄ရက်များကလည်း မင်းတပ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ ထို့ပြင် ဩဂုတ်အတွင်းကလည်း စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုများ ရှိခဲ့ပြီး စက်တင်ဘာတွင် တိုက်ခိုက်မှု ပိုမိုပြုလုပ်လာခြင်းဖြစ်သည်။

မင်းတပ်အခြေစိုက် စစ်ကောင်စီတပ် ခလရ(၂၇၄) တပ်ရင်းသို့လည်း လေကြောင်းမှ ရိက္ခာခဲယမ်းဖြည့်တင်းမှုများ ပြုလုပ်လျက်ရှိသည်။

စစ်ကောင်စီတပ်သည် ယနေ့နံနက်အစောတွင်လားရှိုးမြို့ကို လေကြောင်း တိုက်ခိုက်မှု ၄ကြိမ်ပြုလုပ်ခဲ့ရာ အရပ်သား တစ်ဦးသေဆုံးကာ ၁၅ဦး ဒဏ်ရာရခဲ့ကြောင်း ရှမ်းမြောက်ဒေသခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။