Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို USAID ပြင်းထန်စွာရှုတ်ချ

စာသင်ကျောင်းများအား တိုက်ခိုက်မှုများကို ယခုချက်ချင်းရပ်တန့်ရမည်ဟုဆို

ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း ဒေါဆီအီးကျေးရွာရှိစာသင်​ကျောင်း ဗုံးကြဲခံရပြီး​နောက်​ကျောင်းသား​ကျောင်းသူ များ၏ ​လွယ်အိတ်နှင့်စာအုပ်များ ပျက်စီး​နေမှု။ ဓါတ်ပုံ- CJ

ထားအိ/People’s Spring

အရပ်သားများနှင့် ထိခိုက်လွယ်သော ရပ်ရွာလူမှုအသိုင်းအဝိုင်းများအပေါ် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ဆောင်မှုများကို ပြင်းထန်စွာရှုတ်ချကြောင်း အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ(USAID)က ထုတ်ပြန်သည်။

စစ်ကောင်စီအနေဖြင့် မြန်မာပြည်သူများ အထူးသဖြင့်ကျောင်းသူ/ကျောင်းသားများ၊ကျောင်းဆရာ/ဆရာမများ၏ လုံခြုံရေးအတွက် မြန်မာနိုင်ငံရှိစာသင်ကျောင်းများအား တိုက်ခိုက်မှုများကို ယခုချက်ချင်းရပ်တန့်ရမည် ဖြစ်ကြောင်း ဖော်ပြသည်။

ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း ဒေါဆီအီးကျေးရွာရှိစာသင်​ကျောင်း ဗုံးကြဲခံရပြီး​နောက်​ကျောင်းသား​ကျောင်းသူ များ၏ ​လွယ်အိတ်နှင့်စာအုပ်များ ပျက်စီး​နေမှု။ ဓါတ်ပုံ- CJ

မှတ်တမ်းပြုစုထားချက်များအရ လွန်ခဲ့သည့်နှစ်နှစ်အတွင်း စာသင်ကျောင်းပေါင်း (၁၇၄) ကျောင်းကို ပစ်မှတ်ထားတိုက်ခိုက်မှုများနှင့်အတူ မြန်မာနိုင်ငံရှိ အရပ်သားများနေထိုင်ရာဒေသများကို ပစ်မှတ်ထားတိုက်ခိုက်မှုများသည် အရပ်သားများကိုသေဆုံးစေခဲ့ပြီး ကလေးသူငယ်များနှင့် လူငယ်များသည်လည်း ၎င်းတို့၏ လုံခြုံစွာပညာသင်ကြားခွင့်ကို ငြင်းပယ်ခံခဲ့ရကြောင်း USAID က ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ပစ်မှတ်ထားတိုက်ခိုက်မှုများသည် USAID မှ ပြည်တွင်းပညာရေးမိတ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိသည့် မြန်မာနိုင်ငံရှိ ပဋိပက္ခဒဏ်ခံစားနေကြရသော ကလေးသူငယ်များနှင့် လူငယ် (၃၀၀,၀၀၀) ကျော်အတွက် လုံခြုံစိတ်ချရသောပညာသင်ကြားရေးနေရာများဖန်တီးထောက်ပံ့ပေးနိုင်ရေးလုပ်ငန်းကို ခြိမ်းခြောက်နေသည်ဟု ဖော်ပြသည်။

ဖယ်ခုံမြို့နယ်၊ ဘန်​ကောက် စစ်​ရှောင်စခန်း ဗုံးကြဲခံရပြီး​နောက်​ ပျက်စီး​နေမှု။ ဓါတ်ပုံ- Job for Kayah

စစ်ကောင်စီသည် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်ရှိ စာသင်ကျောင်းများကို လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ခိုင်လုံပြီး စိစစ်အတည်ပြုထားသော အစီရင်ခံစာများကို စက်တင်ဘာလအစောပိုင်းတွင် USAID က လက်ခံရရှိခဲ့သည်ဟု အသိပေးသည်။ ထိုတိုက်ခိုက်မှုများအတွင်း အသက် (၉) နှစ်မှ (၁၆)နှစ်ကြား ကလေးငယ်အများအပြား သေဆုံးခဲ့ကြရပြီး အခြားသူများလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဖော်ပြသည်။

ဆက်လက်ဖြစ်ပွားလျက်ရှိသည့် အကြမ်းဖက်လုပ်ဆောင်မှုများ၏ ခြိမ်းခြောက်မှုသည် အထောက်အပံ့များနှင့် မရှိမဖြစ်လိုအပ်သောဝန်ဆောင်မှုများ လိုအပ်နေသည့် ရပ်ရွာလူမှုအသိုင်းအဝိုင်းများထံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ၏ လက်လှမ်းမှီရောက်ရှိနိုင်မှုကို ဆက်လက်ပိတ်ပင်တားဆီးလျက်ရှိကြောင်း USAID က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကသာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ နစ်နာသူ ဖြစ်နေတာလို့ အီရန် သမ္မတ မာဆုဒ် ပက်ဇက်ရှ်ခန်းက ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားသွားပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တုံ့ပြန်လိုက်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

Facebook