Connect with us

Hi, what are you looking for?

သတင်း

လားရှိုးကို စစ်ကောင်စီ ယနေ့နံနက် လေကြောင်းထပ်မံ တိုက်ခိုက်

ကိုးကန့်တပ်မတော်(MNDAA) သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့ စက်တင်ဘာ ၂၅ရက် နံနက်စော ၂နာရီကျော်အချိန်တွင် လေကြောင်းမှ သုံးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ဟု ရှမ်းမြောက်ဒေသ သတင်းရင်းမြစ်က ပြောသည်။

လားရှိုးမြို့အား ယနေ့နံနက် စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - Nay Wai Soe

ဟန်နွေ/People’s Spring

ကိုးကန့်တပ်မတော်(MNDAA) သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့ စက်တင်ဘာ ၂၅ရက် နံနက်စော ၂နာရီကျော်အချိန်တွင် လေကြောင်းမှ သုံးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ဟု ရှမ်းမြောက်ဒေသ သတင်းရင်းမြစ်က ပြောသည်။

လားရှိုးမြို့ ရပ်ကွက် (၁၂)ရှိ နည်းပညာကျောင်းနှင့် AT တပ်ဦးကျောင်း နေရာများကို လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောပြီး လေကြောင်း တိုက်ခိုက်မှုကြောင့် အဆောက်အဦး ထိခိုက် ပျက်စီးမှု ရိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

သို့ရာတွင် လူထိခိုက်သေဆုံးမှု အခြေအနေ မကြားမိသေးဟု သတင်းရင်းမြစ်က ပြောသည်။

” လေကြောင်းပစ်ခတ်မှုတွေ ပိုမိုလုပ်ဆောင်လာနေတာ တွေ့ရပါတယ်။ ပြည်သူတွေ နေ့စဉ် စကစရဲ့ လေကြောင်း သတင်းကို အထူးသတိပြု နေထိုင်ရမှာ ဖြစ်တယ်။ စကစက နေ့စဉ် စစ်ရာဇဝတ်မှုကို သိသိကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေတာဖြစ်တယ်”ဟု ရှမ်းမြောက်ဒေသ သတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ စက်တင်ဘာ ၂၄ရက်တွင်လည်း လားရှိုးမြို့ပေါ်ကို လေးကြိမ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးသေဆုံးပြီး ၁၆ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီသည် ဩဂုတ်လကုန်ပိုင်းမှစ၍ လားရှိုးမြို့ပေါ်ကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာရာ ယခုစက်တင်ဘာ နောက်ဆုံးပတ်တွင် တိုက်ခိုက်မှု ပိုမိုပြင်းထန်းစွာ ပြုလုပ်လာခြင်းဖြစ်သည်။

စစ်ကောင်စီသည် ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးများ အသုံးပြုပြီး လူနေထူထပ်သော နေရာများ ကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ စက်တင်ဘာ ၂၄ရက်မနက်အစော လေကြောင်းတိုက်ခိုက်မှုကြောင့် လူသေဆုံးထိခိုက်ရှိခဲ့သည့်အပြင် အဆောက်အဦးများ စွာ ထိခိုက်ပျက်စီးခြင်း၊ လူနေအိမ်ခြေများစွာ မီးလောင်ခြင်းများ ဖြစ်ခဲ့ရကြောင်း MNDAAက ထုတ်ပြန်ထားပြီး လားရှိုးဒေသခံများ စိုးရိမ်ထိတ်လန့်စိတ်များ ထပ်မံ ဖြစ်ပေါ်နေရသည်ဟု အသိပေးထားသည်။

ထိုသို့ လားရှိုးမြို့အား လေကြောင်း တိုက်ခိုက်နေမှုအပေါ် MNDAA၏ တုန့်ပြန်မှုကို စောင့်ကြည့်ရမည်ဟုလည်း ရှမ်းမြောက်သတင်းရင်းမြစ်က ပြောသည်။ MNDAA အနေဖြင့် ယခု စက်တင်ဘာ ၄ရက်တွင် ၎င်း၏ သဘောထား ရပ်တည်ချက်ကို ထုတ်ပြန်ထားရာ စစ်နယ်မြေတိုးချဲ့ခြင်း၊ တောင်ကြီး၊ မန္တလေးမြို့များအား ထိုးစစ်ဆင်ခြင်း ပြုလုပ်မည်မဟုတ်ဘဲ တရုတ်နိုင်ငံနှင့်တက်ကြွစွာ ပူးပေါင်းပြီး နိုင်ငံရေးနည်းဖြင့် ဆွေးနွေးမည်ဟု အသိပေးထားသည်။ သို့ရာတွင် မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကို ဆက်လက်စွဲကိုင်ထားကြောင်းလည်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။