Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ် ပင်းတည်းရွာ လေကြောင်းတိုက်ခိုက်မှု နေအိမ်လေးလုံး ပျက်စီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပင်းတည်းကျေးရွာအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူများတိမ်းရှောင်နေ၍ လူထိခိုက်မှုမရှိသော်လည်း နေအိမ် ၄လုံး ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

ယခုနှစ်အတွင်း အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ကန့်ဘလူဒေသခံ စစ်ရှောင် များအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပင်းတည်းကျေးရွာအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူများတိမ်းရှောင်နေ၍ လူထိခိုက်မှုမရှိသော်လည်း နေအိမ် ၄လုံး ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့(စက်တင်ဘာ ၂၉ရက်) နေ့လယ် ၁၂ နာရီခွဲခန့်က ကန့်ဘလူမြို့နယ်၊ ပင်းတည်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံး၂လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူများမရှိ၍ လူထိခိုက်မှုမရှိသော်လည်းနေအိမ် လေးလုံး ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ပြည်သူထိခိုက်မှု မရှိတာ ရွာထဲလူမနေတာ တစ်နှစ်ကျော်ပြီ။ အဲဒါကြောင့် အထိအခိုက်မရှိတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်တပ်သည် စက်တင်ဘာ ၂၇ ရက် ကလည်း ကန့်ဘလူမြို့နယ် သီရိမွန်ကျေးရွာအား နေ့လယ် ၂ နာရီခွဲခန့်တွင် တစ်ကြိမ်၊ သီရိမွန်ရွာနှင့် မေတ္တာမွန်ကျေးရွာကြားအား ညနေ ၅နာရီခွဲခန့်တွင်တစ်ကြိမ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်မှုမရှိခဲ့သော်လည်း အာဏာသိမ်းစစ်တပ်၏ ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်မှုကြောင့် နှစ်ရက်အတွင်း ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ ၆ဦး သေဆုံးခဲ့သည်။

စက်တင်ဘာ ၂၇ ရက် နေ့လည်ပိုင်းက ကန့်ဘလူမြို့နယ်၊ စံပါယ်နံ့သာကျေးရွာရှိ စစ်ကောင်စီအထိုင်စခန်းမှ ရေရှင်ကြီးရွာအား ဒရုန်းဖြင့် ဗုံးသီး၃ လုံးချ တိုက်ခိုက်ခဲ့ရာ ရေရှင်ကြီးရွာမှ အမျိုးသား၄ ဦးနှင့် အမျိုးသမီး ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျောက်မြောင်းဘက်မှ ခရီးသွားပြည်သူ ဦးခင်ဆွေဆိုသူလည်း သေဆုံးခဲ့သည်။

တချိန်တည်းမှာပင် အောင်တိုင်းလယ်ကျေးရွာကိုပါ ​ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ အသက်၅၀ ကျော်အရွယ် ဒေါ်ရွှေဆိုသူ ထိမှန်သေဆုံးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

စက်တင်ဘာ ၂၈ရက် နံနက်ပိုင်းကလည်း စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးသီး နှစ်လုံးချတိုက်ခိုက်ခဲ့ရာ မုန်နီပင်ရွာနေ ညီအမနှစ်ဦးဖြစ်သ​ည့် အသက် (၃၅)နှစ်အရွယ် မအိအိခိုင်၊အသက် (၂၅)အရွယ် မအိအိနိုင်၊ အသက် (၅၀)အရွယ်ဒေါ်လှော်နှင့် အသက် (၅)နှစ်အရွယ် မဖူးဝေတို့ သေဆုံးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ထို့အပြင် ပြည်သူ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး စံပါယ်နံ့သာ အနီးတဝိုက်ရှိ ကျေးရွာများလည်း အရေးပေါ်ရှောင်တိမ်းနေရကြောင်းသိရသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများကိုသာ ပစ်မှတ်ထား၍ ရွာစဉ်လှည့် ကာ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။