Connect with us

Hi, what are you looking for?

သတင်း

လားရှိုးကွန်ပျူတာတက္ကသိုလ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

လားရှိုးမြို့ရှိ ကွန်ပျူတာတက္ကသိုလ်ကို စစ်ကောင်စီက ယနေ့(အောက်တိုဘာ ၅ရက်)နံနက် ၁၀နာရီ ၅၀မိနစ်တွင် လေကြောင်းမှ ဗုံးသုံးလုံးကြဲ တိုက်ခိုက်ခဲ့သည်။

လူ‌အေး/People’s Spring

လားရှိုးမြို့ရှိ ကွန်ပျူတာတက္ကသိုလ်ကို စစ်ကောင်စီက ယနေ့(အောက်တိုဘာ ၅ရက်)နံနက် ၁၀နာရီ ၅၀မိနစ်တွင် လေကြောင်းမှ ဗုံးသုံးလုံးကြဲ တိုက်ခိုက်ခဲ့သည်။

ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးသူမရှိကြောင်း ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားသော လားရှိုးမြို့ကို ယမန်‌နေ့ကလည်း စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။

နံနက် ၂နာရီ ၁၃မိနစ်၊ ၄နာရီ ၈မိနစ်၊ ၄နာရီ ၁၅ မိနစ်၊ ၅နာရီ ၂၀မိနစ်တို့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး အရပ်သားတစ်ဦး သေဆုံးခဲ့သည်။

အဆိုပါလားရှိုးမြို့လေကြောင်းတိုက်ခိုက်မှုအတွင်း ရပ်ကွက် (၅)ရှိ ကွမ်ရင်ဘုရားကျောင်း ရှေးဟောင်းအဆောက်အဦးကိုပါ စစ်ကောင်စီက တိုက်ခိုက်ဖျက်ဆီးခဲ့သည်။

စစ်ကောင်စီသည် ဩဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၃၀ရက် တစ်လအတွင်း လားရှိုးမြို့ကို လေကြောင်း တိုက်ခိုက်မှု ၁၀ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သည်။ မြို့ပေါ်ရပ်ကွက်များတွင် ပြည်သူ သုံးဦးသေဆုံးခဲ့ပြီး တစ်မြို့နယ်လုံးအတိုင်းအတာအားဖြင့် အရပ်သား ကိုးဦးသေဆုံးကာ ၅၀ကျော် ဒဏ်ရာရခဲ့သည်။

ထို့အပြင် အထပ်မြင့်အဆောက်အဦးများနှင့်နေအိမ်များ ပျက်စီးခဲ့သည်။ အောက်တိုဘာ ၁ရက်မှစ၍ ဖုန်းလိုင်းများ ဖြတ်တောက်ထားခဲ့ရာယင်းနေ့မှစ၍ လေကြောင်း တိုက်ခိုက်မှုမရှိတော့ဘဲ သုံးရက်အကြာ အောက်တိုဘာ ၄ရက်တွင် လေကြောင်းမှ ထပ်မံတိုက်ခိုက်ခြင်းဖြစ် သည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများသည် လားရှိုးမြို့ပြန်လည်ထူထောင်ရေးအတွက် အတားအဆီးဖြစ်စေသလို ဒေသခံများ ပြန်လာပြီး ပြန်လည်စည်ကားလာသည့် လားရှိုးမြို့ကို လေကြောင်းပစ်မှတ်အဖြစ် တိုက်ခိုက်နေခြင်းဟု MNDAAက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

Facebook