Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ အတုအယောင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားနှင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ပေးရန် နိုင်ငံတကာအသိုက်အဝန်းကို မြန်မာသံအမတ်ကြီး တိုက်တွန်း

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပ​ရန် လုံးဝ မသင့်လျော်သည့် အခြေအနေမျိုးတွင် အကြမ်းဖက်စစ်တပ်သည် အတုအယောင်ရွေးကောက်ပွဲ ကျင်းပရန် ကြိုးပမ်းနေကြောင်း ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက နိုင်ငံတကာအသိုက်အဝန်းကို အသိပေးပြောကြားသည်။

မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း (၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဒုတိယကော်မတီ၊ အထွေထွေမူဝါဒရေးရာမိန့်ခွန်းပြောကြားနေစဉ်။ ဓာတ်ပုံ - မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး

အီယိုရီ/People’s Spring

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပ​ရန် လုံးဝ မသင့်လျော်သည့် အခြေအနေမျိုးတွင် အကြမ်းဖက်စစ်တပ်သည် အတုအယောင်ရွေးကောက်ပွဲ ကျင်းပရန် ကြိုးပမ်းနေကြောင်း ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက နိုင်ငံတကာအသိုက်အဝန်းကို အသိပေးပြောကြားသည်။

စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲက ပြည်သူများကို ပိုမိုဒုက္ခရောက်အောင် တွန်းပို့ခြင်းသာဖြစ်မည်ဖြစ်ပြီး မြန်မာပြည်သူများကလည်း ယင်းအတုအယောင်ရွေးကောက်ပွဲကို မည်သို့မျှ လက်ခံမည်မဟုတ်ကြောင်း သံအမတ်ကြီးက (၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဒုတိယကော်မတီ၌ အောက်တိုဘာ ၈ ရက်တွင် မိန့်ခွန်းပြောကြားသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် စစ်ကောင်စီ အတုအယောင် ရွေးကောက်ပွဲ ကျင်းပမည့် ကိစ္စကို ပြတ်ပြတ်သားသားနှင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ပေးရန် နိုင်ငံတကာအသိုက်အဝန်းကို သံအမတ်ကြီးက တိုက်တွန်းသည်။

မြန်မာနိုင်ငံ၏ အခြေအနေကို အပြည့်အဝ ဖြေရှင်းနိုင်မည့် တစ်ခုတည်းသောနည်းလမ်းသည် ဒုက္ခများမြစ်ဖျားခံရာ မူလဇစ်မြစ်ဖြစ်သော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရန်နှင့် ပြည်သူများ၏ မျှော်မှန်းချက်နှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန် ဖြစ်ကြောင်း သံအမတ်ကြီးက ကုလအဖွဲ့ဝင်နိုင်ငံများကို ရှင်းပြသည်။

မြန်မာနိုင်ငံသည် ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်တွင် ပျမ်းမျှနှစ်စဉ် GDP တိုးတက်မှုနှုန်း ၆.၂ရာခိုင်နှုန်းဖြင့် စီးပွားရေးဖွံ့ဖြိုးမှု အရှိန်အဟုန် မြင့်မားခဲ့ပြီး ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကော်မတီ(CDP)၏ ၂၀၁၈ ခုနှစ် ပြန်လည် သုံးသပ်မှုတွင် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ အဆင့်မှ လွတ်မြောက်ရန် စံသတ်မှတ် ချက် (၃) ခုလုံးနှင့် ပထမဆုံးအကြိမ် ပြည့်မီခဲ့သည်။

သို့သော်လည်း ရွေးကောက်ခံ အရပ်သားအစိုးရဆောင်ရွက်ခဲ့သော လူမှုစီးပွားရေးနှင့် ဒီမိုကရေစီ ပြုပြင်တိုးတက်ပြောင်းလဲမှု အများအပြားသည် ၂၀၂၁ ခုနှစ် တရားမဝင် စစ်တပ် အာဏာသိမ်းမှု ကြောင့် ကံမကောင်းစွာ နောက်ပြန်ဆုတ်သွားခဲ့ကြောင်း သံအမတ်ကြီးက အစီရင်ခံသည်။

တရားမဝင်စစ်အာဏာသိမ်းပြီး လေးနှစ်တာကာလအတွင်း မြန်မာနိုင်ငံသည် ဆိုးရွားသောစီးပွားရေးအကျပ်အတည်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကပ်ဘေးနှင့် ရင်ဆိုင်နေရကာ လျှပ်စစ်မီး ပြတ်တောက်မှု၊ လူသုံးကုန် ပစ္စည်းပြတ်လပ်မှု၊ ကုန်သွယ်မှုနှင့် နိုင်ငံခြားငွေလဲလှယ်မှု ကန့်သတ်ချက်များသည် မြန်မာ့စီးပွားရေးလည်ပတ်မှုကို ကြီးကြီးမားမား ထိခိုက်စေခဲ့သည်။

World Bank နှင့် IMF တို့၏ အဆိုအရ မြန်မာ့စီးပွားရေးသည် ၂၀၂၄ ခုနှစ်တွင် ၁ ရာခိုင်နှုန်းသာ တိုးတက်မည်ဟုခန့်မှန်းထားပြီး မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးသည် ဆင်းရဲမွဲတေမှု မျဉ်းအောက်၌ နေထိုင်နေရသည်။ ထို့အပြင် လူပေါင်း ၁၅ သန်း ကျော်သည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရပြီး ၁၈.၆ သန်း သည် လူသားချင်းစာနာထောက်ထားမှု အကူအညီများလိုအပ်နေကြောင်း ကုလသမဂ္ဂအဖွဲ့အစည်းများက တွက်ချက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။