Connect with us

Hi, what are you looking for?

သတင်း

ကျောက်တော်မြို့လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၈ ဦးရှိလာ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်ကောင်စီက ယမန်‌နေ့(အောက်တိုဘာလ ၁၀ရက်)က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွင် သေဆုံးသူဦးရေတိုးလာပြီး ယနေ့ နံနက်ပိုင်းအထိ ရရှိသော သတင်းများအရ သေဆုံးသူ ၈ ဦးရှိလာပြီး ၁၃ဦးသည် ဆေးကုသမှုခံယူနေရ​ကြောင်း​ဒေသခံများက​ပြောသည်။

စစ်​ကောင်စီတပ် ​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့်အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-DMG

လူအေး/People’s Spring

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို စစ်ကောင်စီက ယမန်‌နေ့(အောက်တိုဘာလ ၁၀ရက်)က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွင် သေဆုံးသူဦးရေတိုးလာပြီး ယနေ့ နံနက်ပိုင်းအထိ ရရှိသော သတင်းများအရ သေဆုံးသူ ၈ ဦးရှိလာပြီး ၁၃ဦးသည် ဆေးကုသမှုခံယူနေရ​ကြောင်း​ဒေသခံများက​ပြောသည်။

ကျောက်တော်မြိုမဈေး နှင့် အထက(၂)စာသင်ကျောင်းအနီးကို အောက်တိုဘာလ ၁၀ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင် စစ်ကောင်စီကပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ညနေတုန်းက ဆုံးတာက ၆ယောက်ပါဗျ။ဆေးကုနေရင်း နှစ်ယောက်ထပ်ဆုံးတယ်။ ကလေးလည်းပါတယ် ဆုံးတာမှာ။စစ်မဖြစ်တော့ မရှောင်ဘူးလေ။ အခုလိုတွေ ပစ်ခတ်နေတော့ နေမတတ်အောင် ဖြစ်နေကြတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ကုသနေဆဲ ဒဏ်ရာရလူနာ ၁၃ဦးသည် စိုးရိမ်စရာအခြေအနေကို ကျော်လွန်ခဲ့ပြီးဟု သိရပြီး သေဆုံးဒဏ်ရာရသူများ၏ အသေးစိတ်အချက်အလက်များကို ဒေသခံများက ပြောကြားလိုခြင်းမရှိကြခြေ။ နောက်ထပ်လေ‌ကြောင်းတိုက်ခိုက်ခံရမည်ကို ဒေသခံများက စိုးရိ‌မ်နေကြသည်။

စစ်ကောင်စီသည် အောက်တိုဘာလဆန်းအတွင်း ရခိုင်ပြည်နယ်မှ တောင်ကုတ်မြို့နယ်၊ ပုဏ္ဍားကျွန်းနှင့် ပေါက်တောမြို့နယ်၊ ကျောက်တော်မြို့နယ်တို့မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်ကျေးရွာများကို လေကြောင်းမှဗုံးကြဲခဲ့သည်။ တောင်ကုတ်မြို့နယ်ကို အောက်တိုဘာ ၄ရက်နှင့် ၇ရက်တွင် လေကြောင်းမှ သုံးကြိမ်ဗုံးကြဲခဲ့ရာ ​ဒေသခံပြည်သူ ၁၉ ဦးသေဆုံးခဲ့သည်။

စစ်ရှုံးနေသည့် စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားနေထိုင်ရာကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ထားသည်။ စစ်ကောင်စီလေကြောင်းအန္တရာယ်ကြောင့် လာမည့်သီတင်းကျွတ်ကာလတွင် လူစုလူဝေးပြုလုပ်၍ ပျော်ပွဲရွှေပွဲဆင်နွှဲခြင်း မပြုလုပ်ကြရန်လည်း AAက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အထက်ပိုင်း ဝေးလံခေါင်သီတဲ့တောင်ပေါ်၊ ချောင်းဖျားဒေသကျေးရွာအချို့မှာ လူဦးရေ အများအပြား ငှက်ဖျားဖြစ်နေပြီး ဆေးဝါးကုသဖို့လည်း လက်လှမ်းမမီ၊ အလှမ်းဝေးနေတယ်လို့ ဆိုပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။