Connect with us

Hi, what are you looking for?

သတင်း

မတ္တရာစစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်မှုစစ်ကောင်စီ စစ်ရာဇဝတ်မှုကိုပြောင်‌ပြောင်တင်းတင်း ကျူးလွန်နေဟု မန္တလေး PDF ပြော

သံဃာတော်များအပါအဝင် စစ်ရှောင်ပြည်သူ ၁၂ ဦးသေဆုံးခဲ့သည့် မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာ စစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်မှုသည် စစ်ကောင်စီက စစ်ရာဇဝတ်မှုကို ပြောင်‌ပြောင်တင်းတင်း ကျူးလွန်ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က သတင်းထုတ်ပြန်သည်။

ဝေါစုကျေးရွာလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့်ပြည်သူများအား တွေ့ရစဥ်။ ဓါတ်ပုံ-MDY PDF

ဇေအောင်/People’s Spring

သံဃာတော်များအပါအဝင် စစ်ရှောင်ပြည်သူ ၁၂ ဦးသေဆုံးခဲ့သည့် မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာ စစ်ရှောင်စခန်း လေကြောင်းတိုက်ခိုက်မှုသည် စစ်ကောင်စီက စစ်ရာဇဝတ်မှုကို ပြောင်‌ပြောင်တင်းတင်း ကျူးလွန်ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က သတင်းထုတ်ပြန်သည်။

ယနေ့ (အောက်တိုဘာ ၁၁ရက်) နေ့လယ် ၁ နာရီခွဲခန့်က မတ္တရာမြို့နယ် ၊ ဝေါစုကျေးရွာရှိ စစ်ရှောင်စခန်းအား စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ သံဃာတော် သုံးပါးနှင့် ကလေးသူငယ်များအပါအဝင် စစ်ရှောင်ပြည်သူ၁၂ဦးသေဆုံးခဲ့ရပြီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ရှောင်စခန်းအား စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုသည် စစ်ဆင်ရေးနှင့်လုံးဝမသက်ဆိုင်သော လုပ်ရပ်တစ်ခုဖြစ်ပြီး ဂုဏ်သိက္ခာအကင်းမဲ့ဆုံးသော စစ်ရာဇဝတ်မှုကို ပြောင်‌ပြောင်တင်းတင်း ကျူးလွန်နေခြင်းပင်ဖြစ်ကြောင်း မန္တလေး PDFက သတင်းထုတ်ပြန်သည်။

“စစ်ဆင်ရေးနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိတဲ့ ပြည်သူကိုပစ်မှတ်ထားပြီးတော့ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ ကျွန်တော်တို့ပြောချင်ပါတယ်။”ဟု မန္တလေး PDF ၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။

“ပေါင်နှစ်ရာဗုံးသီးတစ်လုံးချတယ်။ ပြည်သူ ၉ ဦး၊ ဘုန်းကြီး ၃ ပါး၊ စုစုပေါင်း ၁၂ဦး သေဆုံးတယ်။ အထိအခိုက်လည်းများတယ်။”ဟု Wetlet Informational Network အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့အ​ပြင် စစ်ရှောင်ပြည်သူ ၃၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၁ရက်က မတ္တရာအနောက်ခြမ်း၌ တိုက်ပွဲဖြစ်ပွားပြီး PDF စခန်းယာယီဆုတ်ခွာခဲ့ရသည်။ ထိုတိုက်ပွဲ၌ မတ္တရာ သုံးဆယ်ပေးကျေးရွာတဝိုက်ကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကလေးသူငယ်များ အပါအဝင် ပြည်သူ ၆ ဦးသေဆုံးခဲ့သည်။

လက်ရှိတွင် မတ္တရာမြို့နယ်အရှေ့ခြမ်း၌ စစ်ကောင်စီတပ်နှင့်ကာကွယ်ရေးပူးပေါင်းတပ်များ တိုက်ပွဲများဖြစ်ပွားနေသည်။

မေလမှ ဇူလိုင်လကုန်အထိ မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၃၅ ခုအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က သိမ်းပိုက်ရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။