Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သီပေါထောင်နှင့် နေအိမ်များ ပျက်စီး

နောင်ချိုမြို့ အင်းဖိုရွာ လေကြောင်းတိုက်ခိုက်မှု ပြည်သူ တစ်ဦးသေဆုံး

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါနှင့် နောင်ချိုမြို့တို့တွင် စစ်ကောင်စစ်တပ်က ဖျက်အားပြင်း ပေါင် (၅၀၀)ဗုံးများဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူသေဆုံးမှုနှင့်လူနေအိမ် အဆောက်အဦးပျက်စီးမှုရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၁၀ရက် နေ့လည်က သီပေါမြို့ ဇာတ်စုရပ်ကွက်နှင့် သီပေါအကျဉ်းထောင်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့ရာ ထောင်အဆောက်အဦးနှင့် လူနေအိမ် ၇လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြသည်။

ထို့ပြင် TNLAက စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေသည့် သီပေါမြို့နယ် ခလရ(၂၃)တပ်ရင်း အနီးတွင်လည်း စစ်ကောင်စီက အောက်တိုဘာ ၁၁ရက်တွင် လေကြောင်းတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ခလရ(၂၃)တပ်ရင်းအနီး စစ်ကောင်စီတပ်မှ Y-12 လေယာဉ်ဖြင့် တစ်ရက်အတွင်း ဗုံးအလုံး ၈၀ ကျော်ကြဲချတိုက်ခိုက်ခဲ့ပြီး နမ့်လန်မြို့အခြေစိုက် စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးဖြင့် ၁၀လုံးကျော် ပစ်ခတ်ခဲ့သည်ဟုဖော်ပြသည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း လူထိခိုက် သေဆုံးရှိ၊မရှိကို ဖော်ပြမထားပေ။

စစ်ကောင်စီတပ်သည် နောင်ချိုမြို့နယ် အင်းဖိုရွာကိုလည်း အောက်တိုဘာ ၉ရက် နံနက်က လေကြောင်း တိုက်ခိုက်ခဲ့ရာ ဒေသခံတစ်ဦးသေဆုံးပြီး လူနေအိမ်များစွာ ပျက်စီးခဲ့သည်ဟုထုတ်ပြန်သည်။

ထို့အပြင် အောက်တိုဘာ ၁၀ရက်တွင် ဘန့်ဘွေရွာရှိစစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ်သည် ပြည်သူလူထု၏ အသက်အိုးအိမ်များ သေကြေပျက်စီးစေရန် စစ်ရေးပစ်မှတ်မဟုတ်သည့်နေရာများတွင် လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း TNLAက ထုတ်ပြန်သည်။

TNLAသည် သီပေါနှင့် နောင်ချိုမြို့များကို သိမ်းပိုက်ထားပြီးဖြစ်သော်လည်း မြို့နယ်အတွင်း စစ်ကောင်စီ၏ လက်ကျန်စခန်းအချို့ ကျန်နေရာ အဆိုပါ တပ်စခန်းများသိမ်းပိုက်နိုင်ရေး ရက်ရှည်တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။