Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့နယ် နမ့်ပေါင်ရွာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်၊ အရပ်သားတစ်ဦး ဒဏ်ရာရပြီး စာသင်ကျောင်း ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင် ကျေးရွာကို စစ်ကောင်စီက ယနေ့ မွန်းလွဲပိုင်း၌ လေကြောင်း တိုက်ခိုက်ခဲ့ရာအရပ်သား တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ကိုးကန့် တပ်မတော် (MNDAA)က အသိပေးထုတ်ပြန်သည်။

လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ပြီးနောက် အပျက်အစီးများ။ ဓာတ်ပုံ - MNDAA

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင် ကျေးရွာကို စစ်ကောင်စီက ယနေ့ မွန်းလွဲပိုင်း၌ လေကြောင်း တိုက်ခိုက်ခဲ့ရာအရပ်သား တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ကိုးကန့် တပ်မတော် (MNDAA)က အသိပေးထုတ်ပြန်သည်။

အောက်တိုဘာ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်က နမ့်ပေါင်ရွာရှိ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား တစ်ဦးလက်မောင်းဒဏ်ရာရရှိခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့်စာသင်ကျောင်း အဆောက်အဦးပြင်းထန်စွာ ပျက်စီးခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ပေါက်ကွဲမှု ဖြစ်ပွားရာအနီးရှိ ဒေသခံများ​၏ အိမ်မွေးတိရိစ္ဆာန်အချို့ ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် စက်တင်ဘာ ၁၃ရက်ကလည်း နမ့်ပေါင်ကျေးရွာကိုလေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၅ဦး သေဆုံးကာ ၈ဦးဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတပ်သည် လားရှိုးမြို့ပေါ်နှင့် လားရှိုးမြို့နယ်အတွင်း ကျေးရွာများ၊ သိန္နီမြို့နယ်၊ ကိုးကန့် လောက်ကိုင်မြို့ အပါအဝင် ကိုးကန့်တပ်မတော်(MNDAA) တိုက်ခိုက်သိမ်းပိုက်ထားသည့် မြို့ရွာများကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ မကြာခဏပြုလုပ်လျက်ရှိရာ အရပ်သားသေဆုံးထိခိုက်မှုများစွာရှိခဲ့သည်။

MNDAA၏ ထုတ်ပြန်ချက်အရ ဇူလိုင်မှ ယခုအချိန်ထိ သုံးလကျော်အတွင်း စစ်ကောင်စီက ကိုးကန့်ဒေသအတွင်း တိုက်ပွဲဖြစ်ပွားမှုမရှိသည့် နေရာများကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများအတွင်း အရပ်သား ၃၀ ကျော်သေဆုံးကာ ၁၀၀ခန့် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်အဆောက်အဦးများစွာပျက်စီးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

Facebook