Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့နယ်အား စစ်ကောင်စီ လေကြောင်းထပ်မံတိုက်ခိုက်၍ အရပ်သားတစ်ဦး သေဆုံး၊ ဘုရားကျောင်း ပျက်စီး

သီပေါမြို့ကိုလည်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

သီပေါမြို့အား အောက်တိုဘာ ၁၂ရက်က စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

ထားမြတ်/People’s Spring

လားရှိုးမြို့နယ်ရှိ အီနိုင်းကျေးရွာအား စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ညပိုင်းတွင် အီနိုင်းကျေးရွာအား ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

” လားရှိုးကနေ နမ္မတူအထွက် အီနိုင်းကျေးရွာမှာဟုတ်တယ်။ အီနိုင်း ဘုရားကျောင်းဝင်းထဲကျတယ်ပြောတယ်။ ဘုရားကျောင်းဝင်းရဲ့ ဟောခန်းထဲမှာ ကျတယ်။ ဘုရားကျောင်းနဲ့ ကပ်လျက်ရှိတဲ့ အိမ်က အမျိုးသားတစ်ဦး၊ အရပ်သားပေါ့။ သာမန်အရပ်သားတစ်ဦးသေဆုံးသွားတယ်” ဟု ရှမ်းမြောက် စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီတပ်၏ သီပေါမြို့နယ် ခလရ (၂၃) တပ်စခန်းကိုလည်း တအာင်းတပ်မတော် (TNLA)က ယမန်နေ့တွင် သိမ်းပိုက်ခဲ့ရာတိုက်ပွဲ ကာလအတွင်း လေကြောင်း တိုက်ခိုက်သကဲ့သို့ ယမန်နေ့ညတွင်လည်း သီပေါမြို့ကိုလေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။

“လေကြောင်း လာတာမှန်တယ်။ သို့ပေမယ့် အရပ်သားထိခိုက်မှု အသေးစိတ်ကိုတော့ မသိရသေးဘူး”ဟု TNLA ပြောရေးဆိုခွင့်ရှိသူလွေးယေဦးက သီပေါမြို့ ယမန်နေ့ည လေကြောင်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး ပြောသည်။

စစ်ကောင်စီတပ်သည် ၎င်းတို့ စစ်ရှုံးနိမ့်ပြီး လက်လွှတ်ဆုံးရှုံးထားရသည့် မြို့ရွာများကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အရပ်သားသေဆုံးထိခိုက်မှုများစွာရှိခဲ့သည်။

လားရှိုးမြို့ အသိမ်းခံရပြီးနောက် လားရှိုးမြို့နှင့် မြို့နယ်အတွင်းကို ဩဂုတ်လကုန်ပိုင်းမှစ၍

လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်လျက်ရှိရာ ၁၅ကြိမ်ထက်မနည်း လေကြောင်း တိုက်ခိုက်ခဲ့၍ ပြည်သူများစွာ၏ အသက်အိုးအိမ်စည်းစိမ်များပျက်စီးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။