Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့နယ်လေကြောင်းတိုက်ခိုက်ခံရမှု ပြည်သူ သုံးဦးသေဆုံး၊ ကလေးငယ်အပါအဝင် နှစ်ဦး ဒဏ်ရာရ

စစ်ကောင်စီက လားရှိုးမြို့နယ် အီနိုင်းကျေးရွာကို ယမန်နေ့ညက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံအမျိုးသား သုံးဦးသေဆုံးပြီး ကလေးငယ်နှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း လားရှိုးမြို့ ပြန်လည်ထူထောင်ရေးက အသိပေးထုတ်ပြန်သည်။

လားရှိုးမြို့နယ် အီနိုင်းကျေးရွာကို ယမန်နေ့ညက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက်တွေ့ရစဥ်။ ဓာတ်ပုံ - လားရှိုးမြို့ ပြန်လည်ထူထောင်ရေး

ထားမြတ်/People’s Spring

စစ်ကောင်စီက လားရှိုးမြို့နယ် အီနိုင်းကျေးရွာကို ယမန်နေ့ညက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံအမျိုးသား သုံးဦးသေဆုံးပြီး ကလေးငယ်နှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း လားရှိုးမြို့ ပြန်လည်ထူထောင်ရေးက အသိပေးထုတ်ပြန်သည်။

စစ်ကောင်စီသည် ယမန်နေ့ည ၁၂နာရီကျော်တွင် အီနိုင်းရွာအား ပေါင် ၅၀၀ ဗုံး နှစ်လုံး အပါအဝင် ဗုံးခုနစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ပေါက်ကွဲအားပြင်းထန်သော ဗုံးများကြောင့် လူနေအိမ် ငါးလုံးကျော်ပျက်စီးခဲ့သည့်အပြင် ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းတစ်ကျောင်း၊ ဘုရားကျောင်းဝင်းအတွင်းရှိ ခန်းမတစ်ခု၊ လက်ရှိဖွင့်နေဆဲဖြစ်သည့် မူကြိုကျောင်းတစ်ကျောင်းပျက်စီးဆုံးရှုံးခဲ့ရကြောင်း လားရှိုးမြို့ ပြန်လည်ထူထောင်ရေး ဖေ့စ်ဘွတ်ခ်တွင် ရေးသားထားသည်။

အရပ်သား ပြည်သူလူထုရှိရာနေရာများအား လေကြောင်း တိုက်ခိုက်မှုသည် လူ့အခွင့်အရေး ချိုးဖောက်ခြင်း၊ နိုင်ငံတကာ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေခြင်းဖြစ်ကြောင်း စစ်ရေး နိုင်ငံရေး လေ့လာသူ ဦးဇော်ဆန်က ပြောသည်။

” တရုတ်အားကိုးနဲ့ စစ်ကောင်စီကတော့ ကိုးကန့်အဖွဲ့ကို လားရှိုးကနေ အမြန်ထွက်။ မထွက်ရင် မင်းတို့လည်းမအုပ်ချုပ်စေရဘူး ဒေသတည်ငြိမ်မှုလည်းမရှိစေရဘူးဆိုပြီးမှ စစ်ဘက်ရေးရာကနေ ဖိအားပေးတဲ့အနေအား ဗျူဟာတစ်ခုအရ လားရှိုးမြို့နဲ့ မြို့တွင်းမြို့ပြင်တွေကိုပတ်ပြီးတော့မှလေကြောင်းကနေ ဗုံးကြဲနေတယ်လို့ မြင်တယ်။ ဒါပေမဲ့ သူတိုက်ခိုက်သွားတဲ့ နေရာတွေ အားလုံးဟာ အရပ်သား ပြည်သူလူထုတွေရှိတဲ့နေရာတွေဖြစ်တယ်။ စစ်ဘက်ရေးရာနဲ့မဆိုင်တဲ့ အရပ်သား ပြည်သူလူထုတွေပဲရှိတဲ့နေရာဖြစ်တယ်”ဟု ဦးဇော်ဆန်က ပြောသည်။

စစ်ကောင်စီက တရုတ်အစိုးရ၏အားကိုးဖြင့် လားရှိုးမြို့အတွင်းမှ ကိုးကန့်တပ်ဖွဲ့များ မထွက်သရွေ့ဖိအားပေးသည့်သဘောဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေမည်ဟု မြင်ကြောင်း ၎င်းက သုံးသပ်သည်။

” အခုလိုစစ်ကောင်စီကနေ တရုတ်အစိုးရကို အားကိုးပြီး MNDAA တစ်ဖွဲ့ကိုပိုပြီးတော့ ဖိအားပေးနေတဲ့အချိန်ကာလမှာမြန်မာပြည် ဒေသအသီးသီးမှာရှိနေတဲ့ နွေဦးတော်လှန်ရေးတပ်ဖွဲ့ဝင်တွေ PDF တွေကလည်း ဝိုင်းဝန်းပေးဖို့လိုတယ်”ဟု ဦးဇော်ဆန်က ပြောသည်။

စစ်ကောင်စီသည် ဩဂုတ်တွင် တရုတ်နိုင်ငံခြားရေးနှင့် တွေ့ဆုံပြီးနောက်ပိုင်း ဩဂုတ်လကုန်ပိုင်းမှစ၍ လားရှိုးမြို့ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လာရာ ဩဂုတ်လကုန်ပိုင်းမှ ယခု အောက်တိုဘာ ဒုတိယပတ်အထိ လားရှိုးမြို့နှင့် အနီးတဝိုက်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၁၆ကြိမ် ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူများစွာ သေဆုံးထိခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

Facebook