Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီပြင်ဆင်နေသည့်အတုအယောင်ရွေးကောက်ပွဲမှာလက်ရှိပဋိပက္ခကို ဖြေရှင်းနိုင်မည်မဟုတ်

နိုင်ငံတကာပါလီမန်ညီလာခံ(IPU)က CRPH ကို ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်

နိုင်ငံတကာပါလီမန်ညီလာခံ(IPU) တွင် တက်​ရောက်မိန့်ခွန်း ​ပြော​နေသည့် ​ဒေါက်တာဝင်းမြတ်​အေး။ ဓါတ်ပုံ-CRPH

အီယိုရီ/People’s Spring

ပြည်သူများ၏ ဆန္ဒကို မလေးစားဘဲ အာဏာသိမ်းစစ်တပ်က ၂၀၂၅ တွင် ပြုလုပ်ရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံ၏ လက်ရှိပဋိက္ခကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း မြန်မာလွှတ်တော်ကိုယ်စားလှယ်ခေါင်းဆောင် ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ နှစ်ကြိမ်ဆက်ပြည်သူရွေးချယ်တင်မြှောက်ခံရသူ ဒေါက်တာဝင်းမြတ်အေးခေါင်းဆောင်သည့်မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ကျင်းပလျက်ရှိသော (၁၄၉)ကြိမ်မြောက် နိုင်ငံတကာပါလီမန်(IPU)နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်နေပြီး အာဏာသိမ်းစစ်တပ်အား ပံ့ပိုးကူညီခြင်းမပြုရန် တိုက်တွန်းခဲ့သည်။

“ပိုမိုနက်ရှိုင်းလာတဲ့အကျပ်အတည်းကြားမှာပဲစစ်ကောင်စီက ၂၀၂၅ ခုနှစ်မှာ အတုအယောင်ရွေးကောက်ပွဲပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။အဲဒီအတုအယောင်ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းကျ မဟုတ်သလို မြန်မာပြည်သူလူထုရဲ့ဆန္ဒကိုလည်း မထင်ဟပ်ပါဘူး” ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)အဖွဲ့ဝင် ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးအင်အားစုအားလုံးသည် မျှတပြီး အားလုံးပါဝင်သောရွေးကောက်ပွဲတစ်ရပ်ကို သဘောတူပြီး ယင်းမှာ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့

စည်းပုံအသစ်တည်ထောင်ချိန်မှသာ ဖြစ်နိုင်မည်ဖြစ်ကြောင်းနှင့် အဆိုပါလမ်းကြောင်းကသာ ကြာရှည်ခံသည့်ငြိမ်းချမ်းရေးနှင့် ရေရှည်တည်တံ့သောဖွံ့ဖြိုးမှုကို ပေးနိုင်မည်ဖြစ်ကြောင်း ဒေါက်တာဝင်းမြတ်အေးက ဆက်ပြောသည်။

ထို့အပြင် နိုင်ငံတကာပါလီမန်(IPU)အုပ်ချုပ်မှုကောင်စီိအနေဖြင့် စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုရန်နှင့် မြန်မာနိုင်ငံ၏ ဥပဒေပြုရေးကို ကိုယ်စားပြုသည့် CRPH ကို ဆက်လက်အသိအမှတ်ပြုရန် ဒေါက်တာဝင်းမြတ်အေးက တောင်းဆိုသည်။

IPU အုပ်ချုပ်မှုကောင်စီဆုံးဖြတ်ချက်တွင်လည်း CRPH ကို လာမယ့်နှစ်တွင်ကျင်းပမည့် (၁၅၀)ကြိမ်မြောက် နိုင်ငံတကာပါလီမန်ညီလာခံသာမက အားလုံးပါဝင်သော ရွေးကောက်ပွဲများ မကျင်းပနိုင်ချိန်အထိ ဆက်လက်အသိအမှတ်ပြုတက်ရောက်ခွင့်ပေးမည်ဟု မြန်မာလွှတ်တော်ကိုယ်စား

လှယ်အဖွဲ့တွင်ပါဝင်သူ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာက ပြောသည်။ CRPH အဖွဲ့ဝင် ဒေါ်သန္တာသည်လည်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲများတွင် နှစ်ကြိမ်ဆက် အနိုင်ရခဲ့သူ ရွေးကောက်ခံကိုယ်စားလှယ်ဖြစ်သည်။

“Bilateral Meeting တွေ အများကြီးလုပ်ခဲ့ပြီး CRPH၊ NUG ထောက်ခံဖို့၊ မြန်မာစစ်အာဏာရှင်ကို jet fuel တင်သွင်းမှုတွေကို ဝိုင်းဝန်းကန့်ကွက်ကြဖို့၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ဖို့ ပြောခဲ့ကြပါတယ်”ဟု ဒေါ်သန္တာက ပြောသည်။

စစ်ကောင်စီသည် အာဏာသိမ်းမှုနောက် အနည်းဆုံး ပြည်သူ ၅,၃၅၀ ကို သတ်ဖြတ်ခဲ့ပြီ လွန်ခဲ့သည့် ၆လခန့်မှစ၍ တစ်လလျှင် ပြည်သူ ၁၀၀ဦးခန့်ကို သတ်ဖြတ်နေကြောင်း မြန်မာကိုယ်စားလှယ်အဖွဲ့က IPU သို့ အစီရင်ခံသည်။ လက်ရှိတွင် မြန်မာပြည်သူ ၃ ဒသမ ၃သန်းကျော်သည်စစ်ဘေးရှောင်နေရပြီး ၁၈ ဒသမ ၆သန်းကျော်သည်လူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်လျက်ရှိကြောင်းလည်း ရှင်းပြသည်။

စစ်ကောင်စီသည် လူပေါင်း ၂၇,၄၀၀ နီးပါးကို ဖမ်းဆီးထားပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ စစ်တပ်က မဖြစ်မနေ စစ်မှုထမ်းရန် လူငယ်များအား ဖိအားပေးခိုင်းစေနေမှုနောက်ပိုင်း ဖမ်းဆီးခံအရေအတွက်သည် တိုးမြင့်လျက်ရှိကာ လူငယ်များသည် မိမိပြည်သူကို ပြန်တိုက်ခိုက်ရန် ဆန္ဒမရှိခြင်းကြောင့် နိုင်ငံရပ်ခြားသို့ ထွက်ပြေးနေကြရသည့်အခြေအနေကို မြန်မာကိုယ်စားလှယ်အဖွဲ့က အစီရင်ခံခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook