Connect with us

Hi, what are you looking for?

သတင်း

ထီးလင်းမြို့နယ်တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ရာ ပြည်သူနှစ်ဦးဒဏ်ရာရ

စစ်ကောင်စီတပ်က မကွေးတိုင်း၊ ထီးလင်းမြို့နယ်ရှိ ညောင်ရွာနှင့် အကြည်ဘန်းကျေးရွာကြား စစ်ကောင်စီက ယမန်နေ့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

စောနွေဦး/People’s Spring

စစ်ကောင်စီတပ်က မကွေးတိုင်း၊ ထီးလင်းမြို့နယ်ရှိ ညောင်ရွာနှင့် အကြည်ဘန်းကျေးရွာကြား စစ်ကောင်စီက ယမန်နေ့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(အောက်တိုဘာ ၁၆ ရက်) ညနေပိုင်းက ဗုံးလေးလုံးကြဲတိုက်ခိုက်ရာ ညောင်ကျေးရွာအနီးကို ကျရောက်ပေါက်ကွဲသဖြင့် အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဟု ထီးလင်းဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“အကြည်ဘန်းနဲ့ ညောင်ရွာကြားကို ကြဲသွားတာလေ။ ညောင်ရွာနားကို ကျတာ အကြည်ဘန်းကလာတဲ့ ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရသွားတယ်”ဟု အဆိုပါဒေသခံတစ်ဦးက ပြောသည်။

အောက်တိုဘာအတွင်း စစ်ကောင်စီတပ်က ဂန့်ဂေါခရိုင်မြောက်ပိုင်းကို လေကြောင်းမှ အကြိမ်ကြိမ်ဗုံကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

အောက်တိုဘာ ၁၄ ရက်ကလည်း ဂန့်ဂေါမြို့နယ်၊ ဘော်ပြင်းကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချခဲ့သည်ဟု ဒေသတော်လှန်ရေးတပ်များက ပြောသည်။

ထို့အပြင် အောက်တိုဘာ ၅ ရက်ကလည်း ကျင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။