Connect with us

Hi, what are you looking for?

သတင်း

သီတင်းကျွတ်လပြည့်ညတွင် နောင်ချိုနှင့် ဒီပဲယင်းမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

သီတင်းကျွတ်လပြည့်နေ့ည ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ နှင့် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားကြောင်း မြို့ခံများက ပြောသည်။

နောင်ချိုမြို့လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့်နေအိမ်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-CJ

ဇေအောင်/People’s Spring

သီတင်းကျွတ်လပြည့်နေ့ည ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ နှင့် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားကြောင်း မြို့ခံများက ပြောသည်။

ယမန်နေ့ ည ၉ နာရီ ၄၈မိနစ်တွင် နောင်ချိုမြို့အဝင်စစ်​ဆေးရေးဂိတ်၊ ည ၁၀ နာရီ ၈ မိနစ်တွင် စာရင်းစစ်ရုံးနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီး၊ ည၁၁ နာရီ ၃၂ မိနစ်တွင် ​ရဲစခန်းတို့အား လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း နောင်ချိုမြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်များပျက်စီးခဲ့ကြောင်းလည်း ဒေသခံများက ပြောသည်။

“ည အစောပိုင်းမှာ ကြဲတယ်။ ၁နာရီမှာ လေးလုံးကြဲတယ်။ ညဦးပိုင်းတည်းက မနားတမ်းပျံဝဲနေတာ။ ရဲစခန်းနားက စာရင်းစစ်ရုံးမှာ အကြဲခံရတယ်။ ပထမက မြို့အပြင်ဘက် ကျတာ”ဟု နောင်ချိုမြို့ခံတစ်ဦးက ပြောသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ကိုလည်း ယမန်နေ့ည ၉ နာရီခွဲကျော်က လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်သွားကြောင်း ဒေသခံများက ပြောသည်။

“အထိအခိုက် မရှိပါဘူးဗျာ။ သူတို့ဟာသူတို့ ပေါလို့လာပစ်တာ။”ဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

စစ်ရှုံးနေသော စစ်ကောင်စီတပ်သည် သြဂုတ်မှစတင်၍ လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်နေပြီး ပြည်သူထိခိုက်သေဆုံးမှု အများအပြားရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook