Connect with us

Hi, what are you looking for?

သတင်း

မင်းတပ် တိုက်နယ်(၄)တွင် စစ်ကောင်စီ လေကြာင်းတိုက်ခိုက်၊ လူထိခိုက်ရှိနိုင်ဟု ဒေသခံပြော

ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်(၄)ရှိ နေရာ ကို စစ်ကောင်စီက ယမန်နေ့သီတင်းကျွတ်လပြည့်ညတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးသည်။

အောက်တိုဘာ ၁၅ရက်က မင်းတပ်မြို့ရှိ နေအိမ်များအား စစ်ကောင်စီတပ်သားများ မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ - Ĥkl Mindat

မိုးမိုး/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်(၄)ရှိ နေရာ ကို စစ်ကောင်စီက ယမန်နေ့သီတင်းကျွတ်လပြည့်ညတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးသည်။

အောက်တိုဘာ ၁၇ရက် ည ၉နာရီခန့်တွင် စစ်ကောင်စီ၏ တိုက်လေယာဉ် ၃စီးသည် မင်းတပ် တိုက်နယ်(၄)ရှိ နေရာ နှစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

လူထိခိုက်မှုရှိသည်ဟု ကြားသိရသော်လည်း ဖုန်းလိုင်းများ မရ၍ အသေးစိတ် အခြေအနေများ မသိရဟု မင်းတပ်ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ည လေကြောင်း တိုက်ခိုက်ရာတွင် ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးများ၊ ဗုံးအသေးများ အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု အသိပေးသည်။

စစ်ကောင်စီအနေဖြင့် စက်တင်ဘာအတွင်းက မင်းတပ်မြို့နှင့် မြို့နယ်အတွင်း နေရာများကို လေကြောင်း တိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း အောက်တိုဘာတွင် မင်းတပ်မြို့နယ်အတွင်း လေကြောင်း တိုက်ခိုက်မှုမရှိရာ ယမန်နေ့ညတွင် ပြန်လည် ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်သည်။

မင်းတပ် ချင်းဒေသကာကွယ်ရေးတပ်(CDF)၏ ထုတ်ပြန်ချက်အရ ဩဂုတ်နှင့် စက်တင်ဘာအတွင်း စစ်ကောင်စီက မင်းတပ်မြို့နယ်ကို လေကြောင်း တိုက်ခိုက်မှု ၄၄ကြိမ်ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ မင်းတပ်မြို့ပေါ်ရှိ ပြည်သူလူထု နေအိမ်များ မီးရှို့ဖျက်ဆီးခြင်းများကို စစ်ကောင်စီက အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။

ထို့အပြင် ယမန်နေ့ သီတင်းကျွတ်လပြည့်ညတွင် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နှင့် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့တို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။