Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမြို့ စစ်ကောင်စီလေကြောင်းထပ်မံတိုက်ခိုက်ရာ ကလေးနှစ်ဦးအပါအဝင် သုံးဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

စစ်ကောင်စီသည် မူဆယ်မြို့မှအပ ရှမ်းမြောက်ရှိမြို့အားလုံး လက်လွှတ်ဆုံးရှုံးပြီးနောက် ရှုံးမဲမဲကာ နေ့စဥ်လေကြောင်းတိုက်နေဟု TNLAပြော

နောင်ချိုမြို့အား စစ်ကောင်စီ ယနေ့နံနက် လေကြောင်းတိုက်ခိုက်ပြီးနောက် ပျက်စီးမှုများ။ ဓာတ်ပုံ - TNLA

ဒီးဒီ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို ယနေ့နံနက်တွင် စစ်ကောင်စီက လေကြောင်း ထပ်မံတိုက်ခိုက်ရာ ကလေးနှစ်ဦးအပါအဝင် သုံးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့(အောက်တိုဘာ ၁၉ရက်) နံနက် ၅နာရီကျော်တွင် စစ်ကောင်စီတပ်က ဂျက်လေယာဥ်ဖြင့် (၂)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်၍ ကလေးနှစ်ဦးအပါအဝင် သုံးဦးသေဆုံးပြီး သုံးဦးဒဏ်ရာကာ နေအိမ် ၁၇လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ထားသည်။

နောင်ချိုမြို့ တောင်ရပ်ကွက်အတွင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဆိုပါရပ်ကွက်ရှိ ဦးကျော်၏ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ရာ ဦးကျော်နှင့် ၎င်း၏သမီးနှစ်ဦးတို့ သေဆုံးခဲ့သည်ဟု TNLAက အသိပေးသည်။

Public Service Announcement

Public Service Announcement

ထိုနောက် ၅နာရီ ၂၅မိနစ်တွင် နောက်တစ်ကြိမ်ထပ်မံလာရောက်ဗုံးကြဲတိုက်ခဲ့ပြီး ဦးပြား၏ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲကာ ဦးပြားနှင့် ၎င်း၏ဇနီးအပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည်ဟု ဆိုသည်။

” နောင်ချိုက မနေ့ညနေကတည်းက ဖုန်းလိုင်းတွေပြတ်သွားတာ။ ဒီမနက်မှာ တောင်ရပ်နဲ့ ဘူတာရပ်မှာ နှစ်ကြိမ်အကြဲခံရတာ”ဟု နောင်ချိုမြို့ဒေသခံက ပြောသည်။

ထို့အပြင် သီတင်းကျွတ်လပြည့်ညကလည်း စစ်ကောင်စီက နောင်ချိုမြို့အား လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတပ်သည် မူဆယ်မြို့မှအပ ရှမ်းမြောက်ရှိမြို့များအားလုံး လက်လွှတ်ဆုံးရှုံးပြီးနောက် ရှုံးမဲမဲကာ စစ်ရေးပစ်မှတ်မဟုတ်သော်လည်း ဒေသခံပြည်သူလူထုများ၏ အသက်အိုးအိမ်များပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ နေ့စဥ်လာရောက်ဗုံးကြဲတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေသည်ဟု TNLAက ထုတ်ပြန်သည်။

စစ်ကောင်စီသည် ယမန်နေ့ည ၁နာရီကျော်တွင် လိုင်ဇာအနီးလမိုင်ယာန်ကျေးရွာကို စစ်ကောင်စီ ဗုံးကြဲခဲ့ပြီးနောက် ၁နာရီ ၅၅မိနစ်ဝန်းကျင်တွင် လောက်ကိုင်မြို့ကိုလည်း လေကြောင်း တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။