Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုနှင့် ​နမ့်ဆန်မြို့နယ်တို့တွင် စစ်ကောင်စီက ထပ်မံဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုနှင့် ​နမ့်ဆန်မြို့နယ်တို့တွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူတစ်ဦးဒဏ်ရာရရှိပြီး နေအိမ်အချို့နှင့် ဘုန်းကြီးကျောင်းပျက်စီးခဲ့ရသည်ဟု တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်သည်။

နောင်ချိုနှင့် ​နမ့်ဆန်မြို့နယ်တို့တွင် စစ်ကောင်စီက ထပ်မံဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - TNLA

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုနှင့် ​နမ့်ဆန်မြို့နယ်တို့တွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူတစ်ဦးဒဏ်ရာရရှိပြီး နေအိမ်အချို့နှင့် ဘုန်းကြီးကျောင်းပျက်စီးခဲ့ရသည်ဟု တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်သည်။

စစ်ကောင်စီသည် ဂျက်ဖိုက်တာဖြင့် ပေါင် (၃၀၀)ဗုံး နှစ်လုံးအပါအဝင် ဗုံး(၈)လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု TNLAက အသိပေးသည်။

ယမန်နေ့ည ၁နာရီကျော်အချိန် နောင်ချိုမြို့ သပြေရပ်ကွက်တွင် ပေါင် (၃၀၀)ဗုံး နှစ်လုံးနှင့် ဗုံး(၆)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ဦးဂိုကာနတ်၏နေအိမ်နှင့် ပါဟတ်ရပ်ကွက်ရှိ ဆိုင်ခန်းအချို့ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLAက အသိပေးသည်။

Public Service Announcement

Public Service Announcement

ထိုအပြင် ယနေ့နံနက် ၈နာရီခွဲအချိန်တွင် နမ်ဆန်မြို့နယ်၊ ကျောက်ဖြူလေးကျေးရွာအား စစ်ရေးလှုပ်ရှားမှုတစ်စုံတရာမရှိဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဘုန်းတော်ကြီးကျောင်းအတွင်းကျရောက်ပေါက်ကွဲကာ ကျောင်းဆောင်အချို ထိခိုက်ပျက်စီးခဲ့သည်ဟု TNLAက ထပ်မံအသိပေးသည်။

အောက်တိုဘာ ၁၉ရက်ကလည်း နောင်ချိုမြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ နံနက်ပိုင်းဗုံးကြဲတိုက်ခိုက်ခံရမှုတွင် ကလေးငယ်အပါအဝင် သားအဖ ၃ဦးသေဆုံးကာ ၃ဦးဒဏ်ရာရရှိခဲ့ပြီး နေ့လည်ပိုင်းဗုံးကြဲတိုက်ခိုက်ခံရမှုတွင် အရပ်သား ၃ဦးဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။