Connect with us

Hi, what are you looking for?

သတင်း

သံတွဲမြို့‌ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ရခိုင်ပြည်နယ် သံတွဲမြို့ပေါ်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးနှင့် စစ်မှူးထမ်းဟောင်းရုံးနေရာကို အောက်တိုဘာ ၂၄ရက်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားအချို့ထိခိုက်သေဆုံးမှုရှိသည်ဟု သတင်းရရှိသည်။

သံတွဲမြို့ကို စစ်ကောင်စီဗုံးကြဲခံရပြီး နောက် အပျက်အစီးများအား စက်တင်ဘာ ၂၆ရက်ကတွေ့ရစဥ် ။ဓာတ်ပုံ - AA

ရေအေး/People’s Spring

ရခိုင်ပြည်နယ် သံတွဲမြို့ပေါ်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးနှင့် စစ်မှူးထမ်းဟောင်းရုံးနေရာကို အောက်တိုဘာ ၂၄ရက်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားအချို့ထိခိုက်သေဆုံးမှုရှိသည်ဟု သတင်းရရှိသည်။

သံတွဲမြို့ အံတော်ရပ်ကွက်ရှိ အဆိုပါ နေရာနှစ် ခုကို ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခြင်းဖြစ်ပြီး မြို့တွင်းနောက်တစ်နေရာကိုလည်း ဗုံးတစ်လုံးကြဲချခဲ့သည်ဟု မြို့ခံသတင်းမြစ်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဖုန်းလိုင်းဆက်သွယ်ရေးအခက်အခဲကြောင့် အရပ်သားထိခိုက်သေဆုံးမှုနှင့် နေအိမ် အဆောက်အအုံပျက်စီးမှုအခြေအနေများကို မသိရှိရသေးပေ။

သံတွဲမြို့ကို ပြီးခဲ့သည့် ဧပြီတွင် အာရက္ခတပ်တော်(AA)က တိုက်ခိုက်ပြီးနောက် ဇူလိုင်တွင် စစ်ကောင်စီစခန်းများအားလုံး သိမ်းယူခဲ့သည်။

နောက်ဆုံးကျန်ရှိနေသည့် မောင်ရွှေလေးရေတပ်စခန်းကို စက်တင်ဘာ ၅ရက် ညနေတွင် အပြီးသတ်သိမ်းနိုင်ခဲ့ကြောင်း AAက စက်တင်ဘာ ၆ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီ၏လေကြောင်းရန်ကြောင့် ဒေသခံများပြန်လည်နေထိုင်ခြင်းမရှိသေးဘဲ ယာယီ စစ်ဘေးရှောင်စခန်းများ၌ နေထိုင်ကြသည်။

စက်တင်ဘာ၂၆ ရက်နံနက်ကလည်း စစ်ဘေးရှောင်များ ခိုလှုံနေသည့်သံတွဲမြို့နယ်ခန်းမနှင့်သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးကို ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲချရာ စစ်ဘေးရှောင် ၁၃ ဦး သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့သည်။

AAသည် ရခိုင်ပြည်နယ်မှ စစ်ကောင်စီစခန်းများကို ဆက်လက်တိုက်ခိုက်နေပြီး စစ်ရှုံးစစ်ကောင်စီသည် အရပ်သားများကိုပစ်မှတ်ထားတိုက်ခိုက် နေသည်ဟု AAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

Facebook