Connect with us

Hi, what are you looking for?

သတင်း

၁၀၂၇ စစ်ဆင်ရေး (၁)နှစ်အတွင်း စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ပြည်သူ ၃၄၀ဦး သေဆုံး၊ ၆၇၀ကျော် ဒဏ်ရာရ

၁၀၂၇စစ်ဆင်ရေး (၁)နှစ်အတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်များတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများစွာကို စစ်ကောင်စီက ကျူးလွန်ခဲ့ရာ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပြည်သူ ၃၄၀ ဦးသေဆုံးကာ ၆၇၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုကွန်ယက်(HRAN)​၏ အဆိုပါစစ်ဆင်ရေးအနှစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီက လားရှိုးမြို့အား လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ - လားရှိုးမြို့ပြန်လည်ထူထောင်ရေး

ထားမြတ်/People’s Spring

၁၀၂၇ စစ်ဆင်ရေး (၁)နှစ်အတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်များတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများစွာကို စစ်ကောင်စီက ကျူးလွန်ခဲ့ရာ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပြည်သူ ၃၄၀ ဦးသေဆုံးကာ ၆၇၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုကွန်ယက်(HRAN)​၏ အဆိုပါစစ်ဆင်ရေးအနှစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရှမ်းမြောက်ဒေသ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေများကို အဓိက စောင့်ကြည့်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေများအား ဖော်ပြထားသည့် အစီရင်ခံစာကို ၁၀၂၇ စစ်ဆင်ရေး (၁)နှစ်ပြည့် အောက်တိုဘာ ၂၇ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ ကျမတို့ အခုထုတ်ပြန်ထားတဲ့ ထိခိုက်မှုစာရင်း သေဆုံးမှု စာရင်းတွေ ကျတော့ လက်လှမ်းမီပြီးမှ ကောက်ခံထားတဲ့ စာရင်းတွေဖြစ်တယ်။ ဥပမာ လားရှိုး၊ နောင်ချို၊ ကျောက်မဲ ၊ သီပေါတို့ ဒီ ဒုတိယ စစ်ဆင်ရေးဖြစ်ပွားတဲ့ မြို့နယ်တွေမှာဆိုရင် ကျမတို့ အချက်အလက်တွေ မကောက်ခံနိုင်သေးဘူး။ အဲဒီမှာဆိုရင် ထိခိုက်မှုစာရင်းတွေ သေဆုံးမှုစာရင်းတွေ အများကြီးရှိတယ်။ အဆောက်အဦး ပျက်စီးမှုတွေက အစပေါ့။ အချက်အလက်တွေ မရရှိသေးဘူး။ ဘာလို့မရာနိုင်သေးလဲဆိုတော့ ဖုန်းလိုင်း အင်တာနက်လိုင်းပြတ်တောက်ထားတဲ့ မြို့နယ်တွေဖြစ်တယ်”ဟု လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုကွန်ယက်(HRAN) ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် လူနေအိမ်များ၊ အများပိုင် အဆောက်အဦးများဖြစ်သော စာသင်ကျောင်း၊ သာသနာ့အဆောက်အုံ၊ ဈေး၊ ဆေးရုံ၊ ဆေးပေးခန်းများ

၁၉၀၅ကျော် ထိခိုက်ပျက်စီးခဲ့ပြီး မြေပြင်တွင် ယခုဖော်ပြသော ထိခိုက်သေဆုံးမှုများ၊ ပျက်စီးမှုများမှာ ဖော်ပြသည်ထက်ပိုမိုများပြားနိုင်ကြောင်း HRANက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ပြည်သူများထိခိုက်သေဆုံးခဲ့ရသည့်အပြင် စစ်ကောင်စီက ပစ်ခတ်ခြင်း မြေမြှုပ်မိုင်း အသုံးပြုခြင်း၊ စစ်လက်နက် အကြွင်းအကျန်ပစ္စည်းများ ပေါက်ကွဲခြင်း၊ မုဒိမ်းပြုကျင့်ခြင်း၊ ဒရုန်းဖြင့် ပစ်ခတ်ခြင်း စသည်တို့ကြောင့်လည်း သေဆုံးထိခိုက်ရှိခဲ့သည်ဟု အသိပေးထားသည်။

” အခုထိခိုက်သေဆုံးတဲ့ သူတွေ ဒဏ်ရာရတဲ့သူတွေကို ကျမတို့ လူသားချင်းစာနာထောက်ထားတဲ့ အနေနဲ့ မကူညီပေးနိုင်ဘူး။ အဲဒါကြောင့် သူတို့တွေက စားဝတ်နေရေး အရသော်လည်းကောင်း ဆေးကုသမှုအရသော်လည်းကောင်း ပိုပြီးမှ ခက်ခဲတယ်။ လမ်းကြောင်း သွားလာရေးပိတ်ဆို့မှုကြောင့် သူတို့ စားနပ်ရိက္ခာကို လက်လှမ်းမီနိုင်ဖို့ ဒါမှ မဟုတ်ရင် ဆေးဝါး ကုသဖို့အတွက်သွားလာလို့ မရဘူး ဆေးကုသလို့မရဘူး။ သူတို့တွေက အစက ဒဏ်ရာထိခိုက်တဲ့အနေအထားပဲရှိတယ်။ ဒါပေမဲ့ ကုသခွင့်မရတဲ့ အခါကျတော့ အသက်သေဆုံးသွားနိုင်တဲ့ အခြေအနေမျိုးတွေလည်းဖြစ်လာနိုင်တယ်” ဟု HRAN တာဝန်ရှိသူက ပြောသည်။

ထို့အပြင် ပြန်လည်ထူထောင်ရေး မလုပ်နိုင်၍ နေအိမ်ပျက်စီးမှုများ မထူထောင်နိုင်၍ နေထိုင်ရေး၊ စားဝတ်နေရေး၊ အကိုင်အကိုင်လိုအပ်ချက်များ ရှိနေသည်ဟု ၎င်းက ဆက်လက်ပြောသည်။

ကွင်းဆင်းကောက်ခံရရှိထားသည့် အချက်အလက်များသည် နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ သိန္နီ၊ ကွမ်းလုံ၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ လားရှိုး၊ မိုးကုတ်၊ မိုးမိတ်၊ နောင်ချို၊ သီပေါ၊ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်၊ မိုင်းလုံနှင့် မိုင်းငေါ့ မြို့စသည့် မြို့နယ်များမှ ဖြစ်ကြောင်း အသိပေးထားသည်။

စစ်ကောင်စီသည် တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ရှမ်းပြည်နယ် မြောက်ပိုင်း မြို့အများစုတွင် အရပ်ဘက်၊စစ်ဖက် အဆောက်အဦးများကို ခွဲခြားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို သိသိသာသာကျူးလွန်နေပြီး တော်လှန်ရေးအင်အားစုများ၏ အုပ်ချုပ်ရေး ယန္တယားများ မလည်ပတ်နိုင်ရေးနှင့် ပြည်သူလူထုများ မိမိနေရပ်တွင် မနေဝံ့အောင် ရည်ရွယ်ချက် ရှိရှိဖြင့် တိုက်ခိုက်နေသည်ကို မြေပြင်အခြေအနေကို ကြည့်ခြင်းအားဖြင့်တွေ့ ရှိရသည်ဟု ကွန်ရက်၏ အစီရင်ခံစာ၌ ဖော်ပြသည်။

ကောက်ခံစုစည်းထားသည့် အချက်အလက်များအရ မြို့နယ်(၁၄)မြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၀၈ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၁၈၃ဦးရှိပြီး လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက် အခြေအနေကို သီးခြားဖော်ပြထားသည်။

လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များတွင် အများနှင့်သက်ဆိုင်သည့် ဈေး၊ စာသင်ကျောင်းနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦးများကို ဦးတည်တိုက်ခိုက်နေသည်ကိုလည်း တွေ့ ရှိရကြောင်းလည်း ဖော်ပြသည်။

ထိုသို့ စစ်ကောင်စီ၏ကျူးလွန်မှုများကြောင့် နိုင်ငံတကာအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်သည့် အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များကို တွေ့ ဆုံဆွေးနွေးခြင်း၊ ဆက်သွယ်ဆောင်ရွက်ခြင်းများ မပြုလုပ်ရန် ကွန်ရက်က တောင်းဆိုထားသည်။

စစ်ကောင်စီ၏ ယန္တရားလည်ပတ်ရန် အထောက် အပံ့ဖြစ်စေသော စီးပွါးရေးနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို တားဆီး ပိတ်ဆို့ပေးရန်၊ အကြမ်းဖက်စစ်ကောင်စီမှ အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြီး လေကြောင်းအသုံးပြု တိုက်ခိုက်ခြင်းရပ်တန့်ရန် လေယာဉ်ဆီတင်သွင်းခြင်း၊ ရောင်းချခြင်းများ (လုံးဝ) မပြုလုပ်ရန်လည်း တောင်းဆိုတိုက်တွန်းထားသည်။

ထို့အပြင် စစ်ကောင်စီကို တော်လှန်နေသည့် တော်လှန်ရေး အင်အားစုများနှင့် ချိတ်ဆက်ဆောင်ရွက်ပြီး ကူညီထောက်ပံ့ပေးရန်နှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသော အကြမ်းဖက်စစ်ကောင်စီကို အပြစ်ပေးအရေးယူမှု လုပ်ဆောင်နိုင်ရန် ပြည်တွင်းရှိ လူ့အခွင့်အရေးအတွက် ဆောင်ရွက်နေသော အဖွဲ့အစည်းနှင့် ပူးပေါင်းရန် နိုင်ငံတကာအား တောင်းဆိုထားသည်။

အိမ်နီးချင်းနိုင်ငံများမှ စစ်ကောင်စီနှင့် နိုင်ငံရေးအရဖြစ်စေ စီးပွါးရေးအရဖြစ်စေ ပူးပေါင်းဆောင် ရွက်မှုများ မပြုလုပ်ရန်နှင့် ပြည်သူလူထုများကို လူသားချင်းစာနာ ထောက်ပံ့မှုများ ကူညီပေးရန်လည်း တောင်းဆိုထားသည်။

ထိခိုက်နစ်နာသူများအား ပြန်လည်ထူထောင်ရေးနှင့် လူသားချင်းစာနာထောက်ပံ့မှုများ လုပ်ဆောင် နိုင်ရန် အတွက် ဒေသအတွင်းရှိ CSO များကို တိုက်ရိုက်ချိတ်ဆက်ဆောင် ရွက်ပေးရန် တိုက်တွန်းထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် ရက္ခိုင့်တပ်တော်(AA)တို့က ၎င်းတို့၏ မဟာမိတ်အဖွဲ့အစည်းတို့ နှင့်အတူ “ ၁ဝ၂၇ စစ်ဆင်ရေး” ကို ဖော်ဆောင်ခဲရာ တစ်နှစ်အတွင်း စစ်ကောင်စီတပ်စခန်းများစွာ၊ မြို့ပေါင်းများစွာကို တော်လှန်ရေးတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။

လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုကွန်ယက်သည် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အခြေစိုက်သည့် အရပ်ဖက်လူမှုအဖွဲ့အစည်းများဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှု အချက်အလက်များ ကောက်ခံခြင်း၊ ပြည်သူလူထုများအတွက် လူ့အခွင့်အရေး ကာကွယ်ခြင်း၊ မြှင့်တင်ခြင်းနှင့် တရားမျှတမှု ရရှိရေးတို့ အစဉ်တစိုက် ပူးပေါင်းလုပ်ဆောင်သည့် ကွန်ယက်အဖွဲ့အစည်းဖြစ်သည်ဟု အသိပေးထားသည်။ ကွန်ရက်ကို ၂၀၂၀တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO)၊ တအာင်းကျောင်းသားလူငယ်အဖွဲ့၊ တအာင်း ဥပဒေအထောက်အကူပြု ဖောင်ဒေးရှင်း၊ ပေါင်းစည်းအားအင်စီကျူ၊ News Star Law Firm တို့ ပါဝင်သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီပ/People’s Spring ဆယ်စုနှစ်​ပေါင်းများစွာ နိုင်ငံ့ဘဏ္ဍာ​တွေကို စိတ်ကြိုက်သုံးပြီး ​ခေတ်မီတပ်မ​တော်ဆိုကာဟန်​ရေးတပြပြလုပ်ခဲ့တဲ့ စစ်တပ်ရဲ့ အ​ခြေအ​နေမှန်ကို မျက်နှာဖုံး ခွချလိုက်တဲ့ စစ်ဆင်​ရေးကြီးတစ်ခုရှိပါတယ် ။ စစ်တပ်က အမည်ကြားလိုက်တာရုံနဲ့ကြောက်ဒူးတုန်ခဲ့ကြတာပါ ။ ဘယ်​လောက်ထိ​ကြောက်ခဲ့ကြလဲဆိုရင်မျောက်သုံး​ကောင်ရုပ်ပုံ​တွေကို စစ်တပ်ရုံး​တွေ၊စခန်း​တွေမှာ ​ဇောက်ထိုးထား ယတြာ​ချေခဲ့ရတယ်အထိ စစ်အုပ်စု က​ယောင်ကတန်းဖြစ်ခဲ့တာပါ။ ၁၀၂၇စစ်ဆင်​ရေးလို့​ခေါ်ပါတယ် ။ ၁၀...

သတင်း

၁၀၂၇ စစ်ဆင်ရေးအတွင်း ဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီသုံ့ပန်းတွေအနက် ဗိုလ်မှူးအဆင့် သုံးဦးအပါအဝင် သုံ့ပန်း ၄၅ဦးကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က စစ်ကောင်စီထံ ပြန်လွှဲပေးလိုက်ပါတယ်။

Infographics

MNDAA ၊ TNLA ၊ AA တို့ရဲ့ ​မြောက်ပိုင်းညီ​နောင် မဟာမိတ် ၃ ဖွဲ့ နဲ့ မဟာမိတ်တပ်​တွေရဲ့ ၂၀၂၃ ​အောက်တိုဘာ၂၇ ရက်​နေ့မှာစတင်တဲ့ ၁၀၂၇ စစ်ဆင်​ရေးပထမပိုင်းမှာ ​တော်လှန်​ရေးတပ်​တွေက မြို့​ပေါင်း ၁၇ မြို့ သိမ်းပိုက်ခဲ့ပါတယ် ။ ဒါအပြင်...

သတင်း

ညီနောင်မဟာမိတ်သုံးဖွဲ့သည် အခက်အခဲ ဖိအားပေါင်းစုံကို နည်းလမ်းမျိုးစုံဖြင့် စုစည်းညီညွတ်စွာ အတူတကွဖြတ်ကျော်ပြီး ၁၀၂၇ စစ်ဆင်ရေးစီမံချက်လှိုင်းလုံးများနှင့်အတူ တော်လှန်ရေးအောင်ပွဲ ရောက်ရှိသည်အထိ ခိုင်မာသောညီနောင်မဟာမိတ်စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်ကြမည်ဟု ကိုးကန့်တပ်(MNDAA)နှင့် တအာင်းတပ်(TNLA)တို့က အာရက္ခတပ်တော်(AA)ထံပေးပို့သည့် သဝဏ်လွှာ၌ ဖော်ပြသည်။

Facebook