Connect with us

Hi, what are you looking for?

သတင်း

မြို့ခံများအိပ်ချိန် ကွတ်ခိုင်မြို့ကို စစ်ကောင်စီဗုံးကြဲ၊ လသားအရွယ်ကလေးအပါအဝင် သုံးဦးသေဆုံး

ည ၁၁ နာရီ ၄၇ မိနစ်အချိန်တွင်ကွတ်ခိုင်မြို့၊ အမှတ် ၃ ရပ်ကွက်နှင့် အမှတ် ၄ ရပ်ကွက်ကြား၊တရုတ်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဘေးရှိ လူနေအိမ်များပေါ်သို့ စစ် ကောင်စီက လေကြောင်းမှ ဗုံးကြဲခြင်းဟု မြို့ခံတစ်ဦးကပြောသည်။

(စစ်​ကောင်စီ ဗုံးကြဲ သတ်ဖြတ်မှု​ကြောင့်​သေဆုံးခဲ့​သော လသားက​လေးငယ် နှင့် အပျက်အစီးများ ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီ ဗုံးကြဲ သတ်ဖြတ်မှု​ကြောင့်​သေဆုံးခဲ့​သော လသားက​လေးငယ် နှင့် အပျက်အစီးများ ။ဓါတ်ပုံ-CJ)

ဟန်​နွေ၊အိမ်သွင်​/People’s Spring

ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက်ညက ဒေသခံများ အိပ်မောကျနေချိန်၌ ကွတ်ခိုင်မြို့၊ အမှတ် ၃ ရပ်ကွက်နှင့် အမှတ် ၄ ရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ လသားအရွယ်ကလေး နှင့် မိခင်ဖြစ်သူအပါအဝင် သုံးဦးသေဆုံးပြီး ဆယ်ဦးခန့် ဒဏ်ရာရခဲ့သည်။

ည ၁၁ နာရီ ၄၇ မိနစ်အချိန်တွင်ကွတ်ခိုင်မြို့၊ အမှတ် ၃ ရပ်ကွက်နှင့် အမှတ် ၄ ရပ်ကွက်ကြား၊တရုတ်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဘေးရှိ လူနေအိမ်များပေါ်သို့ စစ် ကောင်စီက လေကြောင်းမှ ဗုံးကြဲခြင်းဟု မြို့ခံတစ်ဦးကပြောသည်။

“နှစ်လသားအရွယ်ကလေးရယ်၊ မိခင်ဖြစ်သူရယ် နောက်ပြီးတော့ သက်ကြရွယ်အိုတစ်ဦးရယ် သေဆုံးတာ။ လူနေအိမ်တွေပေါ် ချတာမို့ အထိအခိုက်အရမ်းများတယ်”ဟု မြို့ခံကပြောသည်။

Public Service Announcement

Public Service Announcement

(စစ်​ကောင်စီ ဗုံးကြဲ သတ်ဖြတ်မှု​ကြောင့်​သေဆုံးခဲ့​သော လသားက​လေးငယ် နှင့် အပျက်အစီးများ ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီ ဗုံးကြဲ သတ်ဖြတ်မှု​ကြောင့်​သေဆုံးခဲ့​သော လသားက​လေးငယ် နှင့် အပျက်အစီးများ ။ဓါတ်ပုံ-CJ)

အခြား​ဒေသခံတဦးက မူ “လောလောဆယ် အလောင်း ၂လောင်းတော့ တွေ့ထားပြီလို့ပြောတယ်။ ထိခိုက်ဒဏ်ရာရတာလူဦးရေစာရင်းတော့အတိအကျတော့ မသိသေးဘူး။ “ ဟု​ပြောသည်။ ဒဏ်ရာရသူ ၅ဦးထက်မနည်းရှိသည်ဟု သိရကြောင်း ၎င်းကဆိုသည်။

ကွတ်ခိုင်မြို့ကို နိုဝင်ဘာလ ၁ရက်ကလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံတစ်ဦး သေဆုံးခဲ့သည်။

ကွတ်ခိုင်မြို့သည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မ‌တော်(TNLA) ထိန်းချုပ်ထားသည့် မြို့ဖြစ်သည်။TNLA သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း နောင်ချို၊သီပေါ၊ ကျောက်မဲ၊ နမ့်ဆန်၊ မိုင်းလုံ၊ မိုးမိတ်၊ မိုးကုတ်၊ မန်တုံ၊နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်းနှင့် မိုင်း ငေါ့မြို့တို့ကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားသည်။

စစ်ကောင်စီတပ်သည် TNLA အပါအဝင်​တော်လှန်​ရေးတပ်များ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ရွာများကို လေကြောင်း ဗုံးကြဲသတ်ဖြတ်မှုများတိုးလုပ်​နေသည်။ နိုဝင်ဘာ ၁၁ရက် မိုးကုတ် လေကြောင်း တိုက်ခိုက်ခံရမှုတွင် ပြည်သူ ၉ဦးသေဆုံးကာ ၁၃ဦး ဒဏ်ရာရခဲ့သည်။နိုဝင်ဘာ ၁၂ရက် နောင်ချို လေကြောင်း တိုက်ခိုက်ခံရမှုတွင် ပြည်သူ ၁၁ဦးသေဆုံးကာ ၁၁ဦး ဒဏ်ရာရရှိခဲ့သည်။ နိုဝင်ဘာ ၁၇ရက်ကလည်း မိုင်းငေါ့မြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၅ဦး ဒဏ်ရာရခဲ့သည်။

(စစ်​ကောင်စီ ဗုံးကြဲ သတ်ဖြတ်မှု​ကြောင့်​သေဆုံးခဲ့​သော လသားက​လေးငယ် နှင့် အပျက်အစီးများ ။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီ ဗုံးကြဲ သတ်ဖြတ်မှု​ကြောင့်​သေဆုံးခဲ့​သော လသားက​လေးငယ် နှင့် အပျက်အစီးများ ။ဓါတ်ပုံ-CJ)

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် တရုတ်ခရီးစဉ်မှ အပြန်တွင် စစ်ကောင်စီတပ်က ပြည်သူကို ပစ်မှတ်ထားသည့် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများပိုလုပ်နေခြင်းလည်းဖြစ်သည်။

တန်​ဆောင်မုန်းလပြည့် (နိုဝင်ဘာ၁၅)ရက်ညတွင်လည်း ကချင်ပြည်နယ် မိုး​မောက်မြို့နယ်၊ ကုန်း​လောရွာရှိ KBC ဘုရား​ကျောင်းကိုစစ်​​ကောင်စီက ဗုံးကြဲသဖြင့် စစ်​ဘေးတိမ်း​ရှောင်​နေကြ​သော က​လေးငယ်အများစုအပါအဝင် ၉ ဦး​သေဆုံးပြီး၂၀ ​ကျော် ဒဏ်ရာရခဲ့သည်။

“စစ်ကောင်စီကတော့နေ့စဉ်ဆိုသလိုပါပဲနိုင်ငံတကာစစ်ရာဇဝတ်မှုကိုပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာကျနော်တို့ တွေ့နေရပါတယ်။ရှေ့ဆက်ပြီးတော့ တောက်လျှောက်လည်း စစ်ကောင်စီက ဒီထက်ပိုမိုဆိုးရွားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာနိုင်ခြေရှိပါတယ်”ဟု စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က ပြောသည်။

စစ်ကောင်စီကပြည်သူကို ဦးတည်ပြီးဗုံးကြဲတိုက်ခိုက်မှုများကြောင့် ပြည်သူများ အနေဖြင့် လေကြောင်း တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် ၊ စစ်ရေးသတိရှိရန် နှင့်လူစုလူဝေး မပြုလုပ်ရန် TNLAက ထပ်လောင်းသတိပေးထားပြီး လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေး ထုတ်ပြန်ချက်များအား လိုက်နာရန် နှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။