Connect with us

Hi, what are you looking for?

သတင်း

ကွတ်ခိုင်မြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက် တစ်ဦးဒဏ်ရာရ

ဗုံးကြဲချတိုက်ခိုက်မှုကြောင့် တစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အနီးရှိ ကျွဲ(၁)ကောင်နှင့် ဌာနဆိုင်ရာအဆောက်အဦးတစ်ချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြသည်။

(ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ယနေ့ (နိုဝင်ဘာ ၁ရက်) နံနက်တွင် တိုက်လေယာဉ်မှ ဗုံး ၈လုံးကြဲချတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ယနေ့ (နိုဝင်ဘာ ၁ရက်) နံနက်တွင် တိုက်လေယာဉ်မှ ဗုံး ၈လုံးကြဲချတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)

ထားမြတ်/People’s Spring

တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားသည့် ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ယနေ့ (နိုဝင်ဘာ ၁ရက်) နံနက်တွင် တိုက်လေယာဉ်မှ ဗုံး ၈လုံးကြဲချတိုက်ခိုက်ခဲ့ရာ တစ်ဦးဒဏ်ရာရရှိကြောင်း TNLAက ထုတ်ပြန်သည်။

ကွတ်ခိုင်မြို့နယ်၊ ရပ်ကွက်(၂)ကို စစ်ကောင်စီက ဂျက်ဖိုက်တာ (၂)စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အကောက်ခွန်ဌာနရုံး၊ မီးသတ်ဌာနရုံး၊ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း၊ EPC ရုံး၊ အေရှာဝေါလ်တိုးဂိတ်အနီးနှင့် ယူကလစ်တောအနီးတို့တွင် ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

(ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ယနေ့ (နိုဝင်ဘာ ၁ရက်) နံနက်တွင် တိုက်လေယာဉ်မှ ဗုံး ၈လုံးကြဲချတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ယနေ့ (နိုဝင်ဘာ ၁ရက်) နံနက်တွင် တိုက်လေယာဉ်မှ ဗုံး ၈လုံးကြဲချတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – TNLA)

ဗုံးကြဲချတိုက်ခိုက်မှုကြောင့် တစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အနီးရှိ ကျွဲ(၁)ကောင်နှင့် ဌာနဆိုင်ရာအဆောက်အဦးတစ်ချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဒေသခံအချို့က ပြောပြသည့် ကွတ်ခိုင်မြို့ ဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် အရပ်သားတစ်ဦး သေဆုံးကြောင်း ကနဦး သတင်းရရှိသော်လည်း TNLA၏ ထုတ်ပြန်ချက်တွင် အရပ်သားသေဆုံးမှုမရှိဘဲ တစ်ဦးသာဒဏ်ရာရသည်ဟု အသိပေးထားသည်။

(ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ယနေ့ (နိုဝင်ဘာ ၁ရက်) နံနက်တွင် တိုက်လေယာဉ်မှ ဗုံး ၈လုံးကြဲချတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ယနေ့ (နိုဝင်ဘာ ၁ရက်) နံနက်တွင် တိုက်လေယာဉ်မှ ဗုံး ၈လုံးကြဲချတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – TNLA)

လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း မပေါက်ကွဲသေးသည့် ဗုံးတစ်လုံး ကျန်ရှိခဲ့ရာ TNLA သက်ဆိုင်ရာတာဝန်ရှိသူများက ဖယ်ရှားရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ဩဂုတ် ၁၅ရက်ကလည်း ကွတ်ခိုင်မြို့ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မြို့မစျေးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ ၆ဦး သေဆုံးကာ ၁၀ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

(ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ယနေ့ (နိုဝင်ဘာ ၁ရက်) နံနက်တွင် တိုက်လေယာဉ်မှ ဗုံး ၈လုံးကြဲချတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ယနေ့ (နိုဝင်ဘာ ၁ရက်) နံနက်တွင် တိုက်လေယာဉ်မှ ဗုံး ၈လုံးကြဲချတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – TNLA)

အဆိုပါ တိုက်ခိုက်ခံရမှုတွင် မြို့မစျေးရှိ စျေးဆိုင်ခန်းပေါင်း ၄၀၀ကျော် မီးလောင်ပျက်စီးခဲ့ရသည်ဟု TNLAက ထုတ်ပြန်ထားသည်။

” ရှမ်းမြောက်မှာ စစ်ကောင်စီကတော့ TNLAနဲ့ MNDAA ဒီနှစ်ဖွဲ့ကို အဓိကဗဟိုပြုပြီး လေကြောင်းတွေ တိုက်ခိုက်လာနေတယ်”ဟု ရှမ်းမြောက်ဒေသ သတင်းရင်းမြစ်က စစ်ကောင်စီက TNLAနှင့် MNDAA ကိုးကန့်တပ် ထိန်းချုပ်ရာ မြို့ရွာများအား ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုအပေါ် ပြောသည်။

(ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ယနေ့ (နိုဝင်ဘာ ၁ရက်) နံနက်တွင် တိုက်လေယာဉ်မှ ဗုံး ၈လုံးကြဲချတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ယနေ့ (နိုဝင်ဘာ ၁ရက်) နံနက်တွင် တိုက်လေယာဉ်မှ ဗုံး ၈လုံးကြဲချတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – TNLA)

စစ်ကောင်စီသည် လားရှိုး၊ သိန္နီ၊ လောက်ကိုင်၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ့်ဆန်၊ နောင်ချိုစသည့် တိုင်းရင်းသား တပ်ဖွဲ့များ သိမ်းပိုက်ထားသည့် မြို့ရွာများကို မကြာမကြာ လေကြောင်း တိုက်ခိုက်ခဲ့၍ ပြည်သူ သေဆုံးထိခိုက်မှုများစွာ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

Facebook